Jobs In Myanmar
Load...

How to use time wisely အချိန်ကို ဘယ်လိုမျိုးအကျိုးရှိရှိအသုံးချနိုင်မလဲ? (Part – 2)

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: Knowledge-Time-Management-HR-JobsinYangon



အချိန်ကို ဘယ်လိုမျိုးအကျိုးရှိရှိအသုံးချနိုင်မလဲ? (Part – 2)

 

အချိန်ကိုဘယ်လိုမျိုးအကျိုးရှိရှိအသုံးချရမလဲ ဆိုတဲ့ အချက် (၃) ချက်ကို အပိုင်း (၁) တွင် ဖော်ပြခဲ့ပြီးဖြစ်ပါ တယ်။ 

ဒီနေ့တွင် ကျန်ရှိနေသော အချက် (၇) ချက်အနက်မှ အချက် (၄) ချက်ကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ 

 

ကြိုတင်စီစဉ်မှုများ ပြုလုပ်ပါ
အကယ်၍သင့်ရည်မှန်းချက်ပန်းတိုင်များဟာ သင့်အနေနဲ့သင့်လျော်တဲ့အချိန်စီမံခန့်ခွဲမှုရဲ့အကူအညီနဲ့ ရရှိရန်ကြိုး စားနေတဲ့နောက်ဆုံးရည်မှန်းချက်တစ်ခုဖြစ်ပါက ထိုအရာအားစတင်ပြုလုပ်ရန်အစီအစဉ်များချမှတ်ခြင်းက ပထမ အကျဆုံးအချက်ပဲဖြစ်ပါတယ်။ သင့်အနေနဲ့ ထိုကဲ့သို့အစီအစဉ်များချမှတ်မထားပါက လမ်းပျောက်သွားနိုင်ပြီး ကျရှုံးဖို့အခွင့်အလမ်းပိုများပါတယ်။ အစီအစဉ်များကြိုတင်ချမှတ်ထားခြင်းအားဖြင့် သင့်ရဲ့ရည်မှန်းချက်ပန်းတိုင် များကို နောက်တစ်ကြိမ်အကဲဖြတ်ဆန်းစစ်နိုင်မည်ဖြစ်ပြီး သင့်ရဲ့ရည်မှန်းချက်ပန်းတိုင်သို့ရောက်ရှိစေရန်အတွက် လုပ်ဆောင်ရမည့်ကိစ္စရပ်များနှင့် ပြုမူဆောင်ရွက်မှုများကိုစာရင်းပြုလုပ်ထားပါ၊ ထို့နောက်သင့်ကို စိတ်အာရုံ စုစည်းမှုပျက်ပြားစေမည့်အရာများကိုလည်းတစ်ခါတည်းစွန့်လွှတ်ပစ်လိုက်ပါ။ 

သင့်ရဲ့ရွေးချယ်မှုများအား ပြန်လည်မေးခွန်းထုတ်ပါ
ဒီတော့ သင့်ရဲ့ရည်မှန်းချက်ပန်းတိုင်တွေကိုရောက်အောင်သွားနိုင်မယ့်လမ်းကြောင်းပေါ်မှာ ဆုံးဖြတ်ချက်အချို့ ကို သင်ပြုလုပ်ခဲ့ပြီးပြီဖြစ်ပါတယ်။ ဒါပေမယ့် ဒီအရာတွေဟာ မှန်ကန်တဲ့ရွေးချယ်မှုတွေဖြစ်တယ်ဆိုတဲ့အကြောင်း သင့်အနေနဲ့ အမြဲတမ်းသေချာမှုရှိပါရဲ့လား? အဆုံးတွင်တော့ မှားယွင်းသောဆုံးဖြတ်ချက်တွေဟာ သင့်ရဲ့ရည်မှန်း ချက်ပန်းတိုင်များနှင့်ဝေးကွာစေပြီး သင့်ရဲ့တန်ဖိုးရှိလှတဲ့အချိန်များကိုကုန်ဆုံးစေပါတယ်။ “ဒီဆုံးဖြတ်ချက်ဟာ ငါ့ရဲ့ရည်မှန်းချက်ပန်းတိုင်နဲ့ ကိုက်ညီမှုရှိပါရဲ့လား?”၊ “ဒီရွေးချယ်မှုကြောင့် ရရှိလာမယ့်အကျိုးရလာဒ်တွေက စွန့်စားရတာတန်ရဲ့လား?”၊ “ငါ့ရဲ့ရွေးချယ်မှုအပေါ် ငါဘယ်လောက်ရင်းနှီးမြှုပ်နှံနိုင်မလဲ?” စသည်ဖြင့် သင့်ကိုယ် သင် ရိုးရိုးရှင်းရှင်းလေးမေးခွန်းထုတ်ကြည့်လိုက်ပါ။ သင့်အနေနဲ့ထိုအဖြေများကိုမကြိုက်ပါက သင်ယခင်ဆုံးဖြတ် ထားသည့်အရာအား ဆက်လက်လုပ်ဆောင်ခြင်းမပြုလုပ်ပါနဲ့။ ထိုအခါ နောက်တစ်ချိန်တွင်သင့်အမှားများကို ပြန်လည်ဖာထေးနေရမည့်အချိန်များအားချွေတာနိုင်ပါလိမ့်မယ်။

အရေးကြီးသည်များကို ဦးစားပေးကာ အစီအစဉ်တကျလုပ်ဆောင်ပါ
သင့်အနေနဲ့ သင်လုပ်ဆောင်စရာရှိသော ကိစ္စရပ်များအပေါ်တွင်အာရုံစိုက်ကာ အရေးကြီးသည်များကို ဦးစားပေး လုပ်ဆောင်မှုမပြုနေသရွေ့ ဘယ်ကိစ္စရပ်တွေဟာ သင့်ရဲ့ရည်မှန်းချက်ပန်းတိုင်ကိုရောက်ရှိစေဖို့အတွက် အလျှင် အမြန်လုပ်ဆောင်ရန်လိုအပ်နေပြီး အရေးကြီးနေသည်ကို သင့်အနေနဲ့ဘယ်လိုမှသိနိုင်မှာမဟုတ်ပါဘူး။ ဦးစားပေး လုပ်ဆောင်ရန်နည်းလမ်းများစွာရှိနေပါသည်။ ဒါကြောင့်သင့်အနေနဲ့ ရွေးချယ်နိုင်ပါတယ်။ The Eisenhower Matrix သည် သင့်ကိုအရေးကြီးသောကိစ္စရပ်များမှ အလျှင်လိုနေသော (သို့သော် အရေးမကြီးတဲ့) ကိစ္စရပ်များကို ခွဲခြားသိရှိနိုင်စေရန်အတွက်ဖြေရှင်းပေးနိုင်သောဖြေရှင်းနည်းတစ်ခုဖြစ်ပါတယ်။ သင့်ရဲ့တစ်နေ့တာတွင်အဆိုးဆုံး (သို့မဟုတ်) အခက်ခဲဆုံး မဖြစ်မနေလုပ်ကိုလုပ်ဆောင်ရမည့်အရာများကိုစတင်လုပ်ဆောင်ပြီးသင့်ရဲ့စိတ်ဓါတ်ခွန် အားကိုမြှင့်တင်ခြင်းဟာလည်း အခြားသောဖြေရှင်းနည်းတစ်ခုဖြစ်ပါတယ်။ 

အာရုံစူးစိုက်မှု
သင့်အနေနဲ့ အရေးကြီးသည့်အရာများအားဦးစားပေးကာ အစီအစဉ်များချမှတ်ပြီးပြီဆိုပါက နောက်တစ်ဆင့်အနေ ဖြင့် အရေးပါသောအချက်မှာ သင့်ရဲ့ အရေးကြီးသောအရာများကို အာရုံစူးစိုက်ကာလုပ်ဆောင်ဖို့ပဲဖြစ်ပါတယ်။ သင့်ရဲ့စိတ်ဟာ အခြားသောအရေးသိပ်မကြီးတဲ့ ကိစ္စရပ်များဆီသို့ လွင့်ပါးနေမည်ဆိုပါလျှင် သင်စတင်ခဲ့သောကိစ္စ အား ပြီးဆုံးဆောင်ဆောင်ရွက်နိုင်ဖို့အတွက် ခက်ခဲမှုရှိပါလိမ့်မည်။ 

အလုပ်ခွင်အတွင်းတွင် သင့်ရဲ့ web browser ပေါ်၌ သင်လက်ရှိအလုပ်လုပ်နေသောကိစ္စရပ်မှလွဲ၍ အခြားသော အရာများကိုပိတ်ထားပါ။ သင့်ရဲ့ဖုန်းကိုလဲပိတ်ထားပြီး အလုပ်အပေါ်တွင်သာ အာရုံစူးစိုက်ပြီးလုပ်ဆောင်ပါ။ သို့မ ဟုတ် သင့်ရဲ့လက်ရှိဦးစားပေးအရာများအရ သင့်ရဲ့ Laptop အားပိတ်ထားပြီး သင်ချစ်ရသောသူတို့အပေါ်တွင်သာ အာရုံစိုက်ပါ။ ထိုသို့တစ်ချိန်တွင် အရာတစ်ခုကိုသာအပြည့်အဝပြုလုပ်ခြင်းဖြင့် သင့်ရဲ့အချိန်အား ကောင်းမွန်စွာ အသုံးချခဲ့သည်ဟု သင့်အနေနဲ့ပြောကြားနိုင်မှာဖြစ်ပါတယ်။ 

အပိုင်း (၃) တွင်ကျန်ရှိနေသေးသည့်အချက် (၃) ချက်ကိုနောက်ရက်များတွင်ဖော်ပြပေးသွားမှာဖြစ်လို့ စောင့်မျှော် ဖတ်ရှုပေးကြပါဦးခင်ဗျာ။ 

 

ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


World Trading Co.,Ltd

World Trading Co.,Ltd

..Exporters Importers and Distributors We Import Laboratory Chemicals, Perfume Body Spray,European & Turkish Premium Food Products Yonca Sunflower Oil, Rio Santo Sauce Sole Distributor in Myanmar. ...
Show the postings (3)
Imedia International (Myanmar) Co., Ltd.

Imedia International (Myanmar) Co., Ltd.

Tharaphu Soe Myint Company Limited

Tharaphu Soe Myint Company Limited

Under the leadership of the proprietor U Soe Myint and the assistance of the expertise knowledge of the technicians, the company works for the welfare of the local farmers and peasants.The aim of the ...
Show the postings (5)
Definity Group of Co.,Ltd

Definity Group of Co.,Ltd

Phee Int'l Shipping Myanmar Ltd

Phee Int'l Shipping Myanmar Ltd

MISSION: To provide all our customers an integrated one-stop platform to simplify their logistics management and carter to their total cargo and lifestyle logistics needs. VISION: To be the P...
Show the postings (8)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS