Jobs In Myanmar
Load...

အလုပ်လျှောက်သူတွေအတွက် အလုပ်တစ်ခုကို အမြန်ဆုံးရအောင် ဘယ်လိုလျှောက်မလဲ

by SiThu Aung


Tags: အလုပ်လျှောက်သူတွေအတွက် အလုပ်တစ်ခုကို အမြန်ဆုံးရအောင် ဘယ်လိုလျှောက်မလဲ



     ပထမဆုံးအနေနဲ့ အလုပ်လျှောက်တဲ့ အခါမှာ မြန်မြန်ရနိုင်အောင် ပြင်ဆင်ရမှာက- အလုပ်ခေါ်တဲ့ ကြော်ငြာပါတဲ့ ဂျာနယ်၊ Websites တွေကို အရင်ရှာရပါမယ်။  ဒီလို ဂျာနယ်၊ သတင်းစာနဲ့ Online တွေမှာက အလုပ်မျိုးစုံကို တစ်နေရာထဲမှာ စုပြီး ကြော်ငြာထားတာကြောင့်  ကိုယ်ကြိုက်နှစ်သက်ရာ၊ သင့်တော်ရာကို ရွေးချယ် လျှောက်ထားနိုင်မှာဖြစ်ပါတယ်။ ဘယ်လိုရှာရမလဲ မသိရင်တော့ လက်လှမ်းမီရာ သတင်းစာ၊ ဂျာနယ် အရောင်းဆိုင်တွေမှာ မေးလို့ရသလို အင်တာနက် ပေါ်ကနေ အလုပ်ခေါ်စာ ဒါမှမဟုတ် အင်္ဂလိပ်လို Job လို့ ရိုးရိုးလေး ရိုက်ထည့်လိုက်ရင် ရှာလို့ရပါပြီ။ ပြီးတော့ ကိုယ်လျှောက်ချင်တဲ့ ကုမ္ပဏီတွေရဲ့ FB Page နဲ့ websites တွေမှာလည်း အခုဆို အလုပ်ခေါ်စာတွေကို တင်ထားလေ့ရှိတာကြောင့် အင်တာနက်ပေါ်မှာ ကိုယ် အလုပ် လုပ်ချင်တဲ့ ကုမ္ပဏီ အမည်ကို ရိုက်ပြီးတော့လည်း ရှာနိုင်ပါတယ်။

     နောက်တစ်ခုကတော့ အလုပ်လျှောက်သူတွေရဲ့ ပုံရိပ်ပါ။ အလုပ်ရှာနေသူ တစ်ယောက်အတွက် သူ့ရဲ့ CV က သူ့ရဲ့ ပုံရိပ်ပါပဲ။ CV ကို ကိုယ်လျှောက်မယ့် အလုပ်အမျိုးအစားနဲ့ ကိုက်ညီအောင်ပြင်ဆင်ထားရပါမယ်။ တစ်ချို့ဆို သူလျှောက်ချင်တာက အရောင်းမန်နေဂျာ ပြင်ထားတဲ့ CV က သာမန်ဝန်ထမ်းတစ်ယောက်သာသာလောက်ပဲ အတွေ့အကြုံတွေကို ဖော်ပြထားတတ် ကြတယ်။ ပြီးတော့ Update ဖြစ်ရမယ်ပေါ့။ အလုပ်ရှာနေသူတစ်ယောက်အတွက် သူ့ CV ဟာ အမြဲ Update ဖြစ်နေ ဖို့လိုအပ်ပါတယ်။ တစ်ချိြု့ကတော့ CV ကို တစ်ခါပြင်ဆင်ပြီးရင် တစ်သက်လုံးသုံးချင်ကြပါတယ်။ ဒါတော်တော် လွဲပါတယ်။ ကိုယ် အလုပ်ကရခဲ့တဲ့ လုပ်ငန်းအတွေ့အကြုံတွေကို အမြဲတမ်း Update ဖြစ်နေရပါမယ်။

   

 နောက်တစ်ချက်ကတော့ များလေ ကောင်းလေပေါ့။ ကိုယ်က အလုပ်လျှောက်ဖို့ CV ကို ပြင်ဆင်ပြီးပြီ ဆိုရင် လက်လှမ်းမီသမျှ၊ ကိုယ်နဲ့ သင့်တော်မယ်ထင်တဲ့ အလုပ်မှန်သမျှကို လျှောက်ရပါမယ်။ ဒီလို လျှောက်တဲ့ အခါမှာ Offline ဖြစ်တဲ့ သတင်းစာ၊ ဂျာနယ်တွေအပြင် Online ပေါ်က အလုပ်အကိုင်ရှာဖွေရေး ဆိုက်တွေဖြစ်တဲ့ ကျွန်တော်တို့လို jobs in Yangon နဲ့ အခြားဆိုက် တွေပေါ်မှာပါ လျှောက်ရပါမယ်။ ပြီးတော့ လက်လှမ်းမီရာ မိတ်ဆွေ၊ အပေါင်းအသင်း၊ သူငယ်ချင်းတွေ ဆီကနေလည်း စုံစမ်းဆက်သွယ် လျှောက်ထားရပါမယ်။

     ဒီလို မလုပ်ချင်ရင်တော့ ကိုယ်နဲ့ကိုက်ညီမယ့် အလုပ်အမျိုးအစားကို ပေးနိုင်မယ့် ကုမ္ပဏီ ဒါမှမဟုတ် ကိုယ်လုပ်ချင်တယ့် ကုမ္ပဏီစာရင်းကို ပြုစုထားပြီး ရှာနိုင်ပါတယ်။ ဘယ်လိုစာရင်းပြုစု ရမလဲ မသိရင် အင်တာနက်ပေါ်ကနေ ကုမ္ပဏီအလုပ်အမျိုးအစားလိုက် ဒါမှမဟုတ်ရင် နာမည်အလိုက်ရိုက်ပြီး ရှာနိုင်ပါတယ်။ ရလာတဲ့ စာရင်းတွေထဲက လတ်တစ်လော အလုပ်ခေါ်နေတဲ့ ကုမ္ပဏီတွေ တွေ့ခဲ့ရင်တော့ အဆင်ပြေနိုင်ပါတယ်။

     နောက်ထပ်ပြင်ဆင်ရမယ့် နည်းလမ်းတစ်ခုကတော့ ကိုယ့်ရဲ့ အလုပ်လျှောက်လွှာနဲ့ ကိုက်ညီမယ့် Cover Letter (ရည်ညွှန်းစာ) ပေါ့။ တစ်ချို့က Cover Letter ကို ပြီးစလွယ် ရေးတတ်တယ်။ တစ်ချို့ကြတော့ ရေးရကောင်းမှန်းတောင် မသိဘူး။ အမှန်တကယ်တော့ ဒီရည်ညွှန်းစာ (Cover Letter) က ကိုယ့်ရဲ့ ကျွမ်းကျင်မှုနဲ့ ခံယူချက်ပါပဲ။ အလုပ်ခန့်မယ့်သူက အလုပ်လျှောက်သူတွေရဲ့ သူတို့အလုပ်အပေါ်ထားတဲ့ သဘောထားကို သိချင်တဲ့အခါ ဒီ Cover Letter ကို အရင်ကြည့်တတ်ကြပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ Cover Letter ကို အကောင်းဆုံး ပြင်ဆင်ထားရပါမယ်။    

     ဒီတစ်ခုက ပိုအရေးကြီးပါတယ်။ ဒါကတော့ ကိုယ်စီးမယ့် မြင်း အထီး၊ အမ သိရမယ့် ကိစ္စပါ။ ကိုယ်လျှောက်တဲ့ ကုမ္ပဏီရဲ့ အကြောင်း၊ အမှတ်တံဆိပ်တွေ၊ ကုန်ပစ္စည်းတွေက အစ သိထားသင့်ပါတယ်။ မြင်းက အထီးလား၊ အမလား သိပြီးရင်တော့ မြင်းစီးမယ့်သူက Smart ဖြစ်ရပါမယ်။ ဆိုလိုချင်တာက မြင်းစီးမယ့်သူက Cow Boy လို ဝတ်စားသင့်ပေမယ့် အလုပ် အင်တာဗျူး ဖြေမယ့်သူက သာမန်ထသွား၊ ထလာ (Casual) အဝတ်အစားမျိုးကို ဝတ်စားသွားတာကို ရှောင်ကျဉ်သင့်ပါတယ်။ လုပ်ငန်းခွင်နှင့် သင့်တော်မယ်ထင်တဲ့ အဝတ်အစားကို ဦးစားပေး ဝတ်ဆင်ရပါ့မယ်။ အကောင်းဆုံးကတော့ Business Suit ကို အပြည့်အစုံ ဝတ်ဆင်သွားသင့်ပါတယ်။ တောင်းမှာ အကွတ်၊ လူမှာ အဝတ် ဆိုသလို မျိုးပေါ့။

   

     ဒါတွေအားလုံး ပြင်ဆင်ပြီးသွားရင်တော့ အင်တာဗျူး Follow Up လုပ်ရပါ့မယ်။ အင်တာဗျူးက ကိုယ့်ကို အကြောင်းပြန်တာကို စောင့်နေတာထက် ကိုယ်က ဒီအလုပ်ကို ဘယ်လောက်မျှော်လင့်ထားကြောင်း အခုလို အင်တာဗျူးခွင့်ရခဲ့တဲ့အတွက် အခွင့်အရေးပေးခဲ့ သူတွေကို ကျေးဇူးတင်ကြောင်း၊ ကိုယ်ကိုတိုင်က ဒီလို အလုပ်အတွက် ဘယ်လောက်ပြင်ဆင်ထား ကြောင်း ဖုန်းဆက်ပြော သင့်ပါတယ်။ အနည်းဆုံးတော့ ကိုယ်ကို သူတို့ အမှတ်ရနေမှာပါ။

     နောက်ဆုံးတစ်ခုကတော့ အလုပ်ကမ်းလှမ်းမှု ခံရတဲ့အခါမှာ ကိုယ်က ကမ်းလှမ်းခံရတဲ့ အချက်အလက်တွေကို ဂရုတစိုက် ဆုံးဖြတ်ဖို့ပါ။ သိထားသင့်တာက အလုပ် မရသေးပါဘူး။ အလုပ်ရဖို့ ကမ်းလှမ်းခံရခြင်းပါ။ မကြိုက်ရင် ငြင်းပယ်လို့ ရသလို၊ ငြင်းပယ်မယ်ဆိုရင်လည်း ယဉ်ကျေးစွာ ငြင်းပယ်ဖို့ လိုအပ်ပါတယ်။ အခု ပြောပြခဲ့တာတွေက အလုပ်တစ်ခု တတ်နိုင်သမျှ အမြန်ဆုံးရအောင် ပြင်ဆင်ရမှာတွေပါ။

အခုဒီအချက်တွေကို မှတ်သာထားပြီး အလုပ်အကိုင်များကို လျှောက်တဲ့အခါမှာ ကိုယ်နဲ့ သင့်တော်မယ့် အလုပ်ကို အမြန်ဆုံး ရနိုင်ပါစေလို့ ဖြေဆိုနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်း လိုက်ပါတယ်။

www.jobless.com.mm


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


SOE MYINT & SONS Stainless Steel Trading Co., Ltd.

SOE MYINT & SONS Stainless Steel Trading Co., Ltd.

Amazing One Trading Co., Ltd.

Amazing One Trading Co., Ltd.

.Elegant in style. Unique in designs. Serviced by professionals. Your most satisfying experience to decorate your home. All at Amazing One....
Show the postings (8)
Fourteen Star Network Co., Ltd.

Fourteen Star Network Co., Ltd.

“To Be The Best Service Leader for Medical Devices” .Fourteen Star Network Company (FSN) has founded in 2004 in Myanmar. FSN distributes medical devices and equipment. FSN has mostly provided ima...
Show the postings (22)
W.H.K Co., Ltd.

W.H.K Co., Ltd.

..Since established in 1997, W.H.K Company Limited has built a credible reputation as Myanmar’s leading distributor of automotive spare parts. W.H.K became the touchstone of quality and trustworthi...
Show the postings (5)
Design Communications International Co, Ltd.

Design Communications International Co, Ltd.

..Design Communications International Co, Ltd.....
Show the postings (2)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS