by www.jobsinyangon.com
Tags: Knowledge-Writing-Professional-CV-JobsInYangon
Professional ဆန်တဲ့ CV တစ်စောင်ကို ဘယ်လိုရေးကြမလဲ . . .
အင်တာဗျူးဖြေဆိုဖို့အထိ အရွေးချယ်ခံရဖို့ သေချာစေမယ့် CV တစ်စောင်ကို ရေးသားရခြင်းဟာ အများစုအတွက်တော့ ခက်ခဲတဲ့အလုပ်တစ်ခုဖြစ်နေပါတယ်။ နေ့စဉ်နေ့တိုင်း များစွာသော အလုပ်လျှောက်လွှာဖောင်များကို ကြည့်ရှုနေကြရတဲ့ HR မန်နေဂျာများနဲ့ အလုပ်ရှင်များရဲ့ အမြင်မှာ သင့်ရဲ့ CV ကို အခြားသူများနဲ့မတူပဲ တစ်မူကွဲပြားမှုရှိနေစေရန် ဘယ်လိုရေးသားသင့်ပါသလဲ? ဆိုတဲ့မေးခွန်းကို အလုပ်လျှောက်ထားဖို့ ပြုလုပ်နေတဲ့လူတိုင်းကသိချင်နေကြမှာပါ။ CV တစ်စောင်ကို ရေးသားကြရာတွင် အမြဲတမ်းလိုက်နာရမယ့် စည်းမျဉ်း (၁) ခုရှိပါတယ်။ ဒါကတော့ . . . အမြဲတမ်း အခြားသူများနဲ့မတူစေရပဲ မိမိရဲ့အားသာချက်တွေကို ထင်သာမြင်သာရှိအောင် ထုတ်ဖော်ပြပေးတတ်ဖို့ ပါပဲ။
နောက်တစ်ချက်ကတော့ CV တစ်စောင်ကိုရေးသားရာမှာ ပုံသေ format တစ်ခု ရှိမနေဘူးဆိုတာကိုလည်း မှတ်သားထားသင့်ပါတယ်။ မည်သို့ပင်ဖြစ်နေပါစေ သင့်ရဲ့ CV ဟာ သင် လျှောက်ထားဖို့ကြိုးစားနေတဲ့ အလုပ်နေရာအတွက် သင့်ကိုထင်ရှားစေဖို့ အထောက်အကူဖြစ်နေစေသင့်ပြီး ဒီအချက်က သင့် CV ကို ဖတ်ရှုနေတဲ့ HR မန်နေဂျာ (သို့မဟုတ်) အလုပ်ရှင်အနေနဲ့ သင့်ကို လူကိုယ်တိုင်အင်တာဗျူးခေါ်ဖို့ ဆုံးဖြတ်လိုစိတ်ရှိလာစေရန် အထောက်အကူပြုပေးနိုင်ပါတယ်။
CV ဆိုတာ ဘာကိုဆိုလိုတာလဲ?
Curriculum Vitae လို့ခေါ်တဲ့ (အတိုကောက်အနေနဲ့ CV) ဟာ သင့်ရဲ့ ပညာရေး၊ လုပ်ငန်းအတွေ့အကြုံ၊ ကျွမ်းကျင်မှုများနဲ့ အခြားသောအချက်အလက်များကို အတိုချုံးရေးသားထားတဲ့ ကိုယ်ရေးအကျဉ်းတစ်ခုဖြစ်ပြီး များသောအားဖြင့် အလုပ်လျှောက်ထားရာတွင် အသုံးပြုလေ့ရှိကြပါတယ်။
CV အမျိုးအစား (၂) မျိုးရှိပါတယ် - Educational CV လို့ခေါ်တဲ့ အတွေ့အကြုံများအပေါ် ဦးစားပေးတဲ့ ပုံစံကတော့ လုပ်ငန်းအတွေ့အကြုံမရှိသေးတဲ့ အလုပ်လျှောက်ထားသူများအနေနဲ့ သူတို့ရဲ့ ပညာရေး၊ Professional တစ်ဦးတွင်ရှိသင့်တဲ့ ကျွမ်းကျင်မှုများကို လေ့လာသင်ယူခဲ့ခြင်းနဲ့ တက္ကသိုလ်စာတမ်းများ ပြုစုခဲ့မှုအခြေအနေတို့အပေါ် အဓိကဦးစားပေး၍ရေးသားထားတဲ့ CV ပုံစံတစ်မျိုးဖြစ်ပြီး အခြားတစ်ခုကတော့ Professional လုပ်ငန်းအတွေ့အကြုံဖြစ်တဲ့ မိမိတို့ထံတွင်ရှိထားတဲ့ ကျွမ်းကျင်မှုများနဲ့ လုပ်ငန်းအောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့မှုများ (achievements) အပေါ် ဦးစားပေးရေးသားထားတဲ့ CV ပုံစံတစ်မျိုးဖြစ်ပါတယ်။
ဒီလို မိမိတို့ရဲ့အတွေ့အကြုံတွေကို စာရင်းပြုစု၍ဖော်ပြတဲ့အခါမှာ အကောင်းဆုံးကတော့ လက်ရှိ အနီးစပ်ဆုံးသင်ယူခဲ့/ ဆောင်ရွက်ခဲ့ဖူးသည်များမှ တဖြည်းဖြည်း နောက်ကြောင်းပြန်၍ ပြန်လည်ဖော်ပြတဲ့ပုံစံဟာ အကောင်းဆုံးဖြစ်ပြီး သင်လျှောက်ထားလိုတဲ့ လုပ်ငန်းနယ်ပယ်နဲ့ ရာထူးနေရာတို့အပေါ်မူတည်ပြီး ၎င်းတို့နဲ့ကိုက်ညီမှုရှိစေရန် မိမိတို့ရဲ့ CV ကို အနည်းငယ်ပြင်ဆင်ပြောင်းလဲခြင်းတွေကို ပြုလုပ်သွားရမှာဖြစ်ပါတယ်။
CV တစ်စောင်ကို ရေးသားရာတွင် လိုက်နာကျင့်သုံးသင့်သော အချက်များနှင့် ရေးသားသင့်သည့်ပုံစံ -
၁။ ကိုယ်ရေးအချက်အလက်အသေးစိတ် (Personal Details)
ဒီ section မှာ သင့်ရဲ့အမည်၊ လိပ်စာ၊ အသက် (မဖြစ်မနေဖော်ပြပေးရန်မလို)၊ ဖုန်းနံပါတ်၊ e-mail လိပ်စာ အစရှိတဲ့ အချက်အလက်များ ပါဝင်နေသင့်ပြီး ဒီအချက်အလက်များကို အလွယ်တကူမြင်နိုင်တဲ့နေရာတွင် ထင်ရှားရှင်းလင်းတဲ့ စာလုံးဖောင့်များနဲ့ ရေးသားဖော်ပြပေးထားရမှာဖြစ်ပါတယ်။ ဒါမှသာ HR မန်နေဂျာ (သို့မဟုတ်) လုပ်ငန်းရှင်ဘက်မှ သင့်ကိုဆက်သွယ်နိုင်ဖို့ လိုအပ်တဲ့အချက်အလက်များကို အလွယ်တကူ တွေ့မြင်နိုင်မှာဖြစ်ပါတယ်။ သင်ဖြည့်သွင်းထားတဲ့ အချက်အလက်များဟာ လက်ရှိတွင် အတည်တကျဖြစ်နေတဲ့ အချက်အလက်များဟုတ်၊ မဟုတ်ကိုလည်း သေချာစွာစစ်ဆေးကြည့်ရှုလိုက်ပါ။
အကြံပြုချက်။ ။ သင့်ကိုယ်ပိုင် e-mail မဟုတ်တဲ့ အခြားသော e-mail တစ်ခုခုကို ဘယ်တော့မှ အသုံးမပြုပါနဲ့။ သင့်ရဲ့မွေးရပ်ဇာတိ၊ ကိုးကွယ်သည့်ဘာသာ အစရှိတာတွေကိုလည်း အလုပ်ခေါ်စာတွင် လိုအပ်သည်လို့ မဖော်ပြထားခဲ့ပါက ထည့်သွင်းဖော်ပြပေးစရာမလိုအပ်ပါဘူး။ နောက်ပြီး professional မဆန်တဲ့ e-mail လိပ်စာတွေကိုလည်း ထည့်သွင်းဖော်ပြခြင်းမပြုလုပ်ပါနဲ့။ ဥပမာအားဖြင့် - prettyprincess2015@xyz.com ကဲ့သို့သော e-mail လိပ်စာများဟာ အလုပ်လျှောက်လွှာတစ်ခုတွင် ထည့်သွင်းဖော်ပြဖို့ ကောင်းမွန်တဲ့ e-mail လိပ်စာများမဟုတ်ကြပါဘူး။
၂။ လုပ်ငန်းအတွေ့အကြုံ
ဒီ section ကို စတင်ရေးသားရာတွင် သင်လက်ရှိအလုပ်လုပ်နေတဲ့ (သို့) နောက်ဆုံးအလုပ်လုပ်ခဲ့ဖူးတဲ့ နေရာကစတင်၍ ယခင်လုပ်ခဲ့ဖူးတဲ့ လုပ်ငန်းများကို အစဉ်အတိုင်းဖော်ပြပေးသွားရမှာဖြစ်ပါတယ်။ သင်လုပ်ကိုင်ခဲ့ဖူးတဲ့ အလုပ်အကိုင်တိုင်းအတွက် သင့်ရဲ့ရာထူးနဲ့ Achievement များကိုလည်း ထည့်သွင်းဖော်ပြပေးဖို့က အရေးကြီးလှပါတယ်။ ဥပမာ -
Iceberg Communications Limited (2018 – present)
Job Title – Marketing Executive
Iceberg Communications Limited ဟာ _ _ _ _ _ _ _ နိုင်ငံရှိ အိမ်သုံးလျှပ်စစ်ပစ္စည်းမျိုးစုံကို ဝယ်ယူရရှိနိုင်တဲ့ ထိပ်တန်းအရောင်းစင်တာတစ်ခုဖြစ်ပါတယ်။
Achievements:
• မိမိရဲ့ ဈေးကွက်မြှင့်တင်ရေးနည်းဗျူဟာများဖြင့် လစဉ် revenue အမြတ်ငွေကို ၁၅ သန်းမှ ၂၅ သန်းအထိ ၆ လအတွင်းတိုးမြှင့်ပေးနိုင်ခဲ့ခြင်း။
• Marketing Team နဲ့ အတူတကွပူးပေါင်းဆောင်ရွက်၍ ကျွန်ုပ်တို့ရဲ့ ထုတ်ကုန်များကို ပြည်နယ်နှင့်တိုင်း အသီးသီးသို့ ၁ နှစ်အတွင်း တင်ပို့ရောင်းချပေးနိုင်ခဲ့ခြင်း။
• တစ်လတာအတွင်း အကောင်းဆုံးအရောင်းသမားဆုကို စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ၄ လဆက်တိုက်ဆွတ်ခူးနိုင်ခဲ့ခြင်း။
အကြံပြုချက်။ ။ သင်လျှောက်ထားလိုတဲ့အလုပ်အကိုင်/ ရာထူးတို့အပေါ်မူတည်၍ သင့်ရဲ့ လုပ်ငန်းအတွေ့အကြုံ section တွင် ဦးစားပေးဖော်ပြလိုသည့်လုပ်ဆောင်ချက်များကို အမြဲတမ်းပြောင်းလဲမှုများပြုလုပ်ပြီးမှ အလုပ်လျှောက်ပါ။ ဒါကလုပ်ငန်းရှင်တစ်ဦးမှ သင့်ရဲ့အရည်အချင်းများကို နှစ်သက်မှုရှိစေပြီး ဆက်သွယ်လာနိုင်ခြေကို မြှင့်တင်ပေးနိုင်ပါတယ်။
၃။ ပညာအရည်အချင်း
ဒီ section ကို စတင်ရေးသားရာတွင်လည်း မိမိတို့သင်ယူခဲ့ဖူးတဲ့ ပညာရပ်များကို လတ်တလောသင်ယူခဲ့တဲ့ ပညာရပ်များမှ စတင်ပြီး ယခင်ကသင်ယူခဲ့ဖူးတဲ့ပညာရပ်များအထိ အစဉ်အတိုင်း ဖော်ပြပေးသွားရမှာဖြစ်ပါတယ်။ ဒါ့အပြင် သင်လျှောက်ထားလိုတဲ့ အလုပ်အကိုင်/ ရာထူးနေရာနဲ့ ကိုက်ညီတဲ့ပညာရပ်များကိုသာ ဒီနေရာတွင် ထည့်သွင်းဖော်ပြပေးသင့်ပါတယ်။ ဥပမာ -
• ပြင်သစ်၊ ပေါ်တူဂီနှင့် တရုတ်ဘာသာစကားများကို ကောင်းမွန်စွာပြောဆိုတတ်ပြီး ကောင်းမွန်တဲ့ ညှိနှိုင်းဖြန်ဖြေမှုစွမ်းရည်ရှိခြင်း။
• သက်ဆိုင်ရာဘာသာရပ်တွင် အဆင့် (၁) ဖြင့် အောင်မြင်ခဲ့ခြင်း။
• အကောင်းဆုံးကျောင်းသားဆုကို ရရှိခဲ့ခြင်း။
အကြံပြုချက်။ ။ သင်ဟာ ဘွဲ့ရရှိပြီးသူတစ်ဦးဖြစ်ပါက ဘွဲ့လက်မှတ်၊ အခြားသော အောင်လက်မှတ်များနှင့်အတူ မိမိတို့သင်ယူလေ့လာခဲ့ဖူးသည့် သင်တန်းများ၏ အောင်လက်မှတ်များနှင့် ရရှိခဲ့သည့်အမှတ်များ (ဥပမာ - IELTS (grade – 4.5) အစရှိသည်တို့ကို ယခု section အတွင်း ထည့်သွင်းဖော်ပြပေးရမှာဖြစ်ပါတယ်။
၎။ မိမိတို့စိတ်ပါဝင်စားသောအရာများနှင့် မိမိတို့ရဲ့ စွမ်းဆောင်ရည်များ
ဒီ section မှာတော့ တိုတောင်းပြီး ရိုးရှင်းစွာရေးသားထားဖို့ လိုအပ်မှာဖြစ်ပါတယ်။ မှတ်သားထားရမယ့် အဓိကကျတဲ့ အချက်တွေကတော့ -
• Creative, motivated, team player, problem solver, self-starter အစရှိတဲ့ ဝေဝါးဝါးနိုင်တဲ့ စကားလုံးတွေကို အသုံးမပြုပဲ ထိုအစား သင်ဝါသနာပါတဲ့အရာများကို တိတိကျကျနဲ့ ဖော်ပြပေးရမှာဖြစ်ပါတယ်။ ဥပမာအားဖြင့် - သင်က အားကစားတစ်ခုအနေနဲ့ အပြေးလေ့ကျင့်ရတာကို ဝါသနာပါသူတစ်ဦးဆိုပါက “running” လို့ ထည့်သွင်းဖော်ပြမည့်အစား “I jog about 300 km every weekend” ဟူ၍ တိတိကျကျနဲ့ ရှင်းလင်းစွာဖော်ပြပေးသင့်ပါတယ်။ ဒီလိုဖော်ပြပေးခြင်းအားဖြင့် သင်ဟာ စည်းကမ်းရှိပြီး ကိစ္စတစ်ခုခုကို အာရုံစူးစိုက်၍လုပ်ကိုင်တတ်သူတစ်ဦးဖြစ်တယ်ဆိုတဲ့ message ကို အလုပ်ရှင်ဘက်သို့ ပေးလိုက်နိုင်မှာဖြစ်ပါတယ်။
အကြံပြုချက်။ ။ သင်လျှောက်ထားလိုတဲ့ ကုမ္ပဏီ/ organization ရဲ့ social responsibility နဲ့ စပ်ဆက်နေတဲ့ ဝါသနာတစ်ခုခုကို ထည့်သွင်းဖော်ပြပေးသင့်ပါတယ်။
၅။ ထောက်ခံစာများ
ပုံမှန်အားဖြင့် ထည့်သွင်းလေ့ရှိသော ထောက်ခံစာအရေအတွက်မှာ (၃) စောင်ဖြစ်ပါတယ်။ သို့သော်လည်း အချို့သောလုပ်ငန်းများအနေနဲ့ (၂) စောင်သာတောင်းလေ့ရှိပြီး အချို့ကတော့ စာဖတ်သူတို့ကို ထောက်ခံစာမလိုအပ်ပဲ အလုပ်ခန့်အပ်လိုက်တာမျိုးလည်းရှိတတ်ပါတယ်။ CV တစ်စောင်တွင် စာမျက်နှာအရည်အတွက် နည်းလေလေ၊ အဆိုပါ CV ဟာ ပိုမို၍ ဆွဲဆောင်မှုရှိလေလေ ဖြစ်တဲ့အတွက် CV အထူကြီးတွေရေးသားခြင်းကိုရှောင်ရှားသင့်ပါတယ်။ ပုံမှန်အားဖြင့် စာမျက်နှာ (၂) မျက်နှာခန့်ရှည်လျားတဲ့ CV တစ်စောင်ဟာ အသင့်တော်ဆုံးဖြစ်တဲ့အတွက် အဆိုပါ စာမျက်နှာ (၂) မျက်နှာအတွင်းတွင် လက်ရှိလျှောက်ထားမည့် အလုပ်အကိုင်နဲ့ ပတ်သက်ဆက်နွယ်မှုရှိတဲ့ ကျွမ်းကျင်မှုများနဲ့ အခြားသောအချက်အလက်များကို တိတိကျကျနဲ့ ရှင်းရှင်းလင်းလင်းရေးသားဖော်ပြပေးဖို့လိုအပ်မှာဖြစ်ပါတယ်။ ထောက်ခံစာများကတော့ မရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုမဟုတ်ပေမယ့် ထည့်သွင်းဖော်ပြလိုတယ်ဆိုရင်တော့ အများဆုံး (၂) စောင်မှ (၃) စောင်ခန့်သာ ထည့်သွင်းဖော်ပြပေးသင့်ပါတယ်လို့ အကြံပြုလိုပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်
ကျေးဇူးတင်လျှက်
www.jobsinyangon.com
TOP EMPLOYERS
Ve Ve Soft Drinks Factory
..The Green Circle Co., Ltd,a food and beverage company was founded in 1997. Green Circle engages in manufacturing, marketing, Sale, and distribution. The company comprises beverages such as soft drin...
Show the postings (9)
Myanmar First Asia Group
The Myanmar First Asia is Group of companies focused in Marketing and Distribution of Gems & Jewellery, Lubricant, Coach and bus , Food and Beverages founded in 2008. Myanmar First Asia is striving to...
Show the postings (8)
Global Technology Co., Ltd (Global Net)
Our speciality is providing complete solution and systems that work through the use of our outstanding design, unique client engagement model, procurement, project management, implementation and suppo...
Show the postings (60)
The Experts English Language Center
-Offering low-price, high quality language education
-Ensuring the international standard Teaching Methods
-Unlocking the students' potentials and opportunities
- Promising the difference We off...
Show the postings (2)