Jobs In Myanmar
Load...

HR Sites to Follow

by www.jobsinyangon.com


Tags: Knowledge-Career-HR-Sites to follow-JobsInYangon



သင် follow လုပ်ထားသင့်တဲ့ HR Site များ 

 

1. Evil HR Lady

Evil HR Lady က HR ပြဿနာရပ်များအပေါ် သူမရဲ့အတွေးအမြင်များ၊ ထင်မြင်ယူဆချက်များကို ထုတ်ဖော်ရေးသားထားတဲ့ ဆောင်းပါးများကို မကြာခဏဆိုသလို လက်တွေ့ဘဝအဖြစ်အပျက်များနဲ့ ခိုင်းနှိုင်းကာတင်ဆက်ပေးလေ့ရှိပြီး HR professional များနဲ့ HR ဌာနကလူတွေနဲ့ ပြောဆိုဆက်ဆံနိုင်ဖို့အတွက် အကြံပေးချက်များကိုရှာဖွေနေတဲ့သူများထံက မေးခွန်းများကိုလည်း ဖြေကြားပေးတတ်ပါသေးတယ်။ ကျွန်တော်တို့ JobsInYangon အဖွဲ့သားများကတော့ ရည်မှန်းချက်ပန်းတိုင် (goal) များကို သတ်မှတ်ပေးခြင်းဟာ ဝန်ထမ်းများရဲ့ ပူးပေါင်းဆောင်ရွက်မှုစွမ်းရည်ကို တိုးတက်စေပြီး အဖွဲ့အစည်းများအနေနဲ့လည်း သူတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်များသို့ ရောက်ရှိအောင်မြင်စေဖို့ရာ အဓိကအရေးပါတဲ့အချက်တစ်ခုဖြစ်တယ်လို့ ယုံကြည်ထားတဲ့အတွက် လုပ်ငန်းရှင်များကို အဓိပ္ပါယ်ရှိသော ရည်မှန်းချက်ပန်းတိုင်များ ချမှတ်ရေးဆွဲနိုင်စေဖို့ အတွက် အဓိကကျတဲ့အဆင့်တွေကို ခွဲခြားဖော်ပြပေးကာ ကူညီပေးနိုင်တဲ့ ဒီ blog post လေးကို အလွန်ပင် နှစ်သက်ကြပါတယ်။

2. The HR Gazette 

The HR Gazette ရဲ့ ဖတ်ရှုရလွယ်ကူပြီး နောက်ဆုံးပေါ် HR ပြဿနာရပ်များအကြောင်းကို အတိုချုံးဖော်ပြပေး ထားတဲ့ပုံစံဟာ အလွန်ပင်ကောင်းမွန်လှပြီး HR professional များအနေနဲ့လည်း အခမဲ့ဖတ်ရှုနိုင်ကြမှာ ဖြစ်ပါတယ်။ အလုပ်သမားဥပဒေ၊ အလုပ်ခေါ်ယူခြင်း၊ သင်ယူခြင်း၊ HR နည်းစနစ်များ ဒါမှမဟုတ် HR နည်းပညာများနဲ့သက်ဆိုင်တဲ့ သတင်းများနဲ့ အတွေးအမြင်များအကြောင်းကို သင်ရှာဖွေနေပါသလား? HR Gazette တွင် အကုန်လုံးကိုဖတ်ရှုနိုင်မှာပဲဖြစ်ပါတယ်။  

3. HRreview 

HRreview ဟာ လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကတည်းက ဆုရ HR ဆောင်းပါးများစွာကို ရေးသားဖော်ပြနေခဲ့တာ ဖြစ်ပါတယ်။ ဒီ site ဟာဆိုရင် လွန်စွာကောင်းမွန်တဲ့ နိုင်ငံတစ်ကာအတွေးအမြင်များကို ပေးအပ်နိုင်စွမ်းရှိပြီး ကမ္ဘာတစ်လွှားရှိ HR decision maker များကို ဆွဲဆောင်လျက်ရှိနေပါတယ်။ 

4. Systematic HR

Systematic HR ဟာ HR နဲ့ ခေတ်ပေါ်နည်းပညာတို့ ပေါင်းစည်းရာနေရာတစ်ခု ဖြစ်ပါတယ်။ ဒီ blog ကတော့ အဓိကအားဖြင့် HR နည်းပညာများနဲ့ တီထွင်မှုအသစ်များအကြောင်းကို ဖော်ပြပေးလေ့ရှိပြီး သူတို့ရဲ့ ဖတ်ရှုသူပရိသတ်များကို HR ကဏ္ဍတွင် အသုံးချနိုင်မည့် လက်ရှိရရှိနေပြီဖြစ်သောနည်းပညာများနဲ့ အကောင်းဆုံး လက်တွေ့အသုံးချမှုများအကြောင်းကို အမြဲတမ်းတင်ဆက်ဖော်ပြပေးနေတာပဲဖြစ်ပါတယ်။ ယခုလက်ရှိတွင် ရေပန်းအစားဆုံး အကြောင်းအရာတစ်ခုကတော့ ဒေတာအချက်အလက်လုံခြုံရေးနဲ့ တစ်ကိုယ်ရည်အချက်အလက်လုံခြုံရေးတို့အကြောင်းပဲဖြစ်ပါတယ်။ ဒီ article ကတော့ တင်ပြလွှာ (report) များကို download ပြုလုပ်ရာတွင် သတိထားသင့်သော ဒေတာအချက်အလက်လုံခြုံရေးဆိုင်ရာ ပြဿနာများကို မီးမောင်းထိုးပြထားတဲ့ သတင်းဆောင်းပါးကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ 

5. HR Bartender 

HR Bartender ကတော့ Sharlyn Lauby ဆိုတဲ့ HR professional တစ်ဦးကနေ အတိုင်ပင်ခံတစ်ဦးအဖြစ်သို့ ကူးပြောင်းလာခဲ့သူရဲ့ blog တစ်ခုဖြစ်ပါတယ်။ အဆိုပါ blog တွင် Sharlyn က HR ကဏ္ဍတွင်သာမက အလုပ်ခွင်တစ်ခုလုံးနဲ့ဆိုင်တဲ့ အကြောင်းအရာများအပေါ် သူမရဲ့အတွေးအမြင်များကို မျှဝေပေးလေ့ရှိပြီး ကုမ္ပဏီတစ်ခုအနေနဲ့ အောင်မြင်မှုရရှိနိုင်ဖို့မရှိမဖြစ်လိုအပ်တဲ့ ဓလေ့ထုံးစံများကို ဘယ်လိုဖန်တီးပြုလုပ်နိုင်မလဲ ဆိုတဲ့အကြောင်းအရာများကိုပါ မျှဝေရေးသားပေးလေ့ရှိပါတယ်။ 

6. HR Ringleader 

HR Ringleader ဟာ HR ဝန်ထမ်းများအား HR-Employee-Client ဆက်ဆံမှုများကို ဖန်တီးနိုင်စေရန်မှစ၍ presentation (စီစဉ်တင်ဆက်မှုများ) ကို ပြုလုပ်ရာတွင်ပိုပြီး စိတ်ဝင်စားဖွယ် တင်ဆက်ပြသနိုင်ဖို့ အကြံပေးခြင်းအထိ စီးပွားရေးလုပ်ငန်းတစ်ခုရဲ့ ဘက်စုံကိစ္စရပ်တိုင်းကို ဘောင်များ၊ ကန့်သတ်ချက်များရဲ့ ပြင်ပမှ စဉ်းစားတွေးခေါ်တတ်စေဖို့အတွက် ကူညီပေးနိုင်တဲ့ site တစ်ခုပဲဖြစ်ပါတယ်။ သူမ ရေးသားထားတဲ့ HR ဆောင်းပါးများအပြင် သင် ရုံးသွား၊ ရုံးပြန်ချိန်များတွင်နားဆင်နိုင်ရန် လွန်စွာကောင်းမွန်တဲ့ podcast များကိုလည်း ရရှိနိုင်ပါသေးတယ်။ ကျွန်တော်တို့အကြိုက်ဆုံး podcast များထဲက တစ်ခုကတော့ HR Technology Implementation Myths ပဲဖြစ်ပါတယ်။ 

7. No Excuses HR 

No Excuses HR ဟာ သူတို့ရဲ့ဖတ်ရှုသူများကို လုပ်ဆောင်ချက်များပြုလုပ်နိုင်ဖို့အတွက်ကူညီပေးဖို့နဲ့ ထိုသူများအနေနဲ့ ခက်ခဲသောဆုံးဖြတ်ချက်များကို ရင်ဆိုင်ဖြေရှင်းပြီး အရေးကြီးတဲ့ပြဿနာရပ်များကို စုပုံ သွားစေမည့်အစား ပေါ်ပေါက်လာသည်နှင့်တစ်ပြိုင်နက်ဖြေရှင်းမှုများပြုလုပ်ကာ လုပ်ငန်းခွင်နဲ့ ကုမ္ပဏီအတွင်း ပိုမိုကောင်းမွန်တဲ့ အပြောင်းအလဲများဖြစ်ပေါ်လာစေဖို့အတွက် အားပေးကူညီမှုတွေပြုလုပ်ပေးတဲ့ site တစ်ခု ဖြစ်ပါတယ်။ Jay (အဆိုပါ site ရဲ့ စာရေးသူ) ဟာ လိုရင်းကိုထိထိမိမိပြောဆိုတတ်ပြီး သူက သင်ဘာကိုစဉ်းစား နေသလဲဆိုတာကို သိနေသလိုမျိုး သင့်ကိုခံစားရစေနိုင်မယ့် ကိုယ်ပိုင်စတိုင်တစ်ခုရှိနေပါတယ်။ Remote Leader Life ဆိုတဲ့ သူ့ရဲ့ဆောင်းပါးဟာ အနာဂါတ်တွင် အဝေးမှ (အိမ်မှ) တစ်ဆင့်အလုပ်လုပ်တဲ့ အလုပ်ပုံစံသို့ ပြောင်းရွှေ့ဖို့ ရှာဖွေနေတဲ့ သင်တို့ထဲက လူအတော်များများကို သူတို့နဲ့တိုက်ဆိုင်မှုရှိတယ်လို့ ခံစားရစေမှာပဲဖြစ်ပါတယ်။ 

8. The HR Daily Advisor 

HR Daily Advisor ဟာ အလွယ်တကူရရှိဖတ်ရှုနိုင်တဲ့ website များတွင် တစ်မူထူးခြားတဲ့ website တစ်ခုအနေနဲ့ လူအများကလက်ခံထားရတဲ့ website တစ်ခုပဲဖြစ်ပါတယ်။ ဒီ blog တွင်တော့ ကမ္ဘာတစ်လွှားရှိ HR professional များအတွက် နေ့စဉ် သတင်းများနဲ့ အကြံပေးချက်များကို အခမဲ့တင်ဆက်ပေးနေတဲ့အပြင် နေ့စဉ် အကြံပြုချက်များကိုလည်း တင်ဆက်ပေးနေပါသေးတယ်။ ကျွန်တော်တို့ကတော့ Choosing the right HR tech solution for your organization ဆိုတဲ့ ဒီသတင်းဆောင်းပါးလေးကိုဖတ်ရှုကြည့်ရန် တိုက်တွန်းလိုပါတယ်။ 

9. Workology 

ဒီ blog ဟာ နောက်ဆုံးပေါ် tip များ, ရေပန်းစားနေသောအကြောင်းအရာများနဲ့ tool များအကြောင်းကို HR professional များအတွက် တင်ဆက်ပေးလျှက်ရှိနေတဲ့ blog တစ်ခုဖြစ်ပါတယ်။ ဒီ site ကိုတော့ Jessica Miller – Merrill ဆိုတဲ့ HR executive တစ်ဦးဘဝကနေ စွန့်ဦးတီထွင်လုပ်ငန်းရှင်တဖြစ်လဲ မိန့်ခွန်းပြောကြားသူ တစ်ဦးအဖြစ်သို့ကူးပြောင်းလာခဲ့သူက ဦးဆောင်မှုပေးနေတာဖြစ်ပါတယ်။ အတွေးအမြင်များကိုဖြစ်ထွန်းစေတဲ့ HR ဆောင်းပါးများနဲ့ ကောင်းမွန်တဲ့ tool များအပြင် Workology တွင် များစွာသောခေါင်းစဉ်များအကြောင်း ဆွေးနွေးထားတဲ့ podcast များနဲ့ ကမ္ဘာတစ်လွှားရှိကုမ္ပဏီကြီးများတွင် တာဝန်ထမ်းဆောင်လျှက်ရှိနေတဲ့ HR ခေါင်းဆောင်များနဲ့ တွေ့ဆုံမေးမြန်းထားတဲ့ အင်တာဗျူးမေးခွန်းများကိုလည်း နားဆင်နိုင်မှာဖြစ်ပါတယ်။ 

10. Re:Work 

Data-driven HR နဲ့ Silicon Valley က လာတဲ့ နောက်ဆုံးပေါ် HR လက်တွေ့လုပ်ဆောင်ချက်များ အကြောင်းကိုစိတ်ဝင်စားပါသလား? Google ရဲ့ re:Work site တွင် သူတို့ရဲ့နောက်ဆုံးပေါ် လေ့လာတွေ့ရှိမှု များအကြောင်း Blog များ၊ လမ်းညွှန်များနဲ့ OKRs အပေါ်အခြေခံသော case study များ၊ people analytics များနဲ့ အခြား များစွာသောအကြောင်းအရာများကိုဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ လွန်စွာရေပန်းစားနေတဲ့ အကြောင်းအရာတစ်ခုကတော့ people analytics များအကြောင်းပဲဖြစ်ပါတယ်။ People Analytics Guide ဆိုတဲ့ဆောင်းပါးကိုဖတ်ရှုပြီး တစ်ဆင့်ချင်းစီ ဖော်ပြပေးထားတဲ့ သင်မေးမြန်းသင့်သောမေးခွန်းများ၊ သင့်ရဲ့ဒေတာအချက်အလက်များနဲ့ စာရင်းဇယားများကို ဘယ်လိုရွေးချယ်ကြမလဲဆိုတာနဲ့ ကိန်းဂဏ္ဍန်းအချက်အလက်များရဲ့နောက်ကွယ်က အကြောင်းအရင်းများကို လက်တွေ့ဆောင်ရွက်မှုမပြုမှီတွင် ယခုပဲလေ့လာဖတ်ရှုကြည့်လိုက်ပါ။ 

နိဂုံးချုပ် 

နိဂုံးချုပ်အနေနဲ့ ပြောကြားလိုတာကတော့ Team charter တစ်ခုကိုဖန်တီးတည်ဆောက်ခြင်းဟာ လုပ်ငန်းအဖွဲ့အစည်းရဲ့ ရည်မှန်းချက်များနဲ့ အသင်းအဖွဲ့ များရဲ့ ရည်မှန်းချက်များ ထပ်တူညီမှုရှိစေပြီး တစ်ဦးတစ်ယောက်ချင်းစီရော အဖွဲ့အစည်း တစ်ခုလုံးအနေနဲ့ပါ အောင်မြင်မှုရရှိနိုင်စေရန်အတွက် ဖြစ်လာစေနိုင်တဲ့ ထိရောက်မှုရှိသောနည်းလမ်းတစ်ခုဖြစ်ပါတယ်။ 

 

ဒီ Article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက်
www.jobsinyangon.com 


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Smilax Global Company

Smilax Global Company

The goal on Information Technology and Services of Smilax Global is to deliver the best in IT service managementto ensure that our customers and, ultimately, the citizens of Myanmar realise the most f...
Show the postings (1)
Tharaphu Soe Myint Company Limited

Tharaphu Soe Myint Company Limited

Under the leadership of the proprietor U Soe Myint and the assistance of the expertise knowledge of the technicians, the company works for the welfare of the local farmers and peasants.The aim of the ...
Show the postings (5)
Mega Marine Frozen Seafood Company Limited

Mega Marine Frozen Seafood Company Limited

.We are exporting fresh water fish, sea water fish to UK, Kuwiat, Dubai, Saudi Arabia, Bangladesh, Pakistan, Taiwan, China Thailand, India and worldwide markets.We are one of the major import and expo...
Show the postings (27)
Power Light Co.,Ltd

Power Light Co.,Ltd

...Power Light was incorporated with the vision of providing customers with highest quality lighting products and consultation services at best cost efficient solution in Myanmar. In order to be the l...
Show the postings (16)
AA Medical Products

AA Medical Products

Our headquarters office is in Yangon and we have the branch offices in Mandalay, Myintkyina, Mawlamyine, Taunggyi, Lashio, Magwe, Sittwe, Kalay, Meik, Dawei, Pathein and Nay Pyi Taw.We have over 700 e...
Show the postings (68)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS