Jobs In Myanmar
Load...

HRM Functions: 7 Major Functions of HRM (With Diagram) (Part – 5)

by www.jobsinyangon.com


Tags: Knowledge-HRM-Functions-JobsInYangon



HRM function များ - HRM ၏ အဓိက (Major Function) ၇ ခုအကြောင်း (ပုံနှင့်တကွ) (အပိုင်း - ၅) 
 
 
၅။ လစာငွေများနှင့် အကျိုးခံစားခွင့်များပေးအပ်မှု
 
Organization အများစုတွင် လစာငွေများနဲ့ အကျိုးခံစားခွင့်များသည် စုစုပေါင်းကုန်ကျစရိတ်၏ အစိတ်အပိုင်း အတော်များများကို နေရာယူထားသော အရာတစ်ခုဖြစ်ပါတယ်။ လစာငွေများဟာ Organization အတွက်သာ မက၊ အလုပ်သမားများနဲ့ ဝန်ထမ်းများအတွက်လဲ သူတို့ရဲ့ လူမှုရေးဆိုင်ရာ ဂုဏ်သိက္ခာကို ထိန်းသိမ်းထားနိုင်ရန် အတွက် တူညီစွာ အရေးပါမှုရှိသော အရာတစ်ခုဖြစ်ပါတယ်။ 
 
လစာငွေများ၊ အကျိုးခံစားခွင့်များကို ပေးအပ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်မှာ ကုန်ကျစားရိတ်များကို ထိန်းချုပ် နိုင်ရန်၊ မျှတသင့်တော်သော လစာငွေများကို အားလုံးရရှိနိုင်စေရန်၊ လစာငွေများ၊ အကျိုးခံစားခွင့်များကို မက်လုံးတစ်ခုအနေနဲ့ အသုံးပြုပြီး ပိုမိုမြင့်မားသော ဝန်ထမ်းများရဲ့ လုပ်ငန်းစွမ်းဆောင်ရည်ကိုရရှိနိုင်ရန်နှင့် သင့်တော်ကျေနပ်ဖွယ်ကောင်းသော public image ကို တည်ဆောက်နိုင်ရန်တို့ပဲဖြစ်ပါတယ်။ 
 
ထို့ကြောင့်ပဲ လက်လီအရောင်းလုပ်ငန်းတိုင်းရဲ့ HR ဌာနများအနေနဲ့ ဝန်ထမ်းများရဲ့ လစာငွေများနဲ့ များစွာသော အကျိုးခံစားခွင့်များအတွက် ရှင်းလင်းတိကျသော ပေါ်လစီများ၊ လမ်းညွှန်များရှိနေဖို့ဟာ မရှိမဖြစ်လုပ်ဆောင် ထားရမယ့် အချက်တစ်ခုပဲဖြစ်ပါတယ်။ အဆိုပါ လစာငွေအစီအမံများကို ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်စေဖို့အတွက် HR ဌာနများအနေနဲ့ လုပ်ငန်းအမျိုးအစားတူညီတဲ့ အခြား organization တွေက ဘယ်လိုအကျိုးခံစားခွင့်များကို ပေးအပ်နေသလဲဆိုတာကို သိရှိထားသင့်ပါတယ်။ 
 
ဝန်ထမ်းများရဲ့ အလုပ်ရှင် (ကုမ္ပဏီ/ တစ်ဦးတစ်ယောက်) အပေါ်ထားရှိတဲ့ စိတ်နေစိတ်ထားဟာ သူတို့ရရှိနေတဲ့ လုပ်အားခများအပေါ် သူတို့က စိတ်ကျေနပ်မှုရှိနေရဲ့လားဆိုတာနဲ့ တိုက်ရိုက်သက်ဆိုင်မှုရှိနေပါတယ်။ ဒါပေမယ့် ဒါဟာ ဝန်ထမ်းများအနေနဲ့ စိတ်ကျေနပ်မှုကိုရရှိစေမယ့် တစ်ခုတည်းသောအချက်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဝန်ထမ်းတစ်ဦးအနေနဲ့ စိတ်အားတက်ကြွမှုရှိနေဖို့အတွက်မှာ သူ/ သူမရဲ့အခြေခံလစာအပေါ် သူ/ သူမတို့က ကျေနပ်မှုရှိနေဖို့တော့ လိုအပ်ပါလိမ့်မယ်။ ဒီနည်းလမ်းဟာ စီမံခန့်ခွဲမှုရဲ့ အငယ်တန်းနဲ့ အလယ်အလတ်တန်း ဝန်ထမ်းများကို စိတ်ကျေနပ်မှုရှိစေဖို့ရာ လုပ်ဆောင်နိုင်မယ့် အကောင်းဆုံးသော နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။ 
 
 
၆။ ဝန်ထမ်းများနှင့် ကုမ္ပဏီတို့အကြား ဆက်ဆံရေးများတည်ဆောက်ခြင်း
 
ယနေ့ခေတ်တွင် လက်လီရောင်းချခြင်းကို ဝန်ထမ်းများစွာက အတူတကွပူးပေါင်းကာ ပြုလုပ်နေကြပြီပဲဖြစ်ပါတယ်။ HR မန်နေဂျာဟာ labor (အလုပ်သမားများနဲ့ ဝန်ထမ်းများ) ကို လူထုဆက်ဆံရေး နည်းလမ်း များကိုအသုံးပြုပြီး ထိန်းချုပ်နိုင်ဖို့ရာမှာ အခြေခံအားဖြင့် တာဝန်ရှိနေပါတယ်။ ဝန်ထမ်းများဟာ တစ်ဦးနဲ့ တစ်ဦး မတူညီကြပါဘူး၊ ထိုအတွက်ကြောင့်လဲ တစ်ခါတစ်ရံတွင်ဖြစ်ပေါ်တတ်တဲ့ ပြောဆိုဆက်ဆံရေးလိုအပ်ချက်များ ကြောင့် ဝန်ထမ်းများအကြားဆက်ဆံရေးမှာ အဖွဲ့အစည်းတစ်ခုအတွင်း ဆိုးရွားမှုများရှိလာနိုင်သည်မှာ ဖြစ်လေ့ရှိ တဲ့အရာတစ်ခုပဲဖြစ်ပါတယ်။ ထို့အတွက်ကြောင့် HR ဌာနအနေနဲ့ ဝန်ထမ်းဆက်ဆံရေးနဲ့ သက်ဆိုင်သော သင့်တော်တဲ့ ပေါ်လစီများ၊ ဥပဒေများ၊ စည်းမျဉ်းများကို သိရှိထားဖို့လိုအပ်မှာဖြစ်ပါတယ်။ 
 
ညီညွှတ်မျှတတဲ့ဆက်ဆံရေးများဟာ လက်လီရောင်းချသူများနဲ့ ဝန်ထမ်းများအကြားတွင် ရှိနေဖို့လိုအပ်ပါတယ်။ ထိုအရာကလုပ်ငန်းခွင်အတွင်း ငြိမ်းချမ်းမှုကိုရရှိစေရုံသာမက ပိုမိုကောင်းမွန်မြင့်မားသော sales target များကို ပါ ရရှိလာစေနိုင်ပါတယ်။ ယနေ့ခေတ် လက်လီရောင်းချရေးကုမ္ပဏီအများစုတွင် HR ဌာနများရှိနေသည့်အပြင် တရားရေးကျွမ်းကျင်သူများရဲ့အကြံပေးဝန်ဆောင်မှုများကိုလည်း အချိန်အပိုင်းအခြားအလိုက်ရယူလေ့ရှိကြပါ တယ်။ ထို့အပြင် တရားရေးဆိုင်ရာကျွမ်းကျင်သူများကို အဖွဲ့အစည်းအတွင်းခေါ်ယူခန့်အပ်ထားဖို့ဟာလည်း လိုအပ်ချက်တစ်ရပ်ဖြစ်လာပြီဖြစ်ပါတယ်။ အဘယ်ကြောင့်ဆိုသော် ပြည်နယ်/ နိုင်ငံတစ်ခုစီတိုင်းတွင် HR ကို စီမံခန့်ခွဲဖို့အတွက် မတူကွဲပြားတဲ့ ဥပဒေများရှိနေတဲ့အတွက်ပဲဖြစ်ပါတယ်။ 
 
 
၇။ ဆက်ဆံရေးများကို စီမံခန့်ခွဲခြင်း
 
မည်သို့သော organization တွင်မဆို employment relationship ကို labor relations နဲ့ managerial relations ဟူ၍ အပိုင်း ၂ပိုင်းခွဲခြားနိုင်ပါတယ်။ Labor relations ဟူသည့် “အလုပ်သမားများ” နဲ့သက်ဆိုင်သော အရာမှာ ပို၍ရိုးရှင်းပါတယ်။ Labor relation ကို “market relations” ဟူ၍လည်း ခေါ်ဝေါ်တတ်ကြပါတယ်။ အခြားတစ်ဖက်တွင်မူ managerial relations ဆိုတာကတော့ အထက်ဖော်ပြပါလုပ်ငန်းစဉ်တွေ ဘယ်လိုဖြစ်ပေါ်လာမလဲဆိုတာကို အဆုံးအဖြတ်ပေးနိုင်တဲ့ ဆက်ဆံရေးများပဲဖြစ်ပါတယ်။ 
 
Labor relations က တာဝန်ချိန်တစ်ခုရဲ့ (သတ်မှတ်ထားတဲ့နာရီအတိုင်း) ဈေးနှုန်းကိုဖော်ထုတ်သတ်မှတ်ပေးခြင်း ဖြစ်ပါတယ်။ သို့သော် managerial relations ကတော့ အဆိုပါအချိန်အတွင်း အလုပ်မည်မျှပြီးစီးရမည်၊ မည်သည့်အလုပ် (သို့) အလုပ်များကိုလုပ်ဆောင်ရမည်၊ ဘယ်သူတွေမှာတော့ ဒီအလုပ်တွေကိုဖော်ထုတ်ပြီး ဘယ်အလုပ်တာဝန်များကို ပြောင်းလဲပိုင်ခွင့်ရှိသည်၊ အကယ်၍ အဆိုပါအလုပ်တာဝန်များကို ပြီးမြောက်ခြင်းမရှိခဲ့ပါက မည်သည့်အပြစ်ဒါဏ်ပေးခြင်းများနဲ့ ကြုံတွေ့ရနိုင်သည်။ အစရှိသည့်အရာများကို ဖော်ထုတ်သတ်မှတ်ပေးရခြင်းပဲဖြစ်ပါတယ်။ (Clegg 1979:1)
 
 
 
 
ဒီ Article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်လိမ့်မယ်လို့မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက် 
www.jobsinyangon.com
 

Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


KM Terminal and Logistics Limited

KM Terminal and Logistics Limited

VISION To be the leading Asia based logistics service provider. MISSION With our home base in Asia and a strong focus on China, we deliver the best logistics solutions to make our customers succe...
Show the postings (10)
VPower Group Holdings Limited

VPower Group Holdings Limited

We provide career development and attractive remuneration package and fringe benefits to the right candidates.VPower Group are one of the world's leading large gen-set system integration providers and...
Show the postings (2)
PROQC INTERNATIONAL PVT. LTD.

PROQC INTERNATIONAL PVT. LTD.

To nurture the trust of our customers and our team through dynamic interactions, creative supply chain solutions, and integrated partnership The global quality solution, engineering, and consulting s...
Show the postings (3)
Ongo Myanmar

Ongo Myanmar

Ongo digital payment services are now available in Myanmar through the Ongo Mobile Money App!Ronoc Asia was incorporated in July 2015 when Ronoc, an international investment and advisory firm (founded...
Show the postings (1)
Diebold Nixdorf Myanmar Ltd

Diebold Nixdorf Myanmar Ltd

With a population of nearly 54 million people, Myanmar has huge growth potential in the banking sector as it expands its services outside of Yangon to more rural areas where it is estimated that more ...
Show the postings (4)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS