by Jobless.com
Tags: Interview Job Hiring advice 6 tips Interview advice.
ရန်ကုန်၊ မတ်လ ၂၉ ရက်၊ ၂၀၁၆။ ။ အင်တာဗျူးဝင်ရောက် ဖြေဆိုသူတိုင်း မကြာခဏကြုံတွေ့ရတဲ့ အခြေအနေတွေ ကတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုကင်းမဲ့ခြင်း၊ စိတ်ထားမှန်ကန်မှုမရှိခြင်းနှင့် ထုတ်ဖော်ပြောကြားရန် စိုးရွံ့ခြင်းစတဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုများပဲ ဖြစ်ပါတယ်။ ယခုရေးသားသွားမယ့် အချက် ၆ ချက်က ဒီလိုချို့ယွင်းမှုတွေကို ဘယ်လို ပြင်ဆင်ရမယ်ဆိုတဲ့ အချက်တွေကို အလုပ်အကိုင် အကျိုးဆောင် www.jobless.com.mm မှ ရေးသားတင်ပြခြင်း ဖြစ်ပါတယ်။
(၁) တည့်တည့်မတ်မတ်နေထိုင်ပါ။
ဒီအချက်ကတော့ ကိုယ်ကိုယ်ကို တည်ကြည်ခန့်ညားပြီး အရာရှိပုံပေါက်စေတဲ့ အချက်ပါ။ နေသားတကျ ဖြစ်အောင် ကြိုတင်လေ့ကျင့် ပြုမူနေထိုင်သင့်ပါတယ်။ တည်ငြိမ် ရင့်ကျက်တဲ့ ပုံပေါက်တာ ကိုယ့်ကို သူများ လေးစားမှုကို အလိုလျောက် ရရှိစေနိုင်ပါတယ်။ ဒီအတွက် အင်တာဗျူးနေစဉ် လေယူရာတိမ်းသလို မိမိကိုယ်ခန္ဓာကိုယ် လှုပ်ရမ်းနေတာမျိုးကို အတတ်နိုင်ဆုံး ရှောင်ကျဉ်ပါ။
(၂) မျက်လုံးခြင်းဆုံပြီး စကားပြောပါ။
မိမိကိုယ် အင်တာဗျူးမည့်သူနှင့် မျက်လုံးခြင်းဆုံပြီး မေးသမျှဖြေဆိုခြင်းက မိမိအပေါ်ယုံကြည်မှုကို တည်ဆေက်သည့် အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ဒီလိုမဟုတ်ပဲ အကြည့်ခြင်းမဆုံပဲ မျက်နှာလွှဲနေပါက ကိုယ်ကိုယ်တိုင်က ယုံကြည်မှုကင်းမဲ့တဲ့ပုံပေါက်နေသလို မရိုးမသား လိမ်ညာပြောဆိုနေတယ်လို့ ထင်သွားနိုင်ပါတယ်။
(၃) မေးခွန်များကို ဖြေကြားပါ။
ဒီအချက်ကတော့ အင်တာဗျူးဝင်နေစဉ် မိမိကိုမေးသော မေးခွန်းများအားလုံးကို ချက်ကျ၊ လက်ကျ ဖြေတတ်ဖို့ပါ။
ဒီလိုဖြေဆိုတဲ့နေရာမှာ လိုရင်းတိုရှင်းနဲ့ အချက်အလက်ခွဲကာ တစ်ခုချင်းစီ ဖြေပေးနိုင်ပါက ပိုကောင်းပါတယ်။
ဥပမာ။ ။ (ဒီမေးခွန်းအတွက် အချက် ၃ ချက် ရှိပါတယ်။ ဒါမှမဟုတ် စဉ်းစားစရာ အချက် ၄ ချက်ရှိပါတယ်။) စတဲ့ ပုံစံများနဲ့ ပြန်လည်ဖြေကြားတာ အကောင်းဆုံးပါ။ ဒီလိုဖြေဆိုခြင်းဖြင့် ဖြစ်ပေါ်လာတဲ့ အခြေအနေတစ်ခုကို ရင်ဆိုင်ဖြေရှင်းတဲ့အခါမှာ စနစ်တကျ တွေးခေါ်စဉ်းစားတတ်တယ် ဆိုတဲ့ အချက်ကို ပေါ်လွင်စေမှာ ဖြစ်ပါတယ်။ ဒါ့ပြင် အတွေ့အကြုံ ကြွယ်ဝခြင်း၊ အကျိုးအကြောင်း အဆိုးအကောင်းကို ခွဲခြားဝေဖန်သုံးသပ်နိုင်ခြင်း၊ ပြသနာရဲ့ အတိမ်အနက်ကို နားလည်ခြင်းစတဲ့ အပိုဆောင်း အမှတ်များလည်း ရရှိမှာ ဖြစ်ပါတယ်။
(၄) အင်တာဗျူးမေးသူနဲ့ နီးစပ်အောင်နေပါ။ (ဖြစ်နိုင်ပါက)
အသေးစိတ် သုတေသနပြု လေ့လာမှတ်တမ်းများအရ မိမိကိုယ် အင်တာဗျူးသူနှင့် နီးစပ်ပတ်သက်မှုတွေကို တတ်နိုင်သမျှ ထုတ်ပြောနိုင်ပါက အလုပ်ရဖို့ အခွင့်အလမ်းသာတယ်လို့ တွေ့ရှိရပါတယ်။ နီးစပ်မှုလို့ ဆိုရာမှာ မွေးရာဇာတိ တူတာမျိုး၊ ဆွေးနီးမျိုးစပ် တော်စပ်တာမျိုး၊ အမူအကျင့်တူတာမျိုး၊ မွေးနေ့၊ မွေးလ တူတာမျိုး စတာတွေပါ။ ဒီလိုနီးစပ်မှုမျိုးကို ကိုယ်ကိုယ်တိုင်က အစရှာမရရင်တောင် အင်တာဗျူးသူက အစဖော်ပြောလေ့ရှိပါတယ်။ ဒါက ကိုယ့်အတွက် အခွင့်အရေးပါ။ လက်လွတ်မခံပါနဲ့။
(၅) မှတ်စု မသုံးပါနဲ့။
အင်တာဗျူးဖြေနေစဉ် မှတ်စုသုံးခြင်းက အဓိကကို သာမည ဖြစ်စေပါတယ်။ အင်တာဗျူးက အဓိကပါ။ မှတ်စုက သာမညပါ။ ပြောသမျှ လိုက်မှတ်၊ မေးသမျှ မှတ်စုကြည့်ဖြေနေရင် ကိုယ်ပိုင်အရည်အချင်းတွေက နောက်ကျန်နေခဲ့ပြီးး ရုပ်ဝထ္တုက ဦးစားပေးနေရာ ရောက်နေတတ်ပါတယ်။ ကိုယ်ပိုင်ကျွမ်းကျင်မှု ပင်ကိုယ်အရည်အချင်းကို ရောင်းနေတာ ဖြစ်ပါတယ်။ ရေးမှတ်တတ်တဲ့ အလေ့အထကို ရောင်းနေတာ မဟုတ်ဘူးဆိုတာ နားလည်ပါ။
(၆) သဘောပေါက်လွယ်အောင် ပြောဆိုပြုမူပါ။
တတ်နိုင်သမျှ ကိုယ်ရဲ့ဆိုလိုရင်းကို သဘောပေါက်အောင် လုပ်ပါ။ စကားလုံးအနုအရွများသုံးခြင်း၊ စကားပုံများနဲ့ ခိုင်နှိုင်းခြင်း၊ လိုရင်းကို မရောက်ပဲ သွယ်ဝိုက်ပြောဆိုခြင်း စတာတွေက အင်တာဗျူးမေးသူကို ရှုပ်ထွေးအောင် လုပ်တာနဲ့အတူတူပါပဲ။ ဒါကြောင့် လိုရင်းတိုရှင်းပြောတာက အကောင်းဆုံးပါ။
အင်တာဗျူး ဖြေဆိုရာတွင် လိုက်နာရမည့်၊ ရှောင်ကျဉ်ရမည့် အချက်များစွာ ရှိတဲ့အနက် ယခုထုတ်နှုတ်ရေးသားမှုများသည် စာရွက်ပေါ်မှ အရည်အချင်းမျာနှင့် မသက်ဆိုင်သည့် အပြောအဆို အပြုအမူ ပိုင်းဆိုင်ရာ လိုက်နာကျင့်သုံးရမည့် အချက်များဖြစ်ကြောင်းနှင့် အကောင်းဆုံး အသုံးချနိုင်ကြပါစေကြောင်း WWW.JOBLESS.COM.MM မှ ဆုမွန်ကောင်း တောင်းလိုက်ပါသည်။
အများသူငါတွေရဲ့ CV တွေထဲကနေ အလုပ်ရှင်များစီမှ ဦးစွာရွေးချယ်ဖတ်ရှုခြင်းခံရတဲ့ CVဟာ သေသပ်တိကျမှုနဲ့ အစီအစဉ်တကျရှိစွာ တည်ဆောက်ထားတဲ့CV တစ်ဆောင်ဆိုတာကတော့ ယုံမှားဖွယ်မရှိပါဘူး ။ အဲဒီအတွက် CVတစ်စောင်ကိုရေးသား တည်ဆောက်တော့ မယ်ဆိုရင် အောက်ပါအချက်များကို ဂရုပြုစေလိုပါတယ်။
Finding part-time jobs today is very easy if you use the following tips. With these tips will you can create a very good impression on your employers and get valuable references for future employment. These tips will set you apart from the crowd.
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.