ချိတ်ဆွဲရန်စာတန်း: Knowledge-HumanResource-Audit-HR-JobsinYangon
လူသားအရင်းအမြစ်စာရင်းကိုင်၏ အဓိပ္ပါယ်၊ အဆင့်များနှင့် အားသာချက်များ
လူသားအရင်းအမြစ်စာရင်းကိုင်ဆိုသည်မှာ အဖွဲ့အစည်းတစ်ခု၏ HR စနစ်တစ်ခုအတွင်းရှိ လက်တွေ့ဆောင်ရွက်နေသော အရာများ၊ စာရွက်စာတမ်းတင်ပြမှုများ၊ မူဝါဒများနှင့် လု့ပ်ငန်းစဉ်များကို ဓမ္မဓိဌာန်ကျကျ၊ နည်းစနစ်ကျကျနှင့် နားလည်စေ နိုင်မည့်နည်းလမ်းတစ်ခုဖြစ်ပါသည်။ ထိရောက်သော HR စာရင်းကိုင်များဟာ HR လုပ်ဆောင်ချက်တစ်ခု၏ တိုးတက်ရန်နှင့် ပိုမိုကောင်းမွန်စေရန်အတွက် ပြုလုပ်ရန်လိုအပ်သောအရာများကို ဖော်ထုတ်နိုင်စေဖို့ရာအတွက် အကူအညီပြုနိုင်ပါသည်။ အဖွဲ့အစည်းတစ်ခု၏ အစဉ်ပြောင်းလဲနေသော စည်းမျဉ်းစည်းကမ်းများကို လိုက်နာမှုရှိစေရန် ထိန်းသိမ်းနိုင်ဖို့အတွက်ကို လည်း လမ်းညွှန်မှုပေးပါသည်။ ထို့ကြောင့် HR စာရင်းကိုင်များဟာ လက်ရှိ HR ၏လုပ်ဆောင်ချက်များဟာ ဘာတွေလဲဆို တာနှင့် ဖြစ်သင့်၊ ဖြစ်ထိုက်တဲ့ အဖွဲ့အစည်းတစ်ခု၏ အကောင်းဆုံး HR လုပ်ဆောင်ချက်တို့၏ ကွာဟမှုအား ခွဲခြမ်းစိတ်ဖြာ နိုင်စေဖို့အတွက် အကူအညီပေးနေပါသည်။
HR စစ်ဆေးမှုပြုခြင်းဟာ ငွေကြေးစာရင်းပြုစုခြင်းကဲ့သို့ မရှိမဖြစ်လိုအပ်သောအရာမဟုတ်သော်လည်း ယနေ့ခေတ်အဖွဲ့အ စည်းများတွင်ပုံမှန် HR စာရင်းကိုင်များကိုဌားရမ်းပြီး လက်ရှိ HR စနစ်များဟာ အဖွဲ့အစည်းရဲ့မူဝါဒများ၊ ဗျူဟာများ၊ ရည်မှန်းချက်များနှင့် ကိုက်ညီမှုရှိပါရဲ့လားဆိုသည်ကို ခေါ်ယူစစ်ဆေးမှုများပြုလုပ်ကြပါသည်။ HR စာရင်းကိုင်တစ်ဦးသည် အဖွဲ့အစည်းတစ်ခု၏အတွင်းမှ သို့မဟုတ် ပြင်ပမှလည်းဖြစ်နိုင်ပါသည်။ ယျေဘူယျအားဖြင့် HR အတိုင်အပင်ခံလုပ်ငန်းများ သည် ပြင်ပ HR စာရင်းကိုင်များအနေဖြင့်ဝန်ဆောင်မှုပေးနိုင်ပါသည်။
ခေါင်းဆောင်ပိုင်းမှစီမံခန့်ခွဲသူတို့သည် HR စာရင်းစစ်တစ်ဦးအနေနှင့် ကောင်းမွန်မှန်ကန်အောင်မြင်စွာလုပ်ဆောင်နိုင်စေရန် အတွက် သူတို့အနေနှင့် လုပ်ဆောင်နိုင်သောအတိုင်းအတာနှင့် အချက်အလက်များကို ပြင်ပ HR လုပ်ငန်းသို့ ရှင်းလင်းစွာ ဖော်ပြပေးရန်အတွက်လိုအပ်မည်ဖြစ်ပါသည်။ ထိုအရာများတွင် HR စာရင်းစစ်ဌားရမ်းရခြင်း၏ တိကျသောရည်ရွယ်ချက် အတိအကျ၊ တရားဝင်လိုအပ်ချက်များကိုလိုက်နာမှုများနှင့် ကုမ္ပဏီ၏မူဝါဒများကိုစစ်ဆေးမှုပြုလုပ်ခြင်းများ၊ အကျပ်အ တည်းများကိုရှောင်လွှဲနိုင်ရန်အတွက် ပြဿနာဖြစ်နေသောကဏ္ဍများကို သင့်တော်သောအစီအမံများပြုလုပ်ပြီး ဖော်ထုတ် ခြင်း၊ ပါဝင်သက်ဆိုင်နေသောသူများ (ဝန်ထမ်းများ၊ လက်တွဲဖော်များ နှင့် လူမှုပတ်ဝန်းကျင်၊ လုပ်ငန်းဆောင်တာအဆင့်များ အားတိုင်းတာခြင်း၊ အဖွဲ့အစည်းအတွင်းရရှိနိုင်သည့် HR နှင့်သက်ဆိုင်သောအခွင့်အလမ်းများ၊ လုပ်ငန်းများပေါင်းစည်းမှု၊ ဝယ်ယူမှုတို့ကြောင့်ဖြစ်ပေါ်လာသောအခြေအနေများ) စသည်တို့၏လိုအပ်ချက်များကို ပိုမိုကောင်းမွန်စွာ ဖြည့်ဆည်းပေးနိုင် စေဖို့ရာအတွက် နည်းလမ်းများကို လေ့လာမှုပြုလုပ်ခြင်းတို့ပါဝင်ပါသည်။
များသောအားဖြင့် စစ်ဆေးမှုပြုလုပ်ကြသော HR စနစ်၏ အဓိကပါဝင်သောအချက်များမှာ - စာရွက်စာတမ်းများပြုစုခြင်း၊ အလုပ်အခြေအနေဖော်ပြချက်များ၊ ဝန်ထမ်းမူဝါဒများ၊ တရားဝင်မူဝါဒများ၊ ဝန်ထမ်းခေါ်ယူမှုနှင့် စီစစ်ရွေးချယ်မှု (recruitment and selection)၊ သင်တန်းပေးမှုနှင့် တိုးတက်အောင်ဆောင်ရွက်မှု (training and development)၊ ဆုကြေးငွေပေးအပ်ခြင်းနှင့် ဝန်ထမ်းသက်သာချောင်ချိရေးစနစ် (compensation and employee benefit system)၊ သက်မွေးဝမ်း ကျောင်းမှုစီမံခန့်ခွဲခြင်း (career management)၊ ဝန်ထမ်းဆက်ဆံရေးများ (employee relations)၊ လုပ်ဆောင်နိုင်စွမ်းရည်တိုင်းတာမှု (performance measurement) နှင့် အကဲဖြတ်မှုလုပ်ငန်းစဉ်များ (evaluation process)၊ ဝန်ထမ်းထုတ်ပယ်မှု (termination)၊ လုပ်ငန်းစွမ်းဆောင်ရည်ကိုအဓိကအဆုံးအဖြတ်ပေးနိုင်မည့်အရာများ (key performance indicators) နှင့် HR သတင်းအချက်အလက်စနစ် (HRIS) တို့ပါဝင်ပါသည်။
HR စစ်ဆေးမှုပြုလုပ်ခြင်း၏လုပ်ငန်းစဉ်တစ်ခုလုံးကို အောက်ပါအဆင့်များဖြင့် ကျယ်ပြန့်စွာပိုင်းခြားထားပါသည်။ - စစ်ဆေးမှုမပြုလုပ်မှီကသတင်းအချက်အလက်များ၊ လုပ်ငန်းခွင်အတွင်းပြန်လည်သုံးသပ်မှုများ၊ မှတ်တမ်းများအားကြည့်ရှု ၍ပြန်လည်သုံးသပ်မှုများနှင့် စစ်ဆေးမှုပြုလုပ်ခြင်းမှထွက်ပေါ်လာသော တင်ပြချက်များတို့ဖြစ်ကြပါသည်။
ကနဦးအဆင့် ၃ဆင့်တွင် ဘက်စုံထောင့်စုံမှ များပြားသောအရည်အသွေးပြည့်မှီသည့် သတင်းအချက်အလက်များကိုစုစည်း ခြင်းပါဝင်ပါသည်။ သတင်းအချက်အလက်စုစည်းရမည့်နည်းလမ်းများမှာ ရည်ရွယ်ထားသောလူစု၏အရွယ်အစား၊ အချိန် ရရှိမှုနှင့် စုစည်းရမည့်အချက်အလက်အမျိုးအစားတို့အပေါ်တွင်မူတည်နေပါသည်။ စစ်ဆေးမှုမပြုလုပ်မှီက သတင်းအချက် အလက်များ၏အဆင့်တွင် အဖွဲ့အစည်းတစ်ခုအတွင်း လုပ်ငန်းလုပ်ဆောင်မှုများ၏အခြေခံဖြစ်သော အဖွဲ့အစည်း၏မူဝါဒ များ၊ HR ညွှန်ကြားမှုလက်စွဲများ၊ ဝန်ထမ်းများ၏လက်စွဲစာအုပ်များ၊ တင်ပြမှုမှတ်တမ်းများတို့ပါဝင်ကြပါသည်။ နောက်တစ်ဆင့်ဖြစ်သော လုပ်ငန်းခွင်အတွင်းပြန်လည်သုံးသပ်မှုများတွင် သတင်းအချက်အလက်ပြုစုရန်မေးခွန်းများကို ဖြေဆိုစေခြင်းများ၊ လူတွေ့မေးမြန်းမှုများ၊ လေ့လာကြည့်ရှုခြင်း၊ အလွတ်သဘောဆွေးနွေးခြင်းများ၊ လေ့လာဆန်းစစ်မှုများ သို့မဟုတ် အဆိုပါနည်းလမ်းများကိုစုပေါင်းအသုံးပြုခြင်းဖြင့် အဖွဲ့အစည်းအတွင်းရှိအဖွဲ့ဝင်များထံမှ အချက်အလက်များ ရယူခြင်းတို့ပါဝင်ပါသည်။ မှတ်တမ်းများကိုပြန်လည်သုံးသပ်ခြင်းအဆင့်တွင်မူ HR မှတ်တမ်းများ၊ ဝန်ထမ်းများ၏ဖိုင်များ၊ ဝန်ထမ်းများ၏ အလုပ်ပျက်ကွက်မှုဖြစ်စဉ်များနှင့် အလုပ်မှထွက်ခွာမှုများ၏ အချက်အလက်များ၊ သတိပေးမှုများ၊ လျော်ကြေးငွေတောင်းဆိုမှုများ၊ လုပ်ငန်းစွမ်းဆောင်ရည်အကဲဖြတ်မှုများ အစရှိသည်တို့ကို အသေးစိတ်ဖတ်ရှုလေ့လာ ရမည်ဖြစ်ပါသည်။
ထိုသို့စုစည်းရရှိသော အချက်အလက်များကိုအသုံးချခြင်းဖြင့် HR များအနေဖြင့် သတိပြုရမည့်အချက်အလက်များပါဝင် သည့်စာရင်း (HR Checklist) တစ်ခုကို ပြည့်စုံစွာတည်ဆောက်နိုင်မှာဖြစ်ပြီး ထိုအရာသည် HR စစ်ဆေးမှုများပြုလုပ်နိုင်ရန် အတွက် များသောအားဖြင့်အသုံးပြုသောနည်းလမ်းတစ်ခုဖြစ်ပါသည်။ အဆိုပါ Checklist နည်းလမ်းတွင် စစ်ဆေးမှုပြုလုပ် ခြင်းအားဖြင့်ရရှိလာသော နည်းစနစ်အချက်အလက်များ၊ အထူးသဖြင့် - မူဝါဒများ၊ လုပ်ငန်းစဉ်များနှင့် လက်တွေ့ဆောင် ရွက်မှုများပါဝင်ပြီး အစဉ်အတိုင်းတည်ဆောက်ထားခြင်းဖြစ်ပါသည်။ တစ်စုံတစ်ခုသောအရာတစ်ခုခြင်းစီအပေါ်တွင် အဖွဲ့ အစည်းမှသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိစေရန်အတွက် လက်တွေ့လိုက်နာကျင့်သုံးမည်ဖြစ်ပါသည်။ ထို့နောက် အဆိုပါလိုက်နာကျင့်သုံးရန်သတ်မှတ်ထားသောအရာနှင့် အမှန်တကယ်လိုက်နာကျင့်သုံးသောအရာတို့ကိုနှိုင်းယှဉ်ကာ အမှန် တကယ်လိုက်နာ/ နာခံမှု ရှိ၊ မရှိကိုလည်းဆုံးဖြတ်ရမည်ဖြစ်ပါသည်။ ဒီလေ့လာချက်များအရ နောက်ဆုံးစစ်ဆေးချက် အစီရင်ခံစာ (final audit report) သည် သင့်လျှော်သောကောက်ချက်ချမှုများနှင့် အကြံပြုချက်များအရ စုစည်းကာတည် ဆောက်ထားခြင်းဖြစ်ပြီး HR လုပ်ငန်းစဉ်တစ်ခု၏ အားသာချက်၊ အားနည်းချက်များနှင့် လိုအပ်နေသော တိုးတက်ရန်ဆောင် ရွက်သင့်သည့်အချက်များကို ဖော်ပြပေးမည်ဖြစ်ပါသည်။
ဒါကြောင့်မို့ HR စာရင်းစစ်များဟာ အဖွဲ့အစည်းတစ်ခုအတွင်းရှိ အရင်းအမြစ်များကို အကောင်းဆုံးအသုံးပြုနိုင်စေရန်နှင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်များကို ထိရောက်မှုအရှိဆုံးအသုံးပြုနိုင်ရန်အတွက် ကူညီထောက်ပံ့ပေးနေပြီး တစ်ချိန်တည်း မှာပင် လုပ်ငန်းတစ်ခု၏ အကောင်းဆုံးလုပ်ဆောင်ချက်များနှင့် စံသတ်မှတ်မှုတို့နှင့်အညီ HR လုပ်ငန်းစဉ်များနှင့် လုပ်ဆောင် ချက်များ အစဉ်ပြေချောမွေ့မှုရှိစေဖို့ရာအတွက် အသုံးဝင်ပါသည်။
ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
အများသူငါတွေရဲ့ CV တွေထဲကနေ အလုပ်ရှင်များစီမှ ဦးစွာရွေးချယ်ဖတ်ရှုခြင်းခံရတဲ့ CVဟာ သေသပ်တိကျမှုနဲ့ အစီအစဉ်တကျရှိစွာ တည်ဆောက်ထားတဲ့CV တစ်ဆောင်ဆိုတာကတော့ ယုံမှားဖွယ်မရှိပါဘူး ။ အဲဒီအတွက် CVတစ်စောင်ကိုရေးသား တည်ဆောက်တော့ မယ်ဆိုရင် အောက်ပါအချက်များကို ဂရုပြုစေလိုပါတယ်။
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။