Jobs In Myanmar
Load...

Internet Rush Hour: The Art of Doing Nothing, at the Right Time

by www.jobsinyangon.com


Tags: Knowledge-IT-Internet-General-JobsinYangon



အင်တာနက်မှာ အသုံးပြုသူများ အလွန်အမင်းများပြားနေချိန် မလုပ်သင့်တဲ့အချိန်မှာ ဘာမှမလုပ်ခြင်း အနုပညာ

 

ကားကျပ်နေတဲ့အချိန် ကားထဲကမှာရှိနေရတာထက် ပိုဆိုးတဲ့ တစ်ခုတည်းသောအရာက တော့ အိမ်မှာရှိနေချိန်မှာ အင်တာနက်အသုံးပြုသူအများအပြားရှိနေပြီး လိုင်းကျပ်နေ တဲ့ အချိန်ဘဲ ဖြစ်ပါတယ်။ အဲ့ဒီလိုဖြစ်ချိန်မှာတော့ တစ်နိုင်ငံလုံးဖြစ်တတ်ပြီး နေ့စဉ် ညနေ ၇ နာရီနဲ့ ည ၁၁ နာရီအကြားမှာ ဖြစ်လေ့ရှိပါတယ်။ လူတိုင်းက ဝက်ဘ်ဆိုက်တွေကို အသုံးပြုရှာဖွေနေတဲ့ အချိန်၊ ဖိုင်တွေကို ဒေါင်းလုပ်ဒ်ဆွဲ ၊ အွန်လိုင်း ဂိမ်းတွေဆော့နေတဲ့ အချိန်မှာ အွန်လိုင်းမှာတစ်ခုခုပြီးမြောက်အောင် လုပ်ဖို့အတွက် ခက်ခဲနိုင်ပါတယ်။ 

အင်တာနက်ကမ္ဘာမှာ ပိတ်မိနေခြင်းမှ ကာကွယ်ဖို့ရန်အတွက် သင့်ရဲ့ ဝိုင်ဖိုင်မြန်နှုန်းကို တိုးအောင်ပြုလုပ်နိုင်တဲ့ ရိုးရှင်းမြန်ဆန်တဲ့ နည်းလမ်းလေးတွေကိုဖော်ပြပေးလိုက်ပါ တယ်။

အခြားတစ်ခုခုလုပ်ပါ။
အင်တာနက်မှာ အသုံးပြုသူအများအပြားရှိနေပြီး လိုင်းကျပ်နေတတ်တဲ့အချိန်တွေမှာ ဖိုင်အကြီးစားတွေ ဒေါင်းလုက်ဒ် ဆွဲရတာကစိတ်တိုစရာကောင်းနေနိုင်ပါတယ်။  သင် ညအိပ်နေတဲ့ အချိန်တွေမှာ ဒေါင်းလုက်ဒ်ဆွဲခြင်းအားဖြင့် လိုင်းကျပ်နေတဲ့အချိန်တွေကို ရှောင်လိုက်ပါ။ သင်လိုအပ်တဲ့အရာကို မနက်ကျရင်ရနေမှာဖြစ်ပြီး သင့်ရဲ့ကွန်ပြူတာ ဘေးမှာ ဒေါင်းလုက်ဒ်ဆွဲပြီးတဲ့အချိန်အထိ စောင့်နေစရာမလိုပါဘူး။ သင်အင်တာနက် အသုံးပြုမနေတဲ့အချိန်မှာ လုပ်လို့ရနိုင်တဲ့ အခြားအရာတွေအားလုံးကိုစဉ်းစားကြည့်ပါ။ အဲ့ဒီအချိန်ကို တစ်ခုခုချက်ပြုတ်ဖို့ ၊ မိသားစုနဲ့ အတူတူအချိန်ဖြုန်းဖို့ သို့ ရုပ်ရှင်ကြည့် ဖို့အတွက် အသုံးပြုလိုက်ပါ။  ဒါပေမယ့် သင့်မဖြစ်မနေ ဒေါင်းလုက်ဒ်ဆွဲရမယ်ဆိုရင် တော့ သင့်ရဲ့ အင်တာနက်မြန်နှုန်းကိုတိုးမြှင့်နိုင်ဖို့အတွက် သင်လုပ်လို့ရနိုင်တဲ့ အရာတွေကို သိရှိရဖို့ ဆက်လက်ဖတ်ရှု့လိုက်ပါ။

Ethernet ကြိုးကိုအသုံးပြုပါ။
ကြိုးမဲ့ချိတ်ဆက်မှု (Wireless Connections)တွေက နှစ်သက်စရာကောင်းပေမယ့် အင်တာနက်ပိတ်ဆို့ချိန်တွေမှာ Ethernet ကြိုးကို အသုံးပြုဖို့လိုအပ်နိုင်ပါတယ်။ပိုမြန်ဖို့ နဲ့ ပိုပြီးစိတ်ချရတဲ့ အင်တာနက်ကို ရရှိဖို့အတွက် သင့်ရဲ့ အင်တာနက်ထုတ်လွှင့်ပေးတဲ့ စက် (Router) ကနေ ချိတ်ဆက်လို့ရနိုင်တဲ့ အကွာအဝေးအတွင်းမှာ ရှိနေတဲ့ Devices တွေကို တိုက်ရိုက်ချိတ်ဆက်အသုံးပြုဖို့အတွက် Ethernet ကြိုးကိုအသုံးပြုပါ။ အဲ့ဒီလို လုပ်ခြင်းအားဖြင့် ဝိုင်ဖိုင်သုံးနေသေးပေမယ့် ကြိုးနဲ့ချိတ်ဆက်ထားခြင်းမရှိတဲ့ Device တွေအတွက် Bandwidth (အင်တာနက်မြန်နှုန်း)အသုံးပြုမှုကို လျော့ချပေးနိုင်ပါတယ်။ အင်တာနက်မြန်နှုန်းကို တိုးလာစေနိုင်တယ်ဆိုရင်တော့ ကြိုးတစ်ချို့ရှိနေခြင်းက မဆိုးဘူးလို့ ဆိုနိုင်ပါတယ်။

အပိုဖြစ်နေတဲ့ Devices တွေကို ပိတ်လိုက်ပါ။
ဝိုင်ဖိုင်ကို အသုံးပြုနေတဲ့ Devices များလေလေ Connection က နှေးလေဖြစ်ပါတယ်။ အသုံးပြုမနေပေမယ့် အင်တာနက်တဲ့ ချိတ်ဆက်ထားတဲ့ ကိရိယာအသေးစားလေးတွေ ကတောင် Bandwidth အနည်းငယ်ကို သုံးနေနိုင်ပါတယ်။ Tablets တွေ၊ ဖုန်းတွေ ၊စမတ် TV တွေနဲ့ ကွန်ပြူတာတွေအားလုံးကို အင်တာနက်နဲ့ ချိတ်ဆက်ထားခြင်းက အင်တာနက်မြန်နှုန်းကို သိသိသာသာလျော့ကျစေနိုင်ပါတယ်။အင်တာနက် မြန်နှုန်းတက်လာဖို့ အတွက် မိမိအသုံးပြုမယ့် Device တစ်ခုကို ရွေးချယ်ပြီး  ကျန် Device များအားလုံးကို ပလပ်ဖြုတ်( အင်တာနက်ချိတ်ဆက်ထားခြင်းကိုဖြတ်တောက်) ထားလိုက်ပါ။

သင့်ရဲ့ အင်တာနက်ထုတ်လွှင့်ပေးတဲ့ ကိရိယာ (Router) ကို နေရာရွှေ့ပါ။
သင့်ရဲ့ Router ကနေ Devices တွေဆီကို ထုတ်လွှင့်ပေးနေတဲ့ Signal တွေက Short Range ဖြစ်နေနိုင်ပါတယ်။ Router ရဲ့ ပတ်လည်မှာ ရှိနေတဲ့ ပစ္စည်းတွေက Singnal တွေကို ပိတ်နေတာမျိုးဖြစ်နိုင်ပါတယ်။ အင်တာနက် လိုင်းကျပ်နေချိန်အတွင်းမှာ အသုံးပြုနေပါက Router ရဲ့ အနားမှာအသုံးပြုခြင်းအား ဖြင့် အင်တာနက်မြန်နှုန်းကို တိုးမြှင့်ပေးနိုင်ပါတယ်။ နောက်ထက်နည်းလမ်း တစ်ခုကတော့ Signal တွေနေရာအနှံ့ကို ပျံ့နှံ့ရောက်ရှိနိုင်မယ့် ပိုပြီး အလယ်ကျတဲ့ နေရာတစ်ခုမှာ  Router ကို ထားဖို့ပါ။ Mesh Network Adapter သို့မဟုတ် Cox Panoramic Wifi Pods တွေကိုလည်း အင်တာနက်မြန်နှုန်း နိမ့်ကျတဲ့နေရာတွေမှာ မြင့်မားတဲ့ Connectivity ထောက်ပံ့ပေးနိုင်ဖို့အတွက် အသုံးပြုနိုင်ပါတယ်။

Applications တွေကို ပိတ်ထားပါ။
သင်မသိလိုက်ဘဲ သင့်ရဲ့ Data တွေကို အသုံးပြုနေနိုင်တဲ့ Applications တွေကလည်း Background မှာ အလုပ်လုပ်နေနိုင်ပါတယ်။ ဘယ် Applications တွေက အင်တာနက်မြန်နှုန်းကို လျော့ကျစေတဲ့ လက်သည်တရားခံဖြစ်နေလည်းဆိုတာကို သိရဖို့ သင့်ရဲ့ ကွန်ပြူတာမှာ ရှိတဲ့ “Task Manager” တွေကို ဖွင့်ကြည့်ပြီး စစ်ဆေးပါ။ ထို့နောက် သင့်ရဲ့ Network Section ကို စကင်န်ဖတ်ပြီး Data ကို အသုံးပြုနေတဲ့ အရာတွေကို ရှာဖွေလိုက်ပါ။ အင်တာနက်မြန်နှုန်းတိုးတက်လာဖို့အတွက် သင်မလိုအပ်တဲ့  Applications တွေကို Background မှာ လုပ်ဆောင်ချက်တွေမပြု လုပ်နိုင်အောင် ပိတ်ထားလိုက်ပါ။

အင်တာနက်မှာအသုံးပြုသူအများအပြားရှိနေပြီး လိုင်းကျပ်နေတဲ့အချိန်တွေက တစ်နေ့ မှာ နာရီအနည်းငယ်ဘဲ ရှိနိုင်ပါတယ်။ ဒါပေမယ့် အဲ့ဒီအချိန် အွန်လိုင်းမှာရှိနေမယ်ဆိုရင် သင့်ရဲ့ အတွေ့အကြုံ(ခံစားမှု)ကို ဆိုးရွားစေနိုင်ပါတယ်။ သင့်အနေနဲ့ သင့်ရဲ့ Wifi မြန်နှုန်းတိုးတက်လာဖို့အတွက် ပြင်ဆင်ချက်အနည်းငယ်လုပ်လို့ရပါတယ်။ သို့မဟုတ် ဘာမှ မလုပ်ပါနဲ့။ အရာရာ လဲပြိုနေချိန်မှာ တစ်ခုတော့ သတိရလိုက်ပါ။ ယဉ်ကြောပိတ်ဆို့မှုဟာ နောက်ဆုံးတော့ ရှင်းလင်းသွားတာချည်းပါဘဲ။

 

ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Talent and Technology Co.,Ltd

Talent and Technology Co.,Ltd

Vision - Access to electricity is fundamental for productive lives. All people in Myanmar should have access to and affordable and reliable electricity supply. Mission - Reduce poverty and imp...
Show the postings (10)
PMJ Company Limited

PMJ Company Limited

GMO-Z.comACE Co.,Ltd.

GMO-Z.comACE Co.,Ltd.

Our mission is to contribute to the society by enriching the Internet experiences, creating new Internet cultures and industries, and bringing smiles and inspiration to our customers..GMO-Z.comACE, jo...
Show the postings (9)
AA Medical Products

AA Medical Products

Our headquarters office is in Yangon and we have the branch offices in Mandalay, Myintkyina, Mawlamyine, Taunggyi, Lashio, Magwe, Sittwe, Kalay, Meik, Dawei, Pathein and Nay Pyi Taw.We have over 700 e...
Show the postings (68)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS