Jobs In Myanmar
Load...

Importance of HRM for Organizational Success

by www.jobsinyangon.com


Tags: Knowledge-Organization-Management-HR-JobsinYangon



အဖွဲ့အစည်းဆိုင်ရာ အောင်မြင်မှုများအတွက် HRM ရဲ့ အရေးပါပုံ

 

HRM ရဲ့ အခြေခံသဘောတရားများနဲ့ အဖွဲ့အစည်းတွေရဲ့ ရည်ရွယ်ချက်ပန်းတိုင်များကိုရောက်ရှိအောင် အဆိုပါအရာက ဘယ်လိုမျိုးတွေကူညီထောက်ပံ့မှုတွေပေးနိုင်တယ်ဆိုတာကို ကျွန်ုပ်တို့ ဆွေးနွေးခဲ့ပြီးပြီဖြစ်ပါ တယ်။ ယခုဆောင်းပါးမှာဆိုရင်ဖြင့် အဖွဲ့အစည်းတွေမှာ HRM မဟာဗျူဟာကို ဘာလို့ထားရှိရလဲဆိုတာနဲ့ အဖွဲ့အစည်းဆိုင်ရာ အောင်မြင်မှုများအတွက် မရှိမဖြစ်လိုအပ်သော မဟာဗျူဟာများကိုဖြစ်ပေါ်စေတဲ့ Business Driver များရဲ့အကြောင်းကို ဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်။

ခက်ခဲကြမ်းတမ်းသောအလုပ်ပတ်ဝန်းကျင်တွင် ကောင်းမွန်စွာရှင်သန်နိုင်ဖို့အတွက် လုပ်ငန်းများဟာ ပုံမှန်တီထွင် ဆန်းသစ်နေရပြီး လုပ်ငန်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနဲ့ မဟာဗျူဟာများအရ အခြားသောလုပ်ငန်းများထက် ရှေ့သို့ပြေးနေစေရန် လိုအပ်ပါတယ်။ အဆိုပါ အားလုံးထက် ထိပ်ဆုံးကိုရောက်နေစေချင်တဲ့ တွန်းအားကြောင့်ပဲ စီမံခန့်ခွဲမှုများမှာ အောင်မြင်မှုရရှိစေဖို့သေချာစေရန်အတွက် HRM တွေဟာ အရေးပါတဲ့ အထောက်အကူ ကိရိယာဖြစ်လာပါတယ်။ 

ဆင့်ကဲပြောင်းလဲနေသော လုပ်ငန်းလမ်းစဉ်များ

အဖွဲ့အစည်းတွေဟာ သူတို့ရဲ့အဖွဲ့ဝင်တွေအပေါ် ဘာလို့ အာရုံစူးစိုက်မှုတွေများစွာထားလဲဆိုတာရဲ့ နောက်ကွယ်က အကြောင်းအရင်းကတော့ လက်ရှိအလုပ်ပတ်ဝန်းကျင်ထဲရှိလုပ်ငန်းများရဲ့ သဘောသဘာဝကြောင့်ပဲဖြစ်ပါတယ်။ ဝန်ဆောင်မှုလုပ်ငန်းများအပေါ် အခြေပြု၍တည်ဆောက်ထားသောစီးပွားရေးဆီသို့ ပုံမှန်ရွေ့လျားပြောင်းလဲလာ သည်နှင့်အမျှ လုပ်ငန်းများဟာသူတို့ရဲ့ဝန်ထမ်းများတက်တက်ကြွကြွရှိစေရန်နှင့် ကုန်ထုတ်စွမ်းအားတိုးတက်စေ ရန်အတွက် ဝန်ဆောင်မှုပိုင်းဆိုင်ရာကဏ္ဍများနှင့်ထိတွေ့မှုရှိနေဖို့အရေးကြီးလာပါတယ်။ ကုန်ထုတ်လုပ်မှုကဏ္ဍ များနဲ့ ရိုးရာကဏ္ဍများတွင်ပင် အပြိုင်အဆိုင်ဖြစ်နေစေရန်လိုအပ်နေတဲ့အတွက် အဆိုပါကဏ္ဍများမှလုပ်ငန်းများ ဟာ သူတို့ရဲ့အရင်းအမြစ်တွေကိုဘယ်လိုအကျိုးရှိစွာအသုံးချရမယ်ဆိုတဲ့ မဟာဗျူဟာများကို ချမှတ်နေပြီဟု ဆိုလိုပါတယ်။

HRM နှင့် မဟာဗျူဟာကျကျစီမံခန့်ခွဲမှု

မျက်မှောက်ခေတ်တွင် HRM ကိုလက်တွေ့အသုံးချမှုများကို ယခင်ဆောင်းပါးများတွင်ဆွေးနွေးခဲ့သလိုပင် လူတွေ ရဲ့ မူဝါဒများနဲ့ စီမံခန့်ခွဲသူများ၏ရည်ရွယ်ချက်များထပ်တူညီမှုရှိစေရန်အတွက် သေချာစေအောင်အဖွဲ့အစည်း ဆိုင်ရာ ရည်မှန်းချက်ပန်းတိုင်များနဲ့ HR ရဲ့ မဟာဗျူဟာတို့ ထပ်တူကျနေဖို့လိုအပ်ပါတယ်။ ဒါဟာဘာကို ညွှန်ပြနေလဲဆိုပါလျှင် HR ဆိုသည်မှာ လုပ်ငန်းတစ်ခု၏ အပိုဌာနခွဲတစ်ခုဟုသာမြင်နိုင်တော့မည်မဟုတ်ပဲ အဖွဲ့ အစည်းဆိုင်ရာအောင်မြင်မှုအတွက် မရှိမဖြစ်လိုအပ်သော အင်္ဂါရပ်တစ်ရပ်ဖြစ်သည်ဟု ညွှန်ပြနေပါသည်။ 
မဟာဗျူဟာကျကျ စီမံခန့်ခွဲမှုဟာ အဖွဲ့အစည်းတစ်ခုအတွက် ဦးတည်ချက်နှင့် ရည်ရွယ်ချက်တို့ကို ပေးစွမ်းနိုင်ဖို့ ရာအတွက်ရည်ရွယ်တာဖြစ်ပြီး HR မန်နေဂျာတစ်ယောက်ဟာ အုပ်ချုပ်ရေးပိုင်းဆိုင်ရာလုပ်ငန်းတာဝန်များအပေါ် စိတ်ပူပင်နေရမည့်နေ့များဟာ ကုန်လွန်သွားခဲ့ပြီဖြစ်ပါတယ်။ မျက်မှောက်ခေတ်လုပ်ငန်းများမှာအသုံးပြုနေတဲ့ HRM လမ်းစဉ်များဟာ ဈေးကွက်ထုတ်ဖော်မှုနဲ့ ကုန်ထုတ်လုပ်မှု လုပ်ငန်းစဉ်များကဲ့သို့ပင် အရေးပါအရာရောက် သော အရာတစ်ခုဖြစ်ပါသည်။

လုပ်ငန်းပိုင်းဆိုင်ရာအောင်မြင်မှုအတွက် HRM ၏ အရေးပါပုံများ

HRM အားလက်တွေ့အသုံးချမှုအား ယူနစ်တစ်ခုအပေါ်တွင်အခြေခံသော တစ်ဖက်သတ်အမြင် သို့မဟုတ် Micro Approach ဖြင့် ကြည့်ရှရမယ်မဟုတ်ပဲ အဖွဲ့အစည်းတစ်ခု၏ယျေဘူယျချမှတ်ထားသော မဟာဗျူဟာပန်းတိုင် များ၏ သုံးဖက်မြင်အမြင်မှသာကြည့်ရှုရမည်ဖြစ်ပါသည်။ အဆိုပါ အတွေးအခေါ်သည် HRM အပေါ် ရှုထောင့် ပေါင်းစုံမှအမြင်ကို တည်ဆောက်ရန်ဖြစ်ပြီး မပြည့်စုံသောမဟာဗျူဟာများ ပါဝင်ခြင်းမရှိစေရန်နှင့် အဖွဲ့အစည်း ဆိုင်ရာရည်မှန်းချက်ပန်းတိုင်တို့နှင့် HRM တို့ တစ်သားတည်းဖြစ်စေဖို့သေချာစေရန်အတွက်ဖြစ်ပါသည်။ အကယ်၍ ဝန်ထမ်းတွေကိုသင်တန်းပေးဖို့လိုအပ်ချက်တွေဟာ ဘက်စုံအကြောင်းအရာတွေကို ပေါ့ပျက်ပျက် သင်တန်းပို့ချလိုက်ရုံနဲ့သာ ပြီးဆုံးသွားမည်ဆိုပါက အဆိုပါလုပ်ငန်းသည် ဝန်ထမ်းများမှ ထိုသင်တန်းကို တက်ရောက်ခြင်းအတွက် အချိန်များဆုံးရှုံးသည်သာမက ဦးတည်ချက်လည်းပျောက်ဆုံးသွားမည်ဖြစ်ပါသည်။ ထို့ကြောင့် HRM နိယာမများကို အလေးအနက်ထားသည့်ကုမ္ပဏီများသည်  လုပ်ငန်းနှင့်ဆက်စပ်နေသော အကြောင်းအရာများကိုသာ အာရုံစူးစိုက်၍သင်ကြားဖို့ကိုသာ သေသေချာချာလုပ်ဆောင်ကြသည်။


အချုပ်အားဖြင့်ဆိုသော် HRM ကို မဟာဗျူဟာတွင် ခြုံငုံ၍ အသုံးပြုခြင်းကသာ လူတွေကို ဘယ်လို အကျိုးရှိရှိအသုံးချရမယ်ဆိုတာနဲ့ ထိုကဲ့သို့ သူတို့အပေါ်ရင်းနှီးမြှုပ်နှံလိုက်တဲ့ တစ်ဒေါ်လာတိုင်း၊ တစ်ရူပီးတိုင်းဟာ အဖွဲ့အစည်းအပေါ် ROI (Return on Investment) အရ ပိုမိုကောင်းမွန်တဲ့ အကျိုးရလာဒ်တွေရရှိစေဖို့ သေချာစေမှာဖြစ်ပါတယ်။ HRM အသုံးချမှုအား ထိုကဲ့သို့ချမှတ်ထားခြင်းမရှိပါက လုပ်ငန်းများသည် လူတွေကိုပြည့်ပြည့်ဝဝ အသုံးမချနိုင်တဲ့အတွက် အရှုံးပေါ်မှာဖြစ်ပြီး ထိုအရာဟာ အဖွဲ့အစည်းရဲ့အောင်မြင်မှုနဲ့ ဆန့်ကျင်နေပါတယ်။

 

ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Young Investment Group

Young Investment Group

.WE ARE WELL ESTABLISH AND WORKING TOGETHER WITH MANY DIFFERENT NATIONALS THAT WILL LET YOU FEEL AS YOUR HOMEOUR COMPANY IS A LEADING INTERNATIONAL PRIVATE COMPANY IN MYANMAR. DOING 9 BIG SECTORS OF B...
Show the postings (65)
RHENUS LOGISTICS

RHENUS LOGISTICS

..Rhenus Myanmar Limited is located in the heart of Yangon (formerly known as Rangoon). Prior to the relatively recent foundation of the new capital city Naypyidaw, Yangon was the seat of government. ...
Show the postings (2)
One Two Three Express

One Two Three Express

..Door to door express delivery service last-mile delivery service.....
Show the postings (8)
Toyota Aye and Sons Co., Ltd.

Toyota Aye and Sons Co., Ltd.

Our Vision To become the most reliable and respected automotive-dealer group in Myanmar. Our Mission '' To attract and attain customers with high-valued products and services and the most satis...
Show the postings (25)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS