Jobs In Myanmar
Load...

HRM function များ - HRM ၏ အဓိက (Major Function) ၇ ခုအကြောင်း (ပုံနှင့်တကွ) (အပိုင်း - ၃)

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: Knowledge-HRM-Functions-JobsInYangon



HRM function များ - HRM ၏ အဓိက (Major Function) ၇ ခုအကြောင်း (ပုံနှင့်တကွ) (အပိုင်း - ၃) 

၂။ လက်လီအရောင်းဝန်ထမ်းများကို ခေါ်ယူခန့်အပ်ခြင်းနှင့် ရွေးချယ်ခြင်း

လက်လီအရောင်း organization တစ်ခုရဲ့အောင်မြင်မှုဟာ အလုပ်အတွက် လျှောက်ထားလာတဲ့သူများအနက်မှ ထိရောက်စွာစွမ်းဆောင်နိုင်စွမ်းရှိတဲ့ စတိုးဆိုင်ဝန်ထမ်းများကို ရွေးချယ်ခန့်ထားနိုင်ခြင်းအပေါ် များစွာမူတည်လျှက်ရှိနေပါတယ်။ အလုပ်ခေါ်ယူခန့်ထားမှုလုပ်ငန်းစဉ်တွင် ဝန်ထမ်းခေါ်ယူခြင်းဟာ ပထမဦးဆုံးအဆင့်တစ်ခုဖြစ်ပြီး ထိုအရာက ထိရောက်စွာ စွမ်းဆောင်နိုင်စွမ်းရှိတဲ့ စတိုးဆိုင်ဝန်ထမ်း (အောက်ခြေဝန်ထမ်း) များကို ရရှိနိုင်ဖို့နဲ့ ဆက်လက်တည်မြဲအောင် ထိမ်းသိမ်းထားနိုင်ပြီး sales target များကို ပြည့်မှီစေရန် ဆောင်ရွက်နိုင်ဖို့ရာအတွက် အဓိကရည်ရွယ်ထားတာဖြစ်ပါတယ်။ 

ဝန်ထမ်းခေါ်ယူခန့်ထားခြင်းတွင် လုပ်ဆောင်ချက် (function) ၃ ခု ပါဝင်နေပါတယ်။ 

(က) ဝန်ထမ်းခေါ်ယူခြင်း 
(ခ) ဝန်ထမ်းရွေးချယ်ခြင်းနဲ့
(ဂ) အလုပ်တာဝန်ပေးအပ်ခြင်း တို့ဖြစ်ပါတယ်။ 

 

ဝန်ထမ်းခေါ်ယူခြင်း၏ အဓိပ္ပါယ်မှာ - 

Edwin Flippo ၏အဆိုအရ “ဝန်ထမ်းခေါ်ယူခြင်းဆိုသည်မှာ ဝန်ထမ်းဖြစ်လာနိုင်ခြေရှိတဲ့သူများကိုရှာဖွေပြီး သူတို့အား organization အတွင်းရှိ အလုပ်များကို လျှောက်ထားကြရန်အတွက် လှုံ့ဆော်ခြင်းလုပ်ငန်းစဉ်ဖြစ်ပါတယ်။" 

Werther နဲ့ K. Davis တို့၏အဆိုအရ “ဝန်ထမ်းခေါ်ယူခြင်းဆိုသည်မှာ အလုပ်ခန့်အပ်နိုင်ရန်အတွက် စွမ်းဆောင် ရည်ရှိတဲ့ အလုပ်လျှောက်ထားသူများကို ရှာဖွေဆွဲဆောင်ခြင်းလုပ်ငန်းစဉ်ဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်ဟာဝန်ထမ်း အသစ်များကို ခေါ်ယူရာတွင်အစပြုပြီး၊ အဆိုပါဝန်ထမ်းများက အလုပ်လျှောက်လွှာများ တင်လာတဲ့အခါတွင် အဆုံးသတ်မှာဖြစ်ပါတယ်။ ရလာဒ်အနေနဲ့ကတော့ အလုပ်လျှောက်ထားသူများကို ရရှိလာမှာဖြစ်ပြီး ထိုအထဲက မှ ဝန်ထမ်းအသစ်များကို ရွေးချယ်သွားမှာဖြစ်ပါတယ်။” 

သီအိုရီအရ ဆိုရသော် . . . ဝန်ထမ်းခေါ်ယူခြင်းဆိုသည်မှာ သင့်တော်သည့်ဝန်ထမ်းများကိုရှာဖွေနိုင်ရန်အတွက် ဦးတည်ချက်ထားပြီး သူတို့ကို organization အတွင်းရှိအလုပ်များကိုလျှောက်ထားကြရန်အတွက် လှုံ့ဆော်မှု ပေးသော အပေါင်းလက္ခဏာဆောင်သည့်လုပ်ငန်းစဉ်တစ်ခုဖြစ်ပါသည်။ 

ဝန်ထမ်းရွေးချယ်ခြင်း၏ အဓိပ္ပါယ်မှာ - 

ဝန်ထမ်းရွေးချယ်ခြင်းဆိုသည်မှာ အရည်အသွေးပြည့်မှီမှုရှိပြီး သင့်တော်သည့် စတိုးဆိုင်ဝန်ထမ်းများကို ရွေးချယ်ပြီးနောက် organization ၏ လိုအပ်ချက်များ၊ သူတို့၏ စွမ်းဆောင်ရည်များအလိုက် အလုပ်တာဝန်များ သတ်မှတ်ပေးရခြင်းလုပ်ငန်းစဉ်ဖြစ်ပါတယ်။ ထို့ကြောင့် စီမံခန့်ခွဲသူတို့၏လက်ထဲတွင် ဒီအရာဟာ များစွာသော နည်းစနစ်များဖြစ်သည့် group discussion များ၊ သီးသန့်တွေ့ဆုံမေးမြန်းမှုများ၊ game test များ အစရှိသည့် အရာများကိုအသုံးချပြီး သင့်တော်မှုရှိသောလျှောက်ထားသူများနှင့် သင့်တော်မှုမရှိသော လျှောက်ထားသူများကို ခွဲခြားပေးနိုင်တဲ့ tool တစ်ခုပဲဖြစ်ပါတယ်။ 

Thomas stone ၏ အဆိုအရ “ဝန်ထမ်းရွေးချယ်ခြင်းဆိုသည်မှာ အလုပ်လျှောက်ထားသူများအကြားမှ အဆိုပါ အလုပ်တွင် ပိုမို၍အောင်မြင်မှုရှိနိုင်ခြေရှိသည့်သူများကို ခွဲခြားဖော်ထုတ်ရခြင်းလုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါတယ်။” 

Dale Yolder ၏ အဆိုအရ “ဝန်ထမ်းရွေးချယ်ခြင်းဆိုသည်မှာ အလုပ်နေရာတစ်ခုအတွက်လျှောက်ထားလာ သည့်ဝန်ထမ်းများကို အလုပ်ခန့်ဖို့ရည်ရွယ်ထားသည့်ဝန်ထမ်းများနှင့် အလုပ်ခန့်အပ်ခြင်းမခံရမည့် ဝန်ထမ်းများ ဟူ၍ အဆင့် ၂ခု ခွဲခြားသတ်မှတ်ခြင်းလုပ်ငန်းစဉ်ဖြစ်ပါတယ်။” 

လက်လီအရောင်းကုမ္ပဏီကြီးများတွင် ကျင့်သုံးလျှက်ရှိသော ဝန်ထမ်းရွေးချယ်မှုအဆင့်များ - 

ဝန်ထမ်းရွေးချယ်မှုလုပ်ငန်းစဉ်သည် အလုပ်လျှောက်ထားသူများကို လက်ခံရရှိသည့်အချိန်မှအစပြုကာ အဆုံးသတ် အလုပ်ခန့်အပ်ပြီးသည့်အချိန်တွင်မှပြီးဆုံးမည်ဖြစ်သည့် ရှည်လျားလှသော လုပ်ငန်းစဉ်တစ်ရပ် ဖြစ်ပါတယ်။ ဒီရွေးချယ်မှုလုပ်ငန်းစဉ်ဟာ အဖွဲ့အစည်းတစ်ခုနဲ့ တစ်ခု ကွဲလွဲမှုများရှိနေနိုင်သလို့ မတူညီတဲ့ အလုပ်နေရာ ၂ခုအတွက်လဲ ကွဲလွဲမှုများရှိနေနိုင်ပါတယ်။ 

ဥပမာအားဖြင့် - လက်လီအရောင်းကုမ္ပဏီတစ်ခုတွင်၊ သူတို့က entry level အရောင်းကိုယ်စားလှယ်တစ်ဦးကို ရှာဖွေနေပါက တက္ကသိုလ်များ၊ အလုပ်ခေါ်စာကြော်ငြာများနဲ့ ရှိနေပြီးသားဝန်ထမ်းများက ထောက်ခံပေးတဲ့သူ များကိုသာ အလေးပေးကာရွေးချယ်ကြမှာဖြစ်ပါတယ်။ သို့သော် - လက်လီအရောင်းကုမ္ပဏီတစ်ခုဟာ အလယ်အလတ်တန်း စီမံခန့်ခွဲမှုရာထူးများအတွက် ဝန်ထမ်းတစ်ဦးကိုရှာဖွေနေပါက သူတို့အနေနဲ့ အလုပ်ရှာဖွေ ရေးအေဂျင်စီများ၊ ပြိုင်ဘက်ကုမ္ပဏီများ၊ အလုပ်ခေါ်စာကြော်ငြာများနဲ့ ရှိပြီးသားဝန်ထမ်းများအနက်မှ ရာထူးတိုးမြှင့်ပေးခြင်းများကို ပြုလုပ်ကြဖို့ အခွင့်အလမ်းပိုများပါတယ်။ ဒီဝန်ထမ်းခေါ်ယူရေးလုပ်ငန်းစဉ်ဟာ ကုန်ကျစရိတ်များနိုင်ပါတယ်။ ထိရောက်မှုရှိသော ဝန်ထမ်းခေါ်ယူရေးလုပ်ငန်းစဉ်တစ်ခုကို အကောင်အထည် ဖော်ဆောင်ရွက်နိုင်ဖို့ဟာ အချိန်များစွာလိုအပ်နိုင်ပါတယ်။  
ထို့ကြောင့် ကုမ္ပဏီဘက်မှ ဒီအလုပ်ရာထူးနေရာတစ်ခုကို စနစ်ကျသောနည်းလမ်းနဲ့ ဖော်ထုတ်နိုင်ဖို့လိုအပ်ပါတယ်။ 

ဥပမာ - store accountant များ၊ store supervisor များ၊ store manager များ ကို ရွေးချယ်ခြင်းလုပ်ငန်းစဉ်ဟာ အခြေခံဝန်ထမ်းနေရာကို လျှောက်ထားတဲ့ applicant များကိုရွေးချယ်ရခြင်း ထက် ပိုမိုကြာရှည်ကာ ခက်ခဲနိုင်ပါတယ်။ Organization တစ်ခုအတွင်း သင့်တော်တဲ့ဝန်ထမ်းတစ်ဦးကို ရွေးချယ်ဖို့လိုအပ်တဲ့ များစွာသောအဆင့်များကို ထိပ်တန်း management ရာထူးများမှ ဆုံးဖြတ်ချက် ချမှတ်ပေးသင့်ပါတယ်။ 

မှတ်ချက် - လျှောက်ထားသူများဟာ ဝန်ထမ်းရွေးချယ်မှုလုပ်ငန်းစဉ်၏ အဆင့်တိုင်းတွင် ဖယ်ထုတ်သွားခြင်း ခံရမှာဖြစ်ပြီး အဆုံးသတ်တွင် ထိုအလုပ်နေရာအတွက် သင့်တော်ကိုက်ညီမှုရှိတဲ့သူများကိုသာ ရွေးချယ်ခြင်း ခံရမှာဖြစ်ပါတယ်။ အဆင့်တိုင်းတွင် - သတ်မှတ်ချက်မပြည့်မှီတဲ့ စမ်းသပ်စစ်ဆေးမှုရလာဒ်များ (သို့) ခန္ဓာကိုယ် အခြေအနေများအရ ကိုက်ညီမှုမရှိခြင်း အစရှိတဲ့ အခြေအနေများရှိလာရင်တော့ ဝန်ထမ်းများအနေနဲ့ ဖယ်ထုတ် ခြင်းကို ခံရနိုင်ပါတယ်။ 

ပုံပါအဆင့်များကတော့ လက်လီအရောင်းဝန်ထမ်းများကို ရွေးချယ်မှုပြုလုပ်သည့်အခါတွင် အသုံးများသော အဆင့်များပဲဖြစ်ပါတယ် -

 

 

ဒီ Article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်လိမ့်မယ်လို့မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက် 
www.jobsinyangon.com

Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Myanmar First Asia Group

Myanmar First Asia Group

The Myanmar First Asia is Group of companies focused in Marketing and Distribution of Gems & Jewellery, Lubricant, Coach and bus , Food and Beverages founded in 2008. Myanmar First Asia is striving to...
Show the postings (8)
Myanmar Unilink Co., Ltd

Myanmar Unilink Co., Ltd

Our Company aspires to achieve the largest broadband access network and integrated content services provider. Promoting physical, mental, and spiritual satisfaction of all employees, while promoting a...
Show the postings (4)
Phyo Pyae Sone Myanmar Co.,Ltd

Phyo Pyae Sone Myanmar Co.,Ltd

With customers at the forefront of our minds,The Company prioritizes for the best of customer service at value price point for our guests with uncompromising quality and facilities.Starting from Distr...
Show the postings (42)
I.E.M Co., Ltd.

I.E.M Co., Ltd.

Vision “ One Stop Solution for Power, Generation, Drive & Control” Mission * Deliver quality products & services by meeting customer needs and expectations. * Dedicated with applicab...
Show the postings (1)
Flavours & Fragrances Distribution Company Limited

Flavours & Fragrances Distribution Company Limited

Our company aims to be more marketable and sustainable.Since our company is made up of a family of only a few employees, it is clear that our own skills and hard work are clearly displayed.We are a co...
Show the postings (3)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS