Jobs In Myanmar
Load...

Why HR is at the Center of Digital Transformation?

by www.jobsinyangon.com


Tags: Digital-HR-Technology-jobs-yangon-#1-No.1



HR သည် ဒစ်ဂျစ်တယ်အသွင်ပြောင်းလဲရေးရဲ့ဗဟိုမှာဘာကြောင့်ရှိနေတာလဲ

 

Digital transformation ( ဒစ်ဂျစ်တယ်အသွင်ပြောင်းလဲရေး) ဆိုသည်မှာ customer (ဖောက်သည်)ကို ဗဟိုပြုခြင်းဖြစ်ပါတယ်။  ဒစ်ဂျစ်တယ်အသွင်ပြောင်းခြင်းသည် စီမံကိန်းတစ်ခုတည်းမဟုတ်သလို နည်းပညာတစ်ခုလည်း မဟုတ်ပါ။ ၄င်းသည်အစဉ်အလာစနစ်များကို ခေတ်မီအောင်လုပ်ခြင်းသို့မဟုတ် application မှာမိုဘိုင်းအတွေ့အကြုံကိုတင်ထားခြင်မဟုတ်ပါ။ Digital transformation ဆိုတာ customer ထိခိုက်နေတဲ့ကိစ္စရပ်တွေ ကိုသင်အာရုံစိုက်ပြီး  မြန်မြန်ဆန်ဆန်ဖြေရှင်းနိုင်ရန် သင့်ရဲ့လုပ်ဆောင်မှုထဲကို ဒစ်ဂျစ်တယ်ထည့်သွင်းပေးခြင်းဖြစ်ပါတယ်။ နောက်ဆုံးမှာ digital transformation နဲ့အပြောင်းအလဲကို တကယ်မောင်းနှင်ပေးမည့်အရာတွေကတော့ သင့်အဖွဲ့အစည်းရဲ့ဗဟိုအချက်အချာမှာရှိတဲ့ လူတွေနဲ့စီးပွားရေးလုပ်ငန်းစဉ်တွေ ပဲဖြစ်ပါတယ်။

လူတွေက ဒစ်ဂျစ်တယ်အသွင်ပြောင်းလဲရေးအတွက်အရေးအကြီးဆုံးဖြစ်ပါတယ်။ အောက်ပါအချက်တွေမရှိရင်တော့ ဒစ်ဂျစ်တယ်အသွင်ပြောင်းခြင်းလို စီးပွားရေးလုပ်ငန်းတစ်ခုလုံးပြောင်းလဲသွားခြင်းသည် အောင်မြင်မှုမရနိုင်ပါ။

 

 

HR သည်အခန်းကဏ္ဍနှစ်ခုကပါဝင်တယ်

ဒစ်ဂျစ်တယ်အသွင်ပြောင်းလဲရေးက နည်းပညာထက်အဖွဲ့အစည်းထဲမှာရှိနေတဲ့ လူတွေရဲ့စိတ်နေသဘောထား ၊လုပ်ငန်းစဉ်တွေနဲ့အများကြီးပိုသက်ဆိုင်ပါတယ်။ ဒီနည်းလမ်းအတိုင်းစဉ်းစားသုံးသပ်ကြည့်ရင် အဖွဲ့အစည်းအတွင်းတကယ်စစ်မှန်တဲ့ ဒစ်ဂျစ်တယ်အသွင်ပြောင်းလဲရေးအတွက် မဟာဗျုဟာအကျဆုံးဌာနသည်  HR ဌာနဖြစ်ပါတယ်။ တနည်းဆိုရသော် HR ၀န်ထမ်းတွေကသူတို့ရဲ့လုပ်ဆောင်မှု operation ကို ဒစ်ဂျစ်တယ်နဲ့လုပ်ရမှာဖြစ်သလို ကျန်ဝန်ထမ်းတွေကိုလည်းအသိပညာပေးခြင်း ၊၀န်ထမ်းတွေရဲ့စွမ်းရည်ကို မြှင့်တင်ပေးခြင်း၊ကျွမ်းကျင်မှုအသစ်တွေကို ဖြည့်ဆည်းပေးခြင်းတွေကို လုပ်ဆောင်ရမှာဖြစ်ပါတယ်။

 

ဒစ်ဂျစ်တယ်အသွင်ပြောင်းထားသည့် HR သည်ဝန်ထမ်းစွမ်းရည်တွေကို ရရှိရန်အတွက်အလွန်အရေးပါသည်။

ယနေ့အဖွဲ့အစည်းများသည် customer အတွေ့အကြုံကိုတိုးတက်စေခြင်းဖြင် အောင်မြင်ကြပါတယ်။ HB သည်လည်းထိုနည်းအတူဖြစ်ပါတယ်။ အကြီးဆုံးစိန်ခေါ်မှုကတော့ ကိုယ့်အဖွဲ့အစည်းကို ကမ္ဘာ့အဆင့်မီဖြစ်အောင်ဆွဲဆောင်နိုင်ရန် ၀န်ထမ်းတွေရဲ့အတွေ့အကြုံကို တိုးမြှင့်ပေးရမှာဖြစ်ပါတယ်။ ဒစ်ဂျစ်တယ်ကျွမ်းကျင်တဲ့ငယ်ရွယ်တဲ့ဝန်ထမ်းတွေကို အလုပ်ခန့်ပြီးသူတို့သိထားတဲ့သတင်းအချက်အလက်တွေကိုပွင့်လင်းမြင်သာစွာမျှဝေစေခြင်းဖြင့် ကျန်ဝန်ထမ်းတွေပါကိုယ်တိုင်တွေ့ကြုံဖူးသလိုအတွေ့အကြုံတွေရရှိလာမှာဖြစ်ပါတယ်။ ၀န်ထမ်းတွေကသူတို့ရဲ့ပုဂ္ဂိုလ်ရေးဘ၀တွေလိုပါပဲ ၊လုပ်ငန်းခွင်မှာဒစ်ဂျစ်တယ်အတွေ့အကြုံကိုေ ပါင်းစပ်လုပ်ပြီးပူးပေါင်းဆောင်ရွက်မှု၊တစ်ဦးချင်း လုပ်ပိုင်ခွင့်အာဏာတွေအပေါ်မှာ အာရုံစူးစိုက်တတ်ကြပါတယ်။

 

လုပ်သားအင်အားကိုပြောင်းလဲခြင်းသည် HR မှစတင်သည်။

သင့်ရဲ့အဖွဲ့အစည်းအတွင်းကို ဒစ်ဂျစ်တယ်စနစ်ထည့်သွင်းခြင်းသည်နာက်ဆုံးတွင်သင့်ရဲ့ဝန်ထမ်းများထံကိုရောက်ရှိသွားပါတယ်။လုပ်သားအင်အားသည်ယခင်အဆင့်ရဆင့်ကဲတည်ဆောက်ထားသည့်ဖွဲ့စည်းပုံများထက်ပူးပေါင်းဆောင်ရွက်ခြင်း၊မျှဝေခြင်းနဲ့စွမ်းရည်မြှင့်တင်ခြင်းစသည့်ပုံစံအသစ်များကိုလက်ခံရမည်ဖြစ်သည်။ဒါကလက်ရှိဝန်ထမ်းတွေအနေနဲ့နည်းပညာတွေ၊ပူးပေါင်းဆောင်ရွက်မှုပုံစံအသစ်တွေနဲ့အဆင်ပြေစေရန်လုပ်ဆောင်ခြင်းဖြစ်ပါတယ်။ဆိုလိုသည်မှာလက်ရှိဝန်ထမ်းတွေကိုစွမ်းရည်မြှင့်တင်ပေးခြင်းဖြစ်ပါတယ်။ဆိုလိုသည်မှာ (၂၁)ရာစုကျွမ်းကျင်မှုကိုအသင်းအဖွဲ့နဲ့ယဉ်ကျေးမှုတို့လိုမဟာဗျုဟာကျကဌားရမ်းခြင်းဖြစ်ပါတယ်။

လူငယ်မျိုးဆက်သစ်များသည်လုပ်သားအင်အားရဲ့ကြီးမားသောအစိတ်အပိုင်းကိုကိုယ်စားပြုသောကြောင့်အဖွဲ့အစည်းများသည်ဝန်ထမ်းများရဲ့ကောင်းကျိုး၊အသက်မွေးဝမ်းကျောင်းမှုနဲ့လူမှုရေးဆိုင်ရာအကျိုးသက်ရောက်မှုစသည့်အရာများကိုအာရုံစိုက်ရမည်။ ဒါတွေသည် HR ကရှေ့တန်းကမပါပဲရနိုင်မည်မဟုတ်ပါ။ HR ခေါင်းဆောင်များသည်ပုံစံတစ်မျိုးတည်းနဲ့အလုံးစုံချဉ်းကပ်မှုကိုရှောင်ပြီးဝန်ထမ်းတွေရဲ့အသက်မွေးဝမ်းကျောင်းအလုပ်အကိုင်နဲ့လိုက်ဖက်သည့်နေရာတွေကိုဖွံ့ဖြိုးအောင်လုပ်ဆောင်ပေးရမှာဖြစ်ပါတယ်။ HR သည်စားပွဲဝိုင်းထိုင်ရန်လိုအပ်ပါတယ်။ ငွေကြေးအမြတ်အစွန်းအတွက်မဟုတ်ဘဲ ပူးပေါင်းဆောင်ရွက်တဲ့နိုင်ငံသားကောင်းတစ်ယောက်အဖြစ် ထိုင်ရမှာပါ။ ဒါသည် အများအကျိုးအတွက်သက်သက်မဟုတ်ပါ။ လူမှုရေးအရင်းအနှီးသည် ထိပ်တန်းအရည်အချင်းတွေကို ဆွဲဆောင်ရာမှာနဲ့customer တွေကြားမှာ သစ္စာစောင့်သိမှုကို မြှင့်တင်ရာမှာအရေးပါပါတယ်။  ဒါတွေက HR ကတစ်ဆင့်ဝန်ထမ်းတွေထံကိုပြန်လည်စီးဆင်းသွားမှာဖြစ်ပါတယ်။

HR သည် လူမှုရေးတာဝန်ယူမှုရှိသည့်အဖွဲ့အစည်းတစ်ခုရဲ့ အဓိကသော့ချက်များဖြစ်သော  ပွင့်လင်းမြင်သာမှုကို အားပေးခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းနဲ့ ဆက်ဆံရေးကို တည်ဆောက်ခြင်းတို့တွင်အဓိကအခန်းကဏ္ဍမှပါဝင်သည်။ ဒစ်ဂျစ်တယ်အသွင်ပြောင်းလဲခြင်းသည် customer နဲ့အဖွဲ့အစည်းရဲ့စိတ်နေစိတ်ထားကို ဗဟိုပြုပါတယ်။ သူ့ဝန်ထမ်းတွေနဲ့လုပ်ငန်းစဉ်တွေက ဗဟိုချက်မှာရှိနေပါတယ်။ HR ဌာနက တာဝန် ၂ ရပ်ကိုကျေပြွန်အောင်လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ၀န်ထမ်းတွေရဲ့အတွေ့အကြုံကိုတိုးတက်စေရန်၎င်းကိုယ်တိုင်ကဒစ်ဂျစ်တယ်အသွင်ပြောင်းပြီးတစ်ပြိုင်နက်ထဲမှာလုပ်သားအင်အားကို customer နဲ့ အတွေ့အကြုံတိုးတက်လာစေဖို့အတွက် ပြောင်းလဲပေးရမှာဖြစ်ပါတယ်။

 

ဒီ Article လေးဟာ စာဖတ်သူပရိသတ်တို့အတွက်ဗဟုသုတဖြစ်စေလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက် 
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


PMJ Company Limited

PMJ Company Limited

Design Communications International Co, Ltd.

Design Communications International Co, Ltd.

..Design Communications International Co, Ltd.....
Show the postings (2)
World Trading Co.,Ltd

World Trading Co.,Ltd

..Exporters Importers and Distributors We Import Laboratory Chemicals, Perfume Body Spray,European & Turkish Premium Food Products Yonca Sunflower Oil, Rio Santo Sauce Sole Distributor in Myanmar. ...
Show the postings (3)
V Net - Mandalay Internet Service Provider

V Net - Mandalay Internet Service Provider

Vision and Mission Call us rebels, but we strongly believe every home and business in Myanmar should have fast, affordable and reliable access to the internet. No compromise, no barriers, no fuss.So ...
Show the postings (38)
Myanmar First Asia Group

Myanmar First Asia Group

The Myanmar First Asia is Group of companies focused in Marketing and Distribution of Gems & Jewellery, Lubricant, Coach and bus , Food and Beverages founded in 2008. Myanmar First Asia is striving to...
Show the postings (8)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS