Tags: Knowledge-Time-Management-HR-JobsinYangon
အချိန်ကို ဘယ်လိုမျိုးအကျိုးရှိရှိအသုံးချနိုင်မလဲ? (Part – 3)
အချိန်ကိုဘယ်လိုမျိုးအကျိုးရှိရှိအသုံးချရမလဲ ဆိုတဲ့ အချက် (၇) ချက်ကို အပိုင်း (၁) နှင့် (၂) တွင် ဖော်ပြခဲ့ပြီးဖြစ် ပါတယ်။
ဒီနေ့တွင် ကျန်ရှိနေသော အချက် (၃) ချက်ကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
စိတ်ဖိစီးမှုများအားရင်ဆိုင်ပါ
သင့်ကိုဘယ်ကိုမှမရောက်စေဖို့ရာအတွက် စိတ်ဖိစီးမှုများဟာ အဓိကနေရာမှပါဝင်နေပါတယ်။ သင့်အနေနဲ့ အမြဲ တမ်း ပူပင်သောကရောက်နေနေ၊ မရောက်နေနေ သင်လုပ်နိုင်တာဘာမှမရှိတော့တဲ့အတွက် အဆုံးမှာတော့ ရလာဒ်ဟာ အတူတူပဲဖြစ်လာမှာဖြစ်ပါတယ်။ ထိုအရာများကိုသင့်အနေနဲ့ ကောင်းမွန်စွာရင်ဆိုင်နိုင်မှုမရှိပါက သင့် အနေနဲ့ ကျန်းမာရေးပြဿနာများနှင့်ကြုံတွေ့ရမှာဖြစ်ပြီး အလုပ်အလွန်အမင်းပင်ပန်းခြင်းတို့ကိုပါကြုံတွေ့ရနိုင် ပါသည်။
ဖိအားများကိုရင်ဆိုင်ခြင်းတွင် ဘာတွေပါဝင်နေပါသလဲ? သင့်ရဲ့ပြဿနာတွေအားဖြေရှင်းနေသောအချိန်မဟုတ်ပါ က ရိုးရှင်းစွာပင်ထိုအရာများကို သင့်ခေါင်းထဲမှထုတ်ထားနိုင်ပါတယ်။ သင့်ရဲ့ မိသားစုများ၊ သူငယ်ချင်းများနှင့် အချိန်ဖြုန်းပါ၊ ဝါသနာအသစ်များကိုစမ်းသပ်ပြုလုပ်ပါ၊ ရယ်မောပါ၊ နောက်ပြီး စိတ်ကျေနပ်ပျော်ရွှင်မှုရရှိအောင် ကြိုးစားလုပ်ဆောင်ပါ။
အချိန်စီမံခန့်ခွဲခြင်းနှင့်စိတ်ဖိစီးမှုများအားရင်ဆိုင်ခြင်းတို့မှာ တစ်ခုနှင့်တစ်ခုဆက်စပ်နေပါသည်။ သင့်ရဲ့အချိန်များ အပေါ်တွင်အပြည့်အဝထိန်းချုပ်နိုင်ပါက သင့်ရဲ့စိတ်ဖိစီးမှုများလျော့နည်းသွားပါလိမ့်မည်။ နောက်ပြီး ထိုကဲ့သို့ စိတ်ဖိစီးမှုများလျော့နည်းသွားခြင်းက သင့်အားပိုမိုကျန်းမာလာစေပြီး ပိုမို၍သက်တောင့်သက်သာရှိစေမည့် ဘဝ အားရရှိပိုင်ဆိုင်စေပါလိမ့်မည်။ သင့်ရဲ့ပြဿနာများကိုဖြေရှင်းရာတွင် သင့်အနေနဲ့ ပိုမို၍မြန်မြန်ဆန်ဆန် စွမ်းဆောင်နိုင်လာသည်ကို ခံစားရနိုင်မှာဖြစ်ပြီး ထိုသို့ပြုလုပ်ခြင်းဖြင့်အချိန်များကိုပိုမိုချွေတာနိုင်မည်ဖြစ်ပါသည်။
ပြဿနာများနှင့် စိန်ခေါ်မှုများကိုရင်ဆိုင်လိုက်ပါ
သင့်နဲ့ သင့်ရည်မှန်းချက်ပန်းတိုင်များ၏ကြားတွင် ပြဿနာများနှင့် စိန်ခေါ်မှုများကရှိနေမည်ဖြစ်ပါသည်။ သင့် အနေနဲ့ ထိုအရာများကိုမကျော်ဖြတ်နိုင်သရွေ့ ရှေ့သို့ရောက်မှာမဟုတ်ပါဘူး။ နောက်ပြီး ထိုအရာများကိုရင်ဆိုင် ခြင်းမပြုလုပ်ပဲ ရှောင်ကွင်းသွားပါက အခြားတစ်နေရာတွင် သင့်အားချော်ကျအောင်ပြုလုပ်လိမ့်မည်ဖြစ်ပါသည်။ ပြဿနာတိုင်းတွင် အဖြေများရှိကြပါတယ်။ သင့်ပြဿနာများအတွက်ဖြေရှင်းမှုများအားရှာဖွေရာတွင်အသေးစိတ် ရှာဖွေရမည်ဖြစ်ပါသည်။ အဆိုပါပြဿနာများအား ထောင့်ပေါင်းစုံမှအကဲဖြတ်ပြီး သင့်ရဲ့မိသားစုများ၊ သူငယ်ချင်း မိတ်ဆွေများထံမှ အကူအညီတောင်းကာ သင့်ရဲ့ပြဿနာများကို မြန်နိုင်သမျှ မြန်မြန်ဖြေရှင်းလိုက်ပါ။
ပူးပေါင်းလုပ်ဆောင်ခြင်းနှင့် ပြောဆိုဆက်သွယ်မှုရှိပါ
သင်တစ်ယောက်တည်းလုပ်ကိုင်သည့်အခါတွင် သင့်အနေနဲ့ပိုမို၍စီမံဆုံးဖြတ်နိုင်သော်လည်း အမြဲတမ်းတော့ သင်တစ်ယောက်တည်းလုပ်နိုင်မှာမဟုတ်သလို တစ်ယောက်တည်းလည်းမလုပ်သင့်ပါဘူး။ မိမိနှင့်တန်းတူရည်တူ လူများနှင့် မိမိ၏လုပ်ဖော်ကိုင်ဖက်များနှင့်အတူ ပြောဆိုဆက်သွယ်မှုရှိပြီးပူးပေါင်းလုပ်ဆောင်ခြင်းက အချိန်တို အတွင်းအလုပ်ပိုမိုပြီးမြောက်စေနိုင်ပါတယ်။ အဘယ်ကြောင့်ဆိုသော် သင့်နှင့်အတူလူအများမှပူးပေါင်းပါဝင်ကာ လုပ်ဆောင်နေကြသောကြောင့်ဖြစ်ပါတယ်။ သင့်ရဲ့သူငယ်ချင်းများနဲ့ မိသားစုများဟာလည်း ထို့နည်းလည်း ကောင်းပါပဲ။ သင်အလေးထားသောသူများကို သင့်အား တိုက်ရိုက်ဒါမှမဟုတ် သူတို့ရဲ့အကြံအစည်များ သင်ကြားပြသမှုများနဲ့ ကူညီခွင့်ပေးခြင်းအားဖြင့် သင်တို့ရဲ့ဘဝမှအချိန်များစွာကိုချွေတာနိုင်မှာဖြစ်ပါတယ်။ ပွင့်လင်းမှုရှိပါ၊ ရိုးရှင်းသောစကားလုံးများကိုအသုံးပြုပါ၊ နောက်ပြီးတစ်ချို့အရာတွေက သင့်အတွက်ဘာလို့ အရေးကြီးတယ်ဆိုတာကို (သူတို့အနေနဲ့ ရုတ်တစ်ရက် နားမလည်နိုင်သေးရင်တောင်မှ) သေချာစွာနားလည်လာ အောင်ပြောဆိုပါ။ တစ်ခါတစ်ရံမှာ သင့်အနေနဲ့ကောင်းမွန်သောဘဝကိုရရှိနိုင်စေဖို့အတွက် အခြားသူများကို အကူအညီတောင်းသင့်ရင်တောင်းရပါမည်။ သင့်ရဲ့အချိန်များကိုပိုမိုစီမံဆုံးဖြတ်၍ရလာခြင်းကြောင့် သင့်အနေနဲ့ သင့်ဘဝကိုပိုမိုစီမံဆုံးဖြတ်နိုင်လာသည်ဟုခံစားလာရမည်ဖြစ်ပြီး သင့်ဘဝအားပိုမိုစီမံဆုံးဖြတ်နိုင်လာခြင်းက လွတ်လပ်ခြင်းနှင့် စွမ်းရည်ကိုပိုမိုပေးစွမ်းမည်ဖြစ်ပြီး အချိန်ကိုစီမံခန့်ခွဲခြင်းက အဆိုပါထိန်းချုပ်နိုင်မှုအား တည် တံ့စေရန်အတွက်ပြုလုပ်ပေးနိုင်ပါသည်။ သင့်ရဲ့ အချိန်စီမံခန့်ခွဲမှုစွမ်းဆောင်ရည်ဟာ သင့်ရဲ့ကြိုးစားအားထုတ်မှု များ၊ သင့်ရဲ့အောင်မြင်မှုများအပေါ်တွင်စိတ်ကျေနပ်မှုရရှိခြင်း၊ ကျရှုံးခြင်းများမှ လေ့လာသင်ယူနိုင်ခြင်း တို့အပေါ် တွင်မူတည်နေတာဖြစ်ပါတယ်။ တစ်ခါတစ်ရံတွင်သင်အောင်မြင်ပြီး တစ်ခါတစ်ရံတွင်သင်ကျရှုံးပါလိမ့်မယ် သို့သော် - သင့်လျှော်တဲ့အချိန်စီမံခန့်ခွဲမှုဟာ သင့်ရဲ့ဆုံးရှုံးရမှုများကိုလျော့နည်းစေပြီး အောင်မြင်ဖို့အခွင့်အလမ်း များပိုမိုဖြစ်ပေါ်စေနိုင်သည့်အတွက် အလွန်အရေးပါသည့်အချက်တစ်ခုဖြစ်ပါသည်။
စာဖတ်ပရိတ်သတ်များအနေနဲ့ အချိန်ကို အကျိုးရှိရှိအသုံးချနိုင်ရန်အတွက် အထက်ပါ အချက် (၁၁) ချက်ကို လုပ်ဆောင်ကာ မိမိတို့ရဲ့အချိန်များလေလွင့်မှုမရှိစေရန်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။
ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.