ချိတ်ဆွဲရန်စာတန်း: News-iPhone-Manufacturer-Suspended-JobsInYangon
iPhone ထုတ်လုပ်တဲ့စက်ရုံတစ်ခုဟာ Apple ရဲ့ စည်းမျဉ်းများကိုလိုက်နာမှုမရှိတဲ့အတွက် ယာယီရပ်နားခံခဲ့ရ
ယခုလအစောပိုင်းက အိန္ဒိယနိုင်ငံရှိ Wistron iPhone ထုတ်လုပ်ရေးစက်ရုံတစ်ခုတွင် ပြင်းထန်သောဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး အမေရိကန်ဒေါ်လာ ၇ သန်းခန့် ထိခိုက်မှုများကို ဖြစ်ပွားစေခဲ့ပါတယ်။ ဝန်ထမ်းများရဲ့ပြောဆိုချက်အရ သူတို့ကိုအလုပ်ခန့်အပ်စဉ်က ကတိပေးထားတဲ့အတိုင်း လစာငွေများကို မပေးခဲ့တဲ့အတွက် ဒီလိုဖျက်စီးမှုများကိုပြုလုပ်ခဲ့တာဖြစ်ကြောင်း သိရှိခဲ့ရပြီး Apple မှ ဒီအဖြစ်အပျက်ကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားရန်အတွက် ကတိပေးခဲ့ပါတယ်။
ပြီးခဲ့တဲ့အပတ်မှာတော့ Apple က စုံစမ်းစစ်ဆေးမှုများကိုပြုလုပ်အပြီးတွင် Wistron ဟာ “Supplier Code of Conduct” ကို ချိုးဖောက်ခဲ့တာကိုတွေ့ရှိခဲ့တယ်လို့ ကြေငြာခဲ့ပြီး အလုပ်တွဲလုပ်ဖို့ကို ဆိုင်းငံ့မှုများပြုလုပ်ခဲ့ပါတယ်။ Apple ရဲ့ ရှာဖွေတွေ့ရှိမှုများအရ Wistron ဟာ အလုပ်သမားများဖက်မှ ပြောကြားခဲ့တဲ့အတိုင်း အလုပ်ခန့်အပ်စဉ်က ကတိပေးထားတဲ့အတိုင်း လစာငွေများကိုပေးအပ်မှု မပြုလုပ်ခဲ့တာကို အတည်ပြုနိုင်ခဲ့ပါတယ်။
ဒီလိုအလုပ်သမားများထံက ခေါင်းပုံဖြတ်မှုပြုလုပ်ခဲ့သည့်လုပ်ရပ်ကို သိရှိသွားခဲ့ပြီးနောက် Wistron ရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်တစ်ဦးမှ “သူတို့ဟာ ဒီလုပ်ရပ်အတွက်ကြီးစွာနောင်တရမိကြောင်းနဲ့ အလုပ်သမားများ အားလုံးကိုလည်း အနူးအညွှတ်တောင်းပန်ကြောင်းပြောကြားခဲ့ပြီး အိန္ဒိယနိုင်ငံရှိ သူတို့ရဲ့ vice president of business ကို ရာထူးမှဖယ်ရှားခဲ့သလို အမည်မသိပဲတိုင်ကြားနိုင်မယ့် Hotline တစ်ခုကိုလည်း ပြုလုပ်ပေးခဲ့ပါတယ်။” ဟူ၍ The Wall Street Journal သို့ ပြောကြားခဲ့ကြောင်း သိရှိရပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
အများသူငါတွေရဲ့ CV တွေထဲကနေ အလုပ်ရှင်များစီမှ ဦးစွာရွေးချယ်ဖတ်ရှုခြင်းခံရတဲ့ CVဟာ သေသပ်တိကျမှုနဲ့ အစီအစဉ်တကျရှိစွာ တည်ဆောက်ထားတဲ့CV တစ်ဆောင်ဆိုတာကတော့ ယုံမှားဖွယ်မရှိပါဘူး ။ အဲဒီအတွက် CVတစ်စောင်ကိုရေးသား တည်ဆောက်တော့ မယ်ဆိုရင် အောက်ပါအချက်များကို ဂရုပြုစေလိုပါတယ်။
An Iranian man has broken the world record for the number of years spent without bathing.
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။