Jobs In Myanmar
Load...

Human Resource Management (HRM) - Definition and Concept

by www.jobsinyangon.com


Tags: Knlowledge-HRM-Definition-Concept-JobsInYangon



လူသားအရင်းအမြစ်စီမံခန့်ခွဲမှု (HRM) - အဓိပ္ပါယ်နှင့် အယူအဆများ 

 

မကြာခဏဆိုသလို ကျွန်ုပ်တို့ဟာ ရေပန်းစားနေတဲ့သတင်းစာများနဲ့ လုပ်ငန်းနယ်ပယ်ကျွမ်းကျင်သူပညာရှင် များ သုံးနှုန်းနေကျဖြစ်တဲ့ Human Resource Management, Employee Relations နဲ့ Personnel Management ဆိုတဲ့ စကားလုံးတွေကို ကြားဖူးကြပါလိမ့်မယ်။ ဒီအသုံးအနှုန်းတွေကိုကြားလိုက်တိုင်းမှာလဲ ကျွန်ုပ်တို့အနေနဲ့ ထိရောက်စွာလုပ်ကိုင်နိုင်စွမ်းရှိတဲ့ မန်နေဂျာများဟာ တောက်ပပြောင်လက်နေတဲ့ရုံးခန်း အတွင်းတွင် များပြားလှသောအလုပ်များကို ကူးလူးလုပ်ကိုင်နေတဲ့ပုံစံကို မြင်ယောင်သွားတတ်ကြပါတယ်။ 

 

ဒီ article မှာတော့ ကျွန်ုပ်တို့က “HRM ဆိုသည်မှာ အဘယ်နည်း” ဆိုတဲ့ မေးခွန်းအပေါ် ကျယ်ပြန့်တဲ့အမြင်များကို ပေးအပ်နိုင်ဖို့နဲ့ စာဖတ်သူများကို ယနေ့ခေတ်ရဲ့ organization တွေက HRM ကို လက်တွေ့မှာ ဘယ်လိုအသုံးချနေသလဲဆိုတာများနဲ့ ပတ်သက်ပြီး အဓိကဆွေးနွေးတင်ပြပေးသွားလိုပါတယ်။ လူအများကထင်မြင်ယူဆထားတဲ့ အထက်ပါပုံရိပ်ဟာ တစ်ကယ်တန်းတွင် အချို့တဝက်တော့ မှန်ကန်မှုရှိနေနိုင်သော်လဲ HRM နယ်ပယ်ရဲ့ “သိပ္ပံနဲ့အတတ်ပညာ” ဟာ လူအများယူဆထားတာထက် ပိုမို၍နက်နဲမှုရှိနေပါတယ်။ HRM ကို “သိပ္ပံနဲ့အတတ်ပညာ” လို့ သုံးနှုန်းရသည်မှာ HRM သည် ဝန်ထမ်း (လူသား) များကို အရင်းအမြစ်တစ်ခုအနေနဲ့ တီထွင်ဆန်းသစ်မှုရှိတဲ့ ဖြေရှင်းနည်းများကိုအသုံးပြုပြီး စီမံခန့်ခွဲမှုတွေပြုလုပ်ရသလို အခြားတစ်ဖက်တွင်လဲ လိုအပ်တဲ့ သီအိုရီ (နည်းဥပဒေသ) များကို တိတိကျကျနဲ့ ခက်ခက်ခဲခဲထည့်သွင်းအသုံးပြုရခြင်းကြောင့် သိပ္ပံပညာဟုလဲ ခေါ်ဆိုနိုင်နေတာဖြစ်ပါတယ်။ 

 

အထက်တွင်တင်ပြပြီးသည့်အတိုင်း HRM ကိုအဓိပ္ပါယ်ဖွင့်ဆိုရာတွင် မတူကွဲပြားသည့် အပိုင်း (၂) ပိုင်းကို တွေ့ရှိရမှာဖြစ်ပါတယ်။ HRM ရဲ့ ပထမအဓိပ္ပါယ်ဖွင့်ဆိုချက်မှာ organization များအတွင်းရှိ ဝန်ထမ်းများ (လူများ) ကို စနစ်တကျ အသေးစိတ်စီမံအုပ်ချုပ်ရခြင်းလုပ်ငန်းစဉ်ဖြစ်ပြီး ထိုအရာတွင် ဝန်ထမ်းခေါ်ယူခြင်း၊ ဝန်ထမ်းထုတ်ပယ်ခြင်း၊ လစာငွေနှင့်အကျိုးခံစားခွင့် သတ်မှတ်ချက်များ၊ စီမံခန့်ခွဲမှု၊ လုပ်ငန်းစွမ်းဆောင်ရည် စီမံခန့်ခွဲမှု၊ အပြောင်းအလဲများကို စီမံခန့်ခွဲခြင်း၊ အလုပ်မှထွက်ခွာခြင်းများအားစီမံခန့်ခွဲခြင်း အစရှိတဲ့ လုပ်ဆောင်ချက်များ ပါဝင်နေပါတယ်။ ဒီအရာဟာ HRM ရဲ့ သမားရိုးကျ အဓိပ္ပါယ်ဖွင့်ဆိုချက်တစ်ခုဖြစ်ပြီး အချို့သော ကျွမ်းကျင်သူများကတော့ ဒီအရာကို အထက်တွင်ဖော်ပြသွားခဲ့တဲ့ ဝန်ထမ်းများ (လူများ) ကို စီမံခန့်ခွဲခြင်း (Personnel Management) လုပ်ဆောင်ချက်တစ်ခုအနေနဲ့ ယနေ့ခေတ်တွင် သတ်မှတ်ထားကြပါတယ်။ 

 

HRM ရဲ့ ဒုတိယ အဓိပ္ပါယ်ဖွင့်ဆိုချက်ကတော့ organization တစ်ခုအတွင်းရှိ ဝန်ထမ်းများ (လူများ) ကို အလုံးစုံစီမံခန့်ခွဲရခြင်းဖြစ်ပါတယ်။ ထိုအရာဟာ စီမံခန့်ခွဲသူတို့နဲ့ ဝန်ထမ်းများအကြား စုပေါင်းဆက်ဆံရေးပုံစံ တစ်ရပ်အနေနဲ့ လူများကိုစီမံခန့်ခွဲခြင်းဖြစ်ပါတယ်။ ဒီဖြေရှင်းနည်းဟာတော့ HRM လုပ်ဆောင်ချက်တစ်ခုရဲ့ ရည်မှန်းချက်များနဲ့ ရလာဒ်များကို အဓိကထားတဲ့ ဖြေရှင်းနည်းတစ်ခုဖြစ်ပါတယ်။ ဒီအရာက ယနေ့ခေတ် organization များတွင် ကျင့်သုံးလျှက်ရှိနေတဲ့ HR လုပ်ဆောင်ချက်များဟာ ဝန်ထမ်းများကိုတိုးတက်မှုရှိစေ ရန်နဲ့ စွမ်းရည်ထက်မြက်လာစေရန် လုပ်ဆောင်ပေးခြင်းဆိုတဲ့ အယူအဆနဲ့ကိုက်ညီမှုရှိနေပြီး စီမံခန့်ခွဲသူများ ရော ဝန်ထမ်းများအတွက်ပါ အကျိုးရှိစေမည့် “employment relationship” တစ်ခုကို တည်ဆောက်နိုင်စေ ရန်အတွက် အဓိကထားလုပ်ဆောင်လျှက်ရှိသည်ကို ဆိုလိုနေပါတယ်။ 

 

ဒီ အဓိပ္ပါယ်ဖွင့်ဆိုချက်များဟာ ဒုတိယစာပိုဒ်တွင် ဖော်ပြသွားခဲ့တဲ့ ဝန်ထမ်းစီမံခန့်ခွဲမှုနဲ့ တတိယစာပိုဒ်တွင် ဖော်ပြသွားခဲ့တဲ့ လူသားအရင်းအမြစ်စီမံခန့်ခွဲမှုတို့အကြားက ကွဲလွဲမှုတွေကို မီးမောင်းထိုးပြလျှက်ရှိပါတယ်။ အတိုချုံးပြောရမည်ဆိုပါက - ဝန်ထမ်းစီမံခန့်ခွဲမှုဆိုသည်မှာ “လုပ်သားများ” အပေါ် အခြေခံထားပြီး လူသားအရင်းအမြစ်စီမံခန့်ခွဲမှုဟာတော့ “အရင်းအမြစ်” များအပေါ် အခြေခံထားတာဖြစ်ပါတယ်။ အဓိကခြားနားချက်မှာ လက်ရှိကျင့်သုံးနေသည့် HRM ဆိုသည်မှာ ဝန်ထမ်းများအပေါ်ထောက်ပံ့ကူညီခြင်းနှင့် ထိရောက်မှုရှိစေမည့်နေရာများသို့ ပို့ဆောင်ပေးခြင်းအပြင် ပိုမို၍ အစီအစဉ်ရေးဆွဲခြင်း၊ စောင့်ကြပ်ကြည့်ရှု ခြင်းနှင့် ထိန်းကွပ်မှုရှိနိုင်စေရန်အတွက် ဆောင်ရွက်ပြီး စီမံခန့်ခွဲမှုဆိုင်ရာ ရည်မှန်းချက်များကို ပြည့်မှီအောင် ဆောင်ရွက်ခြင်းပဲဖြစ်ပါတယ်။ 

 

“HRM ဆိုသည်မှာ အဘယ်နည်း” ဆိုတဲ့ မေးခွန်းကို ကျွန်ုပ်တို့အနေနဲ့ ဘယ်လို့အဖြေမျိုးကိုပဲပေးနေနေ ဒါဟာ organization တစ်ခုအတွင်းရှိ လူများနဲ့သာ သက်ဆိုင်ပါတယ်။ ဒါကြောင့်လဲ အချို့သော နိုင်ငံသားပေါင်းစုံ ပါဝင်နေတဲ့ (Multinational Company) များတွင် HR manager များကို People manager များ၊ People Enabler များဟူ၍ ခေါ်ဆိုကြပြီး HRM ကိုလဲ people management လုပ်ဆောင်ချက်တစ်ရပ်အနေနဲ့ သတ်မှတ်ထားကြတာဖြစ်ပါတယ်။ ၂၁ ရာစုအတွင်းရှိ organization များတွင် HR manager (သို့) People manager ဆိုသည်အား သမားရိုးကျနည်းလမ်းများအတိုင်းသာ လုပ်ဆောင်ချက်များအပေါ်တာဝန်ရှိသူတစ်ဦး အနေနဲ့ သတ်မှတ်မထားကြတော့ပါဘူး။ အဖွဲ့အစည်းအတော်များများတွင် ဝန်ထမ်းခေါ်ယူရေး၊ လစာငွေပေးချေရေး၊ ဝန်ထမ်းထုတ်ပယ်ရေး၊ အစရှိတဲ့ဌာနများအသီးသီးရှိနေပြီဖြစ်ပြီး HR မန်နေဂျာများဟာ ထိုအရာတွေကို လုပ်ဆောင်ရမည့်အစား ဝန်ထမ်းများရဲ့ မျှော်လင့်ချက်များ၊ စီမံခန့်ခွဲသူတို့ရဲ့ ရည်မှန်းချက်များ ကို အပြန်အလှန်စီမံခန့်ခွဲပေးနိုင်ဖို့ရာအတွက် တာဝန်ယူထားကြရတာဖြစ်ပြီး ၂ဦး ၂ဖက်စလုံးအတွက် ကြားမှနေ၍ ညှိနှိုင်းပေးကာ ဝန်ထမ်းများအနေနဲ့ စိတ်ကျေနပ်မှုရရှိစေဖို့နဲ့ စီမံခန့်ခွဲသူတို့ရဲ့ ရည်မှန်းချက်များကို ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်စေဖို့အတွက် သေချာစွာလုပ်ဆောင်ပေးရမှာဖြစ်ပါတယ်။ 

 

ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Synergy Plus Co., Ltd

Synergy Plus Co., Ltd

Vision - To be one the Leading Construction Companies Mission - To provide our High Quality Services First after SAFETY Values - Integrity, Discipline, Professionalism, Enthusiasm & Innovation .- ...
Show the postings (4)
RHENUS LOGISTICS

RHENUS LOGISTICS

..Rhenus Myanmar Limited is located in the heart of Yangon (formerly known as Rangoon). Prior to the relatively recent foundation of the new capital city Naypyidaw, Yangon was the seat of government. ...
Show the postings (2)
Phee Int'l Shipping Myanmar Ltd

Phee Int'l Shipping Myanmar Ltd

MISSION: To provide all our customers an integrated one-stop platform to simplify their logistics management and carter to their total cargo and lifestyle logistics needs. VISION: To be the P...
Show the postings (50)
PENTA-OCEAN CONSTRUCTION CO., LTD.

PENTA-OCEAN CONSTRUCTION CO., LTD.

.“Creative company” for land and sea As a leading contractor in coastal and waterfront area, we seek to create attractive environment and pursue customer satisfaction and social contribution as a...
Show the postings (2)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS