Tags: News-Instagram-Facebook-Crossposting-JobsInYangon
Instagram နဲ့ Facebook တို့ဟာ သူတို့နှစ်ခုအကြား အပြန်အလှန် post များတင်နိုင်မယ့် feature အသစ်တစ်ခုကိုစမ်းသပ်လျှက်ရှိ
Instagram နဲ့ Facebook တို့ဟာ သူတို့ရဲ့ platform ၂ ခုစလုံးကို ပိုမိုနီးကပ်စွာပေါင်းစည်းနိုင်စေ ဖို့အတွက် feature အသစ်တစ်ခုကိုစမ်းသပ်လျှက်ရှိနေပါတယ်။ The Verge သတင်းစာရဲ့အဆိုအရ Facebook က Instagram story များကို Facebook story များပေါ်တွင် တိုက်ရိုက်ဖော်ပြနိုင်စေမည့်လုပ်ဆောင်ချက်ကိုစမ်းသပ်နေပါတယ်။ အဆိုပါသတင်းအရ ဒီစမ်းသပ် လုပ်ဆောင်ချက်ကို ပမာဏအနည်းငယ်သော user များကိုအသုံးပြုစေပြီးစမ်းသပ်လျှက်ရှိနေပြီပဲ ဖြစ်ပါတယ်။
အဆိုပါလုပ်ဆောင်ချက်အသစ်ကိုရှင်းပြထားတဲ့ pop-up တွင်တော့ “ယခုအခါ သင်တို့ရဲ့ follower များက သင့်ရဲ့ Instagram story ကို Facebook ပေါ်ကနေတဆင့်ကြည့်ရှုနိုင်ဖို့အတွက် ရွေးချယ်နိုင်ပြီဖြစ်ပါတယ်။” ဟူ၍ Facebook က ရှင်းပြထားပါတယ်။ ထိုသို့ပြုလုပ်နိုင်ဖို့အတွက် Instagram follower များက သူတို့ရဲ့အကောင့်များကို Facebook အကောင့်များနဲ့ link ပြုလုပ်ထားဖို့လိုအပ်မှာဖြစ်ပြီး setting တွင်ထိုသို့ကြည့်ရှုနိုင်ဖို့အတွက် လုပ်ဆောင်ချက်ကို ဖွင့်ပေးထားရမှာဖြစ်ပါတယ်။ ဒီအခါမှာ သင်တို့ရဲ့ Instagram story များကို Facebook ပေါ်ကနေ တဆင့်ကြည့်ရှုနိုင်သွားမှာဖြစ်ပါတယ်။ သို့သော်လည်း သင်တို့ကို Instagram ပေါ်မှာ follow မလုပ် ထားတဲ့သူများကတော့ သင်တို့ရဲ့ Instagram story များကို Facebook ပေါ်တွင် တွေ့မြင်နိုင်မှာမဟုတ်ပါဘူး။ ဟူ၍လည်းရှင်းလင်းပြောကြားသွားခဲ့ပါသေးတယ်။
ထိုနှစ်ခုကိုလည်း ကြည့်လိုက်တာနဲ့ခွဲခြားသိရှိနိုင်မှာဖြစ်ပါတယ်။ Facebook story များတွင်တော့ အပြာရောင်စက်ဝိုင်းလေးပါဝင်မှာဖြစ်ပြီး Instagram Story များတွင်တော့ Instagram ရဲ့ အမှတ်တံဆိပ်ဖြစ်တဲ့ ပန်းရောင်နဲ့ လိမ္မော်ရောင်ရောယှက်ထားတဲ့စက်ဝိုင်းလေးပါဝင်လာမှာဖြစ်ပါတယ်။
ဒီဆောင်းပါးလေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.