Tags: Knowledge-Modern-Resume-Important-Things-JobsInYangon
ခေတ်မှီတဲ့ အလုပ်လျှောက်လွှာတစ်စောင်ကိုရေးသားနိုင်ရန် အရေးကြီးသည့်အချက်များ
ခေတ်မှီတဲ့ အလုပ်လျှောက်လွှာတစ်စောင်ဆိုတာ ဘာကိုဆိုလိုတာလဲဆိုတာထက် ပိုပြီးအရေးကြီးတဲ့အချက်တစ်ခုကတော့ ခေတ်မှီတဲ့ Modern Resume တစ်စောင်ဟာ ပုံမှန်ရေးသားနေကျ Traditional Resume တစ်စောင်မှ မည်သို့ကွာခြားမှုရှိနိုင်သလဲဆိုတာပဲဖြစ်ပါတယ်။ များသောအားဖြင့် ကွာခြားမှုရှိတဲ့အချက်တွေကတော့ Resume ရဲ့ အရှည်အလျား၊ Resume ရဲ့ Format နဲ့ Style၊ Resume တွင် Keyword များကို ထည့်သွင်းတတ်မှု တို့ဖြစ်ကြပါတယ်။
Resume ရဲ့ အရှည်အလျား (Length)
သာမန်တွေ့နေကျ Traditional Resume တွေဟာ အရှည်အလျားအမျိုးမျိုးရှိနေတတ်သော်လည်း Mordern Resume တစ်စောင်တွင် ပုံမှန်အားဖြင့် စာမျက်နှာ ၁ မျက်နှာနှင့် ၂ မျက်နှာအကြားသာ ရှိသင့်ပါတယ်။ လက်တွေ့တွင် သင်ဟာ entry-level candidate တစ်ဦးဖြစ်နေပါစေ Recruiter များမှ သင့်ရဲ့ CV တွင် စာမျက်နှာ ၁ မျက်နှာတည်းရှိနေခြင်းထက် ၂ မျက်နှာခန့်ရှိနေခြင်းကို ပိုမို၍ နှစ်သက်တတ်ကြပါတယ်။
Recruiter များ၊ Hiring Manager များနဲ့ HR Professional များ စုစုပေါင်း ၅၀၀ ခန့်ကို Resume 8,000 ခန့်အားဖတ်ရှုစေပြီး လေ့လာမှုပြုလုပ်ခဲ့ချက်အရ Candidate ရဲ့ Job Level ဟာ မည်သို့ပင်ဖြစ်နေစေကာမူ Recruiter များဟာ စာမျက်နှာ ၂ မျက်နှာ ပါဝင်တဲ့ Resume များကို ၁ မျက်နှာသာပါဝင်တဲ့ Resume များထက် ၂.၃ ဆ ခန့် ပိုမို၍ နှစ်သက်မှု ရှိကြတာကို တွေ့ရှိရပါတယ်။ ဒါကြောင့် သင့်ထံတွင် နောက်ထပ်စာမျက်နှာ ၁ မျက်နှာစာအတွက် ရေးသားဖော်ပြနိုင်တဲ့ အချက်အလက်များလုံလောက်စွာရှိပါက သင့်ရဲ့ Resume အတွင်းတွင် နောက်ထပ် စာမျက်နှာ ၁ ခုကို ထပ်မံဖြည့်စွက်လိုက်ဖို့လိုအပ်နေပါပြီ။ ဒါပေမယ့် သင့်ရဲ့ Resume ကို စာမျက်နှာ ၂ မျက်နှာစာထက် ကျော်လွန်မသွားစေဖို့ကိုလည်း သတိပြုပေးပါ။ Recruiter များဟာ သင့်ရဲ့ Resume ကိုကြည့်ရှုရန်အတွက် ပုံမှန်အားဖြင့် ၁၀ စက္ကန့်ခန့်သာ အချိန်ပေးလေ့ရှိတာကြောင့် သင်လက်ရှိလုပ်ကိုင်နေတဲ့အလုပ်များအကြောင်း၊ သင့်ရဲ့ကျွမ်းကျင်မှုများနဲ့ သင့်ရဲ့ပညာအရည်အချင်းကဲ့သို့သော အရေးကြီးတဲ့အချက်များကို ထင်ရှားပေါ်လွင်မှုရှိအောင်စီစဉ်၍ တိုတောင်းရှင်းလင်းမှုရှိစွာ ဖော်ပြနိုင်ဖို့က အရေးကြီးလှပါတယ်။
Resume ရဲ့ Format နဲ့ Style
ယနေ့ခေတ်ရဲ့ လုပ်ငန်းနယ်ပယ်များတွင် ရှင်းလင်းမှုရှိတဲ့ Format များနဲ့ မိမိတို့ရဲ့ Career ဖြတ်သန်းမှုသမိုင်းကြောင်းကို ဖော်ပြနိုင်ဖို့ဟာ စံနှုန်းတစ်ခုဖြစ်လာပြီဖြစ်ပါတယ်။ ဒါကြောင့် သင့်ရဲ့ Resume ပေါ်ရှိ မလိုလားအပ်တဲ့ အပိုအချက်အလက်တွေကို ဖြတ်တောက်မှုပြုလုပ်ပြီး Content များကို ပြန်လည်စီစစ်၍ ချိန်ညှိမှုများပြုလုပ်ပေးဖို့လည်း လိုအပ်ပါတယ်။
ဒီအရာကို ခေတ်နောက်ကျနေပြီဖြစ်တဲ့ Objective statement များနဲ့ reference များကို ဖယ်ရှားခြင်းအားဖြင့်စတင်နိုင်ပါတယ်။ Resume တစ်ခုအတွင်းရှိ ဒီ section ၂ ခုဟာ သူတို့ထက်ပိုမိုပြီး တိကျရှင်းလင်းမှုရှိတဲ့ content များဖြစ်တဲ့ Career summary နဲ့ Areas of Expertise Section များအတွက် နေရာပေးဖို့လိုအပ်လာတဲ့အတွက် ဖယ်ရှားသင့်ပါတယ်။
ပထမဆုံးအနေနဲ့ သင့်ရဲ့ Resume ပေါ်တွင် Career Summary ကို ထိပ်ဆုံးတွင် ရေးသားဖော်ပြထားဖို့ မရှိမဖြစ်လိုအပ်မှာဖြစ်ပါတယ်။ Career Summary များတွင် ပုံမှန်အားဖြင့် စာကြောင်း ၂ ကြောင်းမှ ၄ ကြောင်းအထိ အတွင်းရှိနေသင့်ပြီး ၎င်းဟာ သင့်ရဲ့ အကြောင်းကို အတိုဆုံးနဲ့ အမြန်ဆုံးဖော်ပြနိုင်မယ့်အရာတစ်ခုဖြစ်နေသင့်ပါတယ်။ ဥပမာအားဖြင့် - သင်ဟာ ဘာကြောင့်ဒီအလုပ်နဲ့ အသင့်တော်ဆုံးသောသူတစ်ဦးဖြစ်ပါသလဲ? ဆိုတာကို ဖော်ပြနေနိုင်ရပါမယ်။ ထို့နောက်မှာတော့ Job Description နဲ့ ကိုက်ညီမှုရှိနေတဲ့ သင့်ရဲ့ “Areas of Expertise” ကို ဖော်ပြနိုင်မယ့် Keyword ၆ ခုမှ ၉ ခုအတွင်းကို ရွေးချယ်၍ဖော်ပြပေးသင့်ပါတယ်။
ဒီ section ၂ ခုအပြီးတွင်တော့ သင့်ရဲ့ update အဖြစ်ဆုံး လုပ်ငန်းအတွေ့အကြုံများကို လက်ရှိလုပ်ကိုင်နေဆဲအလုပ်မှစတင်၍ နောက်ထပ် ၁၅ နှစ်အထိ နောက်ကြောင်းပြန်၍ အစဉ်အတိုင်းဖော်ပြပေးရမှာဖြစ်ပါတယ်။ ဒီထက်ပိုများတဲ့ လုပ်ငန်းအတွေ့အကြုံများကို ဖော်ပြခြင်းဟာ သင့်ရဲ့ Resume ကို အလွန်ရှည်လျားသွားစေနိုင်ပြီး Recruiter များရှာဖွေနေတဲ့ အချက်အလက်များကိုလည်း ၎င်းတို့ထံတွင် တွေ့ရှိနိုင်မှာမဟုတ်တဲ့အတွက် ချန်လှပ်ခဲ့သင့်ပါတယ်။
အဓိက သတိပြုရမယ့်အချက်ကတော့ သင့် Resume ပေါ်ရှိ စာမျက်နှာ ၂ မျက်နှာစလုံးကို အရေးကြီးပြီး သင်ဟာသူတို့ခေါ်ယူမှုပြုလုပ်နေတဲ့အလုပ်အတွက် အကောင်းဆုံး Candidate တစ်ဦးဖြစ်တယ်လို့ ဖော်ပြနိုင်မယ့် Rcruiter များသိသင့်တဲ့ အချက်အလက်များကိုသာ ဖြည့်သွင်းပေးဖို့ပဲဖြစ်ပါတယ်။
ဒါ့အပြင် သင့်ရဲ့ပညာရေးနဲ့ အရည်အချင်းများ section တွင် သင့်ရဲ့ကျွမ်းကျင်မှုများနဲ့ ပညာအရည်အချင်းတို့ကို ဖော်ပြဖို့လုံလောက်တဲ့နေရာတစ်ခုကို ချန်ထားဖို့လည်းလိုအပ်မှာဖြစ်ပါတယ်။ ဒါမှသာ သင်လေ့ကျင့်သင်ကြားမှုပြုလုပ်ခဲ့တဲ့ အရာများအားလုံးကို Recruiter များအနေနဲ့ သိရှိနိုင်မှာဖြစ်ပြီး အလုပ်နေရာတစ်ခုအတွက် ခေါ်ယူမှုပြုလုပ်ရာတွင် ၎င်းတို့ဟာလည်း အရေးကြီးတဲ့အချက်တစ်ချက်ဖြစ်လာနိုင်ပါတယ်။
Resume တွင် Keyword များကို ထည့်သွင်းတတ်မှု
အလုပ်နေရာတစ်ခုအတွက် ထည့်သွင်းစဉ်းစားခြင်းခံရစေဖို့ သင့်ရဲ့ Resume တွင် သက်ဆိုင်ရာ Keyword များပါဝင်နေဖို့ လိုအပ်မှာဖြစ်ပါတယ်။ များစွာသော Recruiter များဟာ သူတို့အတွက် သင့်တော်မှုအရှိဆုံး candidate များကို ရှာဖွေမှုပြုလုပ်ကြရာတွင် ကြိုတင်သတ်မှတ်ထားတဲ့ Keyword များကို ရှာဖွေလေ့ရှိကြပါတယ်။ ဒါ့အပြင် ယနေ့ခေတ်တွင် များစွာသောကုမ္ပဏီများဟာ applicant tracking software များကိုအသုံးပြု၍ Job Posting တစ်ခုမှ ပြန်လည်ရရှိလာတဲ့ ထောင်ပေါင်းများစွာသော application များကို စစ်ထုတ်မှုများပြုလုပ်လေ့ရှိတဲ့အတွက် ခေါ်ယူမှုပြုလုပ်နေတဲ့အလုပ်နဲ့ သက်ဆိုင်မှုရှိစေမယ့် မှန်ကန်တဲ့အသုံးအနှုန်းများကို သုံးစွဲထားဖို့လိုအပ်မှာဖြစ်ပါတယ်။ ဆိုလိုတာကတော့ သင့်ရဲ့ Resume ထဲတွင် ကိုက်ညီမှုရှိသော သင့်တော်တဲ့ Keyword များပါဝင်မနေဘူးဆိုပါက System မှ သင့်ရဲ့ Resume များကို သက်ဆိုင်ရာ HR ဌာနများထံသို့ ပေးပို့ခြင်းမပြုလုပ်မှီတွင် ဖျက်သိမ်းမှုပြုလုပ်သွားနိုင်ချေရှိနေပါတယ်။
ပြောင်းလဲနေတဲ့ ခေတ်နဲ့အညီ Resume များဟာလည်း ဆင့်ကဲပြောင်းလဲမှုများထပ်ကာတလဲလဲ ဖြစ်နေကြတဲ့အတွက် ယနေ့ခတ်ရဲ့ Modern Resume ဟာ Traditional Resume များနှင့် နှိုင်းယှဉ်ကြည့်ပါက သိသိသာသာကို ကွဲပြားခြားနားမှုရှိလာပြီဖြစ်ပါတယ်။ ဒါကြောင့် မိမိတို့ရဲ့ Career လမ်းကြောင်းအသီးသီးပေါ်တွင် လျှောက်လှမ်းနေတဲ့ စာဖတ်သူတို့အနေနဲ့လည်း တစ်ချိန်ချိန်မှာ မိမိတို့ရဲ့ Career လမ်းကြောင်းပေါ်တွင် အလုပ်အကိုင်အပြောင်းအလဲများ ပြုလုပ်ဖို့ လိုအပ်လာတဲ့အခါ ဒီ article လေးဟာ အသုံးဝင်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်လို့ ပြောကြားရင်း နိဂုံးချုပ်လိုက်ပါရစေခင်ဗျာ။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.