Jobs In Myanmar
Load...

Leadership Development Practices of HRM

by www.jobsinyangon.com


Tags: Knowledge-HRM-Leadership-Development-JobsInYangon



HRM ၏ ခေါင်းဆောင်မှုဆိုင်ရာတိုးတက်မှုရှိစေမည့် လက်တွေ့နည်းလမ်းများ 

 

အောင်မြင်သောကုမ္ပဏီများတွင်ကျင့်သုံးနေသော အုပ်ချုပ်မှု/ ခေါင်းဆောင်မှုဆိုင်ရာတိုးတက်မှုရှိစေမည့်နည်းလမ်းများ 

HRM function အား ယနေ့ခေတ်တွင် အရေးပါသော၊ အရေးကြီးသော အဖွဲ့အစည်းဆိုင်ရာအထောက်အကူပြုလုပ်ဆောင် ချက်များ၏ အစိတ်အပိုင်းတစ်ခုအနေနဲ့ ရှုမြင်လာကြပြီဖြစ်ပါတယ်။ အထူးသဖြင့် ဝန်ထမ်းစီမံခန့်ခွဲရေးဟာ ရေရှည်တွင်အာမခံချက်ရှိပြီး ပိုမိုကောင်းမွန်သော စီးပွားရေးလုပ်ဆောင်ချက်များကိုဖြစ်ပွားစေသလဲဆိုတာကို ကျွန်ုပ်တို့လေ့လာကြည့်ခဲ့ရာတွင် ထိုအရာကိုသိမြင်နိုင်မှာဖြစ်ပါတယ်။ ဝန်ထမ်းများ၏အခန်းကဏ္ဍတွင် HRM လုပ်ဆောင်ချက်များမှလုပ်ဆောင်ပေးနေသော စီမံခန့်ခွဲမှုများဟာ leadership development နဲ့ သက်ဆိုင်သောအချက်များဖြစ်ကြပါ တယ်။ 

အောင်မြင်သောကုမ္ပဏီများတွင် ကျင့်သုံးလျှက်ရှိတဲ့ HRM practices များကို သုသေသနပြုလုပ်ရာ၌ ယခုဆောင်းပါးတွင် ဆွေးနွေးသွားမည့် leadership development practices များကို လိုက်နာအသုံးပြုခြင်းအားဖြင့် ဒီကုမ္ပဏီများဟာ သူတို့နဲ့အပြိုင် အခြားသောကုမ္ပဏီများထက်ပို၍ စီးပွားရေးဆိုင်ရာအကျိုးအမြတ်များပိုမိုဖြစ်ထွန်းခဲ့တာကိုတွေ့ရှိရမှာဖြစ်ပါတယ်။ အောင်မြင်သောကုမ္ပဏီများဟုဆိုရာတွင် Fortune 100 list တွင်ပါဝင်ပြီး ဆယ်စုနှစ်တစ်ခုကြာ သူတို့ရဲ့နေရာကို ထိန်းသိမ်းထားနိုင်ခဲ့တဲ့ ကုမ္ပဏီများကို ကျွန်ုပ်တို့က ဆိုလိုတာဖြစ်ပါတယ်။ ပိုမို၍သဘောပေါက်စေရန် ပြောကြားရမည်ဆိုပါက နှစ်အနည်းငယ်ကြာ Fortune 100 list အတွင်းရှိနေသည့် များစွာသောကုမ္ပဏီများဟာတောင်မှ သူတို့ရဲ့နေရာများကို နောက်ထပ်နှစ်များအတွက် ဆက်လက်ထိန်းသိမ်းထားနိုင်စွမ်းမရှိကြပါဘူး။ ထို့ကြောင့် အထက်ပါ ဖော်ပြခဲ့တဲ့ကုမ္ပဏီများဟာ ဒီစာရင်းအတွင်းဆက်လက်၍တည်ရှိနေနိုင်တာကိုကြည့်ခြင်းအားဖြင့် သူတို့ဟာ သူတို့နဲ့အပြိုင်ကုမ္ပဏီများနဲ့ ပြိုင်ဘက်များထက် ပိုမိုကောင်းမွန်စွာဆောင်ရွက်နိုင်ခဲ့တာကို သိရှိနိုင်မှာဖြစ်ပါတယ်။ 

 

အုပ်ချုပ်မှု/ ခေါင်းဆောင်မှုဆိုင်ရာတိုးတက်မှုရှိစေမည့်နည်းလမ်းများတွင် ပါဝင်သောအချက်များ

အဆိုပါကုမ္ပဏီများ၏ leadership development program များတွင် ၎င်းတို့ကိုတန်ဖိုးထားရန်နှင့် ခေါင်းဆောင်သူများထံမှ မျှော်လင့်ထားသော ပံ့ပိုးကူညီမှုများကို တိကျစွာသတ်မှတ်ပြီး organizational culture ကိုလဲ ခေါင်းဆောင်သူများကို စံနမူနာအဖြစ် ထားရှိစေသော အတွေးအခေါ်အတိုင်းလိုက်နာလုပ်ဆောင်လျှက်ရှိသည်ကို တွေ့ရှိရမှာဖြစ်ပါတယ်။ ထို့နောက် အဆိုပါကုမ္ပဏီများရဲ့ လုပ်ငန်းစွမ်းဆောင်ရည်စီမံခန့်ခွဲမှုစနစ်များဟာ ကုမ္ပဏီရဲ့စီးပွားရေးမဟာဗျူဟာများနဲ့ ဆက်စပ်လျှက်ရှိနေပြီး ထိုအရာများတွင် ကျွမ်းကျင်မှု/ စွမ်းရည်တိုးတက်ရေးလုပ်ဆောင်ချက်များနှင့် ရှင်းလင်းတိကျစွာဖော်ပြထားသော ခေါင်းဆောင်မှုဆိုင်ရာရည်မှန်းချက်များ ပါဝင်နေပါသည်။ တစ်နည်းအားဖြင့်ဆိုသော် - ရာထူးတိုးမြှင့်မှုများဟာ တစ်ဦးချင်းစွမ်းဆောင်ရည်နှင့်သက်ဆိုင်သလို people development activity များနှင့်လည်း သက်ဆိုင်မှုရှိပြီး ဒီအရာများက လုပ်ငန်းစီးပွားရေးမဟာဗျူဟာနှင့် ရည်မှန်းချက်များနှင့် တစ်ဖန်ပြန်လည်၍ဆက်စပ်မှုရှိနေပြန်ပါတယ်။ 

အဆိုပါကုမ္ပဏီများထံတွင် leadership pipeline တစ်ခုလည်းရှိနေပါတယ်။ ဆိုလိုသည်မှာ leadership development ကို သူတို့ရဲ့ strategic workforce planning အတွင်း နားလည်ရလွယ်ကူသောပုံစံဖြင့်ထည့်သွင်းမြှုပ်နှံထားပြီး ရေရှည်ဦးတည်ချက်များအတွက် ရေးဆွဲထားပါတယ်။ ၎င်းကုမ္ပဏီများဟာ သူတို့ရဲ့ workforce (လုပ်သားအင်အား) ကို job family များအဖြစ်ခွဲခြားထားစေပြီး အလားအလာရှိသောခေါင်းဆောင်သူများကိုလည်း ရှာဖွေဖော်ထုတ်ကာ ပိုမိုမြင့်မားသောတာဝန်များနှင့် တာဝန်ခံမှုများရှိစေရန်အတွက် ပျိုးထောင်ပေးလျှက်ရှိပါတယ်။ ထိုကဲ့သို့သော များစွာသောကုမ္ပဏီများတွင် High potentials ဟုခေါ်ဆိုသော အလားအလာရှိသည့် ခေါင်းဆောင်များ၏အမည်စာရင်းကို အများအားဖြင့်တွေ့ရှိရမှာဖြစ်ပြီး ထိုသူများရဲ့ ကျွမ်းကျင်မှု၊ စွမ်းဆောင်နိုင်မှုများအပေါ် မူတည်သော အဖွဲ့အစည်းဆိုင်ရာအကဲဖြတ်မှုအပေါ်မူတည်၍ မြန်ဆန်စွာတိုးတက်ပြောင်းလဲလာစေမည့် သက်မွေးမှုလမ်းကြောင်းပေါ်သို့ တင်ပေးနိုင် စေရန်အတွက် မှတ်သားမှုပြုလုပ်ထားကြမှာဖြစ်ပါတယ်။ ထို့ထက်ပို၍ ဝန်ထမ်းအသစ်များကို ဌားရမ်းခေါ်ယူခြင်းနှင့် လေ့ကျင့်သင်ကြား ပေးခြင်းတို့ကိုလည်း demand and supply pattern များအပေါ် ရေရှည်လေ့လာမှုများရဲ့အပေါ်အခြေခံ၍ ပြုလုပ်ကြကာ မျိုးဆက်သစ် ခေါင်းဆောင်ကောင်းများကိုလည်း ကုမ္ပဏီအတွင်းသို့ ခေါ်ယူကာ ပိုမိုမြင့်မားတဲ့နေရာများသို့ရောက်ရှိသွားသူများရဲ့နေရာတွင် အစားထိုးနိုင်စေဖို့အတွက်ကိုလည်း လုပ်ဆောင်ထားတတ်ကြပါသေးတယ်။ 


HRM Function နှင့် Senior Management တို့အကြား ပူးပေါင်းဆောင်ရွက်မှုများ 

အဆိုပါကုမ္ပဏီများအတွင်းရှိ HRM လုပ်ဆောင်ချက်များဟာ သူတို့ရဲ့အလားအလာရှိသော ခေါင်းဆောင်များဖြင့် အတူတကွပူးပေါင်းလုပ် ဆောင်စေသောပုံစံဖြင့် လုပ်ဆောင်နေကြတာဖြစ်ပါတယ်။ ဆိုလိုသည်မှာ ဝန်ထမ်းတိုးတက်ရေးအတွက်လုပ်ဆောင်ရမည့်အရာများကို HRM function (သို့) ခေါင်းဆောင်သူများ တစ်ဖက်ဖက်ကသာ သီးသန့်တာဝန်ယူဖို့ခိုင်းစေခြင်းမခံရပဲ ထိုအစား အလားအလာရှိသော ခေါင်းဆောင်များကို ရှာဖွေဖော်ထုတ်ပြီးနောက် ဆက်လက်၍ အထက်သို့ရောက်စေရန်အတွက် သူတို့ရဲ့လုပ်ငန်းစွမ်းဆောင်ရည်ဟာ အခြားသောသူများကို စွမ်းဆောင်ရည်တိုးမြင့်မှုရှိလာစေရန်ကူညီပေးနိုင်ခြင်းနှင့် အားပေးကူညီခြင်းတို့နှင့် ဆက်စပ်နေပါတယ်။ တစ်နည်းအားဖြင့်ဆိုသော် အနာဂါတ်အတွက် ခေါင်းဆောင်များ၊ အရည်အချင်းရှိသူများကိုရှာဖွေဖော်ထုတ်ခြင်းကို HRM function နှင့် Senior Management နှစ်ဖက်စလုံးမှ အတူတကွပူးပေါင်းလုပ်ဆောင်ရမှာဖြစ်ပါတယ်။ 

အဆိုပါအောင်မြင်သောကုမ္ပဏီများအပေါ်လေ့လာမှုများအရ ၎င်းကုမ္ပဏီများအတွင်းတွင်ကျင့်သုံးလျှက်ရှိသော people management လုပ်ဆောင်ချက်များဟာ အပြည်ပြည်ဆိုင်ရာအရည်အသွေးအတိုင်းရှိနေပြီး အဆိုပါကုမ္ပဏီများကို အခြားကုမ္ပဏီများမှ ကွဲထွက်နေစေ သောအဓိကအချက်တွင် HRM ဟာ ဝန်ထမ်းခေါ်ယူခန့်အပ်ခြင်းနှင့် လေ့ကျင့်သင်ကြားရေးအဆင့်တွင်သာမကပဲ ဝန်ထမ်းများရဲ့သက်တမ်းတစ်လျှောက်တွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်နေသည်ကို တွေ့မြင်နိုင်မှာဖြစ်ပါတယ်။ အခြားသော အချက်တစ်ခုကတော့ အဆိုပါကုမ္ပဏီများတွင်းရှိခေါင်းဆောင်များထံတွင် ၂၁ရာစုလုပ်ငန်းစီးပွားရေးနယ်ပယ်အတွင်းရှိ အခက်အခဲများကို လိုက်လျောညီထွေဖြစ်စွာကျော်လွှားနိုင်စေမည့် ကျွမ်းကျင်မှုများရှိနေဖို့မျှော်လင့်ထားကြတာဖြစ်တဲ့အတွက် တစ်နည်းအားဖြင့် အဆိုပါကုမ္ပဏီများဟာ အနာဂါတ်အတွက်ခေါင်းဆောင်ကောင်းများကို middle management level မှ စတင်၍ ပျိုးထောင်ပေးလျှက်ရှိ တာကို တွေ့ရှိရမှာဖြစ်ပါတယ်။ 

 

နိဂုံးချုပ်အမြင်များ 

အဆုံးသတ်တွင်တော့ ခေါင်းဆောင်မှုဆိုင်ရာစွမ်းရည်ဆိုသည်မှာ မွေးရာပါစွမ်းဆောင်ရည်များနှင့် အထက်ပါကျွမ်းကျင်မှုများကို အသုံးပြုကာ ဝန်ထမ်းများအပေါ် organization မှ ပျိုးထောင်ပေးခြင်းတို့ကို ပေါင်းစပ်ထားခြင်းဖြစ်ပါတယ်။ ထို့ကြောင့် မွေးရာပါ ဗီဇနှင့် ပျိုးထောင်ပေးမှုနှစ်ခုတို့အကြား အပြန်အလှန်ဆက်စပ်မှုရှိခြင်းဟာ အောင်မြင်မှုကိုအဆုံးအဖြတ်ပေးမည့်အရာဖြစ်လာမှာဖြစ်ပြီး တစ်နည်းအားဖြင့် HRM function နဲ့ Senior Management တို့ရဲ့ ပူးပေါင်းအားထုတ်မှုဖြင့် အဆိုပါကုမ္ပဏီများတွင် ခေါင်းဆောင်သူများကို တိုးတက်မှုရှိလာစေတာပဲဖြစ်ပါတယ်ဟူ၍ ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။ 

 

ဒီ Article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက် 
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Definity Group of Co.,Ltd

Definity Group of Co.,Ltd

Tokyo Metropolitan Institute of Technology

Tokyo Metropolitan Institute of Technology

To recruit and develop of our country’s most promising students and most outstanding staff and be a truly global institute. To Focus on highest international standards and teaching methods. Prod...
Show the postings (5)
I.E.M Co., Ltd.

I.E.M Co., Ltd.

Vision “ One Stop Solution for Power, Generation, Drive & Control” Mission * Deliver quality products & services by meeting customer needs and expectations. * Dedicated with applicab...
Show the postings (1)
Lan Thit Innovation Co., Ltd

Lan Thit Innovation Co., Ltd

..We, as Lan Thit Innovation Technology, provide services like recruiting, outsourcing and brand marketing to our clients. We also assist the jobseekers in finding the right opportunity for them. We ...
Show the postings (37)
Tharaphu Soe Myint Company Limited

Tharaphu Soe Myint Company Limited

Under the leadership of the proprietor U Soe Myint and the assistance of the expertise knowledge of the technicians, the company works for the welfare of the local farmers and peasants.The aim of the ...
Show the postings (5)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS