ချိတ်ဆွဲရန်စာတန်း: News-Ireland-DPC-Investigating-Facebook-JobsInYangon
သန်းပေါင်းများစွာသော Facebook အသုံးပြုသူများရဲ့ အချက်အလက်ပေါက်ကြားမှုကြောင့် Facebook အား Ireland ဒေတာထိန်းသိမ်းရေးကော်မရှင်မှ စစ်ဆေးမှုများပြုလုပ်လျှက်ရှိ
သန်းပေါင်းများစွာသော Facebook အသုံးပြုနေသူတို့ရဲ့ ကိုယ်ရေးအချက်အလက်များပေါက်ကြားခဲ့ခြင်းကြောင့် Facebook အား Ireland Data Protection Commission (DPC) မှ စစ်ဆေးမှုများပြုလုပ်လျှက်ရှိနေကြောင်း BBC News မှ သတင်းတစ်ပုဒ်အရ သိရှိရပါတယ်။
အဆိုပါ ပေါက်ကြားခဲ့သော database အတွင်းတွင် လူသန်းပေါင်း ၅၃၀ ခန့်၏ Facebook profile အမည်များ၊ ဖုန်းနံပါတ်များ၊ တည်နေရာအချက်အလက်များနှင့် အခြားသောအချက်အလက်များပါဝင်သွားခဲ့ပြီး အဆိုပါဒေတာများကို အခမဲ့အနေဖြင့် Hacking Forum တစ်ခုတွင်တင်ထားခြင်းခံရတဲ့အတွက် လူအတော်များများရဲ့လက်ထဲသို့ အဆိုပါအချက်အလက်များရောက်ရှိနေနိုင်ပါတယ်။ အချက်အလက်များအရ နိုင်ငံပေါင်း ၁၀၆ နိုင်ငံမှ လူသန်းပေါင်း ၅၃၃ သန်းခန့်ရဲ့အချက်အလက်များပါသွားခဲ့ပါတယ်။
ယခုအခါ Ireland နိုင်ငံမှ ဒေတာထိန်းသိမ်းရေးကော်မရှင်အဖွဲ့ဝင်များကတော့ Facebook အား စစ်ဆေးမေးမြန်းမှုများကို ပြုလုပ်လျှက်ရှိနေပါတယ်။ Facebook မှတော့ အဆိုပါ ဒေတာများဟာ ဟောင်းနွမ်းနေပြီဖြစ်ပြီး အဆိုပါအားနည်းချက် (flaw) ကိုလည်း လွန်ခဲ့တဲ့ တစ်နှစ်ခွဲခန့်ကတည်းက ပြင်ဆင်ပြီးဖြစ်ကြောင်း ထောက်ပြခဲ့ပါတယ်။ မည်သို့ပင်ဆိုစေကာမူ အဆိုပါဒေတာအချက်လက်အဟောင်းများ ပေါက်ကြားခြင်းကြောင့် အချို့သော အင်တာနက်လုံခြုံရေးဆိုင်ရာသုသေသနပညာရှင်များကတော့ ပါဝင်နေတဲ့ ဒေတာအချက်အလက်များရဲ့ သဘောသဘာဝအရ အလွန်အမင်းပြောင်းလဲမှုများဖြစ်ထားမှာမဟုတ်တဲ့အတွက် စိတ်ပူပင်ရမယ့်အချက်များရှိနေကြောင်း တုန့်ပြန်ပြောဆိုခဲ့ပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။