by www.jobsinyangon.com
Tags: Knowledge-Job-Description-HowtoWrite-JobsInYangon
"Job Description ကိုဘယ်လိုရေးကြမလဲ"
အလုပ်အကိုင်တစ်ခုရဲ့ အသေးစိတ်အချက်အလက်များ၊ တာဝန်ဝတ္တရားများနဲ့ အလုပ်တစ်ခုတွင် ပါဝင်လာနိုင်မည့် အရာများကို တိကျသေချာစွာ သတ်မှတ်ဖော်ပြပေးနိုင်ပါက လုပ်ငန်းရှင်များအနေနဲ့ မှန်ကန်သင့်တော်တဲ့ အလုပ်လျှောက်ထားမည့် Candidate များကို ခေါ်ယူနိုင်စေဖို့ လွယ်ကူစေမှာဖြစ်ပြီး ဝန်ထမ်းများရဲ့ တာဝန်ဝတ္တရာများကို ရှင်းလင်းစွာ သိရှိနားလည်ပြီး ဝန်ထမ်းတို့ရဲ့ လုပ်ငန်းစွမ်းဆောင်ရည်များကို အကဲဖြတ်မှုများကိုလည်း ပြုလုပ်နိုင်စေမှာဖြစ်တဲ့အပြင် အခြားအကျိုးရလာဒ်များလည်း ရှိလာစေမှာဖြစ်ပါတယ်။
.
အောက်ပါအချက်များကတော့ မှန်ကန်ကောင်းမွန်တဲ့ Job description တစ်ခုတွင် ပါဝင်ထည့်သွင်းသင့်သည်ဟု အကြံပြုထားသော ခေါင်းစဉ်အချို့ပဲဖြစ်ပါတယ် -
• ရာထူးအမည်
• ဌာန
• အဆိုပါရာထူးတာဝန်တစ်ခုအနေနဲ့ တင်ပြမှုများ (report) ပြုလုပ်ရမည့် သူများ
• ဆောင်ရွက်ရမည့် တာဝန်ဝတ္တရားများအကြောင်း အကျဉ်းချုပ်
• အဓိက တာဝန်ယူရမည့်နေရာများ
• အရည်အချင်းများ (လိုအပ်သော ကျွမ်းကျင်မှုများနှင့် အတွေ့အကြုံ)
• အလုပ်ခန့်အပ်မှုဆိုင်ရာ စည်းမျဉ်းများ
• လိုအပ်သော ပညာအရည်အချင်းနှင့် လုပ်ငန်းအတွေ့အကြုံ (မရှိမဖြစ်လိုအပ်သော အခြေခံပညာအရည်အချင်း (သို့) လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ Certificate များအတွက် highlight ပြုလုပ်ပေးရမည်။)
Sample job description:
Title of the position
Retail manager
Department
Operations
Reports to
CEO
Overall responsibility
delivering sales and cost managing according to Company budget. Manage and set objectives for teams, review performance against set objectives.
Key areas of responsibility
• Manage all head office functions and new store roll outs
• To provide exemplary customer service and manage the team to ensure this is executed
• Coach and develop junior managers to manage their own teams
• Set and communicate retail standards across the business
• To monitor divisional sales and profit plan and deliver action plan to maximize performance
• Review competitor activity and develop strategies to exceed this.
Consults with:
• Chief of Financial Officer
• Chief of Human resource manager
• Regional Retail director
Term of employment
12 months
Qualifications
• A minimum of 10 years retail and head of retail or regional management experience
• Excellent interpersonal skills
• Leadership and motivational skills
• Be commercially aware and possess in depth experience of working towards KPIs
• Ability to plan, priorities and cope under pressure
အကြံပေးချက်များ
• ရှိနှင့်ပြီးသား ရာထူးနေရာများအတွက် Job description တစ်ခုကို တည်ဆောက်ရာတွင် လက်ရှိအခြေအနေများနဲ့ Organization ရဲ့ ရေရှည်စီမံကိန်းများအပေါ်မူတည်၍ အသားပေးတည်ဆောက်ပါ။
• Job description တစ်ခုတွင် ပါဝင်သော content သည် အဆိုပါအလုပ်နေရာအတွက် လုပ်ဆောင်ရန် လိုအပ်သော တာဝန်များနဲ့ ဝတ္တရားများထက် ပိုမို၍ ပါဝင်နေရမည်ဖြစ်ပြီး အရေးကြီးသော ဦးစားပေး လုပ်ဆောင်ရမည့် အရာများကို ဖော်ပြထားရမည်။
• ဘွဲ့ ဒီဂရီများ၊ လိုင်စင်များ အစရှိတဲ့ အောင်လက်မှတ်များဟာ အချို့သောအလုပ်များတွင်သာ မရှိမဖြစ်လိုအပ်သော အရာများဖြစ်ပါတယ်။ မြင့်မားသောအလုပ်စွမ်းဆောင်ရည်ရှိနေသူများကို ကန့်သတ်ချက်မဖြစ်စေရန်အတွက် အောင်လက်မှတ်များဟာ future professional development အတွက် အနှောင့်အယှက်မဖြစ်စေဖို့ သေချာစွာသတ်မှတ်ဆောင်ရွက်ပါ။
• သင်ဖော်ပြထားတဲ့အလုပ်ဟာ အမှန်တကယ်အောင်မြင်စွာလုပ်ကိုင်နိုင်စေဖို့လိုအပ်ပါတယ်။ အကယ်၍ သင်က လုပ်ငန်းတာဝန်များစွာကို တူညီတဲ့ Job description တစ်ခုအတွင်းတွင် ပေါင်းစည်းဖော်ပြထားပါက ထိုအရာများအားလုံးကို အမှန်တကယ် လုပ်ဆောင်နိုင်မှုရှိနိုင်သလားဆိုတာကို သေခြာစွာဆုံးဖြတ်လေ့လာပါ။
မရေရာသော အဓိပ္ပါယ်ရှိသည့် စကားလုံးများကို ရှောင်ရှားပါ။
မရေရာသော အဓိပ္ပါယ်ရှိသည့် စကားလုံးများ
|
တိကျရေရာသော စကားလုံးများ
|
ကွန်ပြူတာ ကျွမ်းကျင်မှုများ
|
Microsoft Word, Excel, Powerpoing တို့တွင် ကျွမ်းကျင်ရမည်။
|
ကောင်းမွန်စွာပြောဆိုဆက်ဆံနိုင်စွမ်း
|
နည်းပညာဆိုင်ရာအချက်အလက်များကို နည်းပညာနှင့် အကျွမ်းတဝင်မရှိသူများကို ရှင်းပြနိုင်စွမ်းရှိရမည်။
|
အလုပ်ကြိုးစားသူ
|
ဖော်ပြပါအလုပ်ဟာ မကြာခဏခရီးသွားရခြင်း၊ အချိန်ပိုလုပ်ရခြင်းတို့ပြုလုပ်နိုင်သူကို လိုအပ်သည်။
|
ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
TOP EMPLOYERS
Blue Ribbon Trading Company Limited
Our Mission
-To provide marketing and distribution services for our principals’ brands through a dictated sales and marking team.
-To offer quality health care and personal care products enhancin...
Show the postings (4)
Synergy Plus Co., Ltd
Vision - To be one the Leading Construction Companies
Mission - To provide our High Quality Services First after SAFETY
Values - Integrity, Discipline, Professionalism, Enthusiasm & Innovation .- ...
Show the postings (4)
Sumitomo Mitsui Construction Co,.Ltd.
..To respond to widespread expectations toward the collective abilities of its merging partners to enhance social and living infrastructures, Sumitomo Mitsui Construction Co.,Ltd. (SMC) was born on Ap...
Show the postings (6)
Shwe Set Kyar Ko Tint Wai Group Of Co.,Ltd
Lan Thit Innovation Co., Ltd
..We, as Lan Thit Innovation Technology, provide services like recruiting, outsourcing and brand marketing to our clients. We also assist the jobseekers in finding the right opportunity for them. We ...
Show the postings (37)