Tags: Knowledge-Hybrid-Workplace-COVID-JobsInYangon
Hybrid Workplace တစ်ခုအား ဦးဆောင်ခြင်း
COVID-19 ကာလအတွင်းတွင် များစွာသောလုပ်ငန်းခွင်များဟာ တစ်ချို့သောဝန်ထမ်းများရုံးတက်ရပြီး အချို့ကတော့အိမ်မှအလုပ်လုပ်နေရတဲ့ Hybrid လုပ်ငန်းခွင်များအဖြစ်သို့ပြောင်းလဲလာကြပါတယ်။ ဒီအခါမှာ ခေါင်းဆောင်မှုပုံစံများဟာလည်း ပြောင်းလဲလာပါတော့တယ်။
၁။ Hybid Workplace များကို အများအားဖြင့် အသိပညာရှင်၊ အတတ်ပညာရှင်ဝန်ထမ်းများရှိနေတဲ့ လုပ်ငန်းခွင်များတွင်သာ တွေ့ရမှာဖြစ်ပါတယ်။
စာဖတ်သူတို့အနေနဲ့ ခန့်မှန်းခြေအရ အသိပညာရှင်၊ အတတ်ပညာရှင်ဝန်ထမ်းများမဟုတ်တဲ့ အခြားသော “စားပွဲခုံပေါ်တွင် ထိုင်၍အလုပ်လုပ်ရမှာမဟုတ်တဲ့” ဝန်ထမ်းများရဲ့ ၇၀% ခန့်ကို ဦးဆောင်နေရသူတစ်ဦးဆိုပါက “ဒီဆောင်းပါးလေးဟာ စာဖတ်သူတို့နဲ့ သက်ဆိုင်မှုရှိမှာမဟုတ်ဘူး” ဟူ၍ တွေးကောင်းတွေးမိနိုင်ပါတယ်။ သို့ပေမယ့် ဒီလို team များကို ဦးဆောင်နေရတဲ့ မန်နေဂျာများဟာတောင်မှ အဝေးမှအလုပ်လုပ်ရခြင်းနှင့်သက်ဆိုင်တဲ့ ပြဿနာများဖြစ်တဲ့ အချို့သောအဖွဲ့သားများဟာ အဝေးမှအလုပ်လုပ်နေရပြီး ကျန်လူများဟာ ရုံးတက်နေရသည့်အချိန်မျိုးတွင် Team meeting များကို စီစဉ်ရခြင်းကဲ့သို့သော အခက်အခဲများနှင့်တွေ့ကြုံလာရနိုင်ပါသေးတယ်။
အချုပ်အားဖြင့်ဆိုသော် - ဒီ trend ဟာ ခေါင်းဆောင်သူတစ်ဦးဖြစ်တဲ့ သင့်အပေါ်သို့ ရိုက်ခတ်မှုများရှိလာမှာဖြစ်တဲ့အတွက် သင့်ရဲ့ team ဖွဲ့စည်းပုံဟာ မည်သို့ပင်ဖြစ်နေစေကာမူ အခြေအနေအပေါ်လိုက်၍ မြန်ဆန်စွာပြောင်းလဲမှုများပြုလုပ်နိုင်ရန် စီစဉ်ထားရမှာဖြစ်ပါတယ်။
၂။ သာတူညီမျှမှုမရှိခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများ
Hybrid workplace များတွင် ရုံးသို့တက်ရောက်ရသည့်သူများအနေနဲ့ အာရုံစိုက်မှုပိုမိုရရှိပြီး ပိုမိုကောင်းမွန်သည့် အလုပ်များကိုခိုင်းစေခံရခြင်းနှင့် အခြားသောအကျိုးခံစားခွင့်များကို ရုံးသို့မတက်ပဲ အဝေးမှအလုပ်လုပ်သောသူများထက် ပိုမို၍ခံစားလာရနိုင်ပြီး အတန်းအစား (၂) မျိုးကွဲပြားသွားစေမည့် စံနစ်တစ်ခုကိုဖြစ်ပေါ်လာစေနိုင်နေတဲ့အတွက် စိုးရိမ်ပူပန်စရာများကတော့ရှိနေဦးမှာဖြစ်ပါတယ်။ သို့သော်လည်း ဒီအရာကို ခေါင်းဆောင်ပိုင်းမှလူများအနေနဲ့ ကြိုတင်တွေးတောစီစဉ်မှုများပြုလုပ်၍ ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။
အချုပ်အားဖြင့်ဆိုသော် - ဒီအချက်ဟာ အချို့သောကုမ္ပဏီများအတွက် ပြဿနာများကို ဖြစ်ပေါ်လာစေနိုင်တဲ့အချက်တစ်ခုဖြစ်သော်လည်း ခေါင်းဆောင်သူများအနေနဲ့ ထိုအရာကိုကြိုတင်သိရှိနိုင်ပြီး ရုံးမတက်ပဲအဝေးမှအလုပ်လုပ်နေရတဲ့ဝန်ထမ်းများအတွက်ကိုပါ ထည့်သွင်းစဉ်းစား၍ ကြိုတင်စီမံမှုများကို ပြုလုပ်ပေးနိုင်ပါက ပိုမိုကောင်းမွန်တဲ့ အလုပ်ပတ်ဝန်းကျင်တစ်ခုကို ရရှိပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။
၃။ ခေါင်းဆောင်သူများအနေနဲ့ အခွင့်အလမ်းများကိုတွေ့မြင်နိုင်စွမ်းမရှိစေရန် ဘက်လိုက်မှုများမှ ကာဆီးထားခြင်း
တစ်ချို့သော ခေါင်းဆောင်သူများကတော့ ယခုကပ်ရောဂါကာလအတွင်းမှ ပြန်လည်ရုန်းထလာနိုင်ဖို့ ကြိုးစားရခြင်းဟာ အလုပ်လုပ်သည့်ပုံစံများကို ပြန်လည်စဉ်းစား၍ ပြောင်းလဲနိုင်စေမည့် “တစ်သက်တွင် တစ်ခါသာတွေ့ကြုံရမည့် အခွင့်အလမ်းတစ်ရပ်” အနေနဲ့ မှတ်ယူထားကြပါတယ်။ သို့သော်လည်း အများစုကတော့ သူတို့ရဲ့ အကြီးတန်းစီမံခန့်ခွဲမှုခေါင်းဆောင်များရဲ့ ယခင်ကလမ်းဟောင်းများမှ ဖောက်ထွက်ကြံဆနိုင်မှုမရှိခြင်းကြောင့် ပိတ်မိနေသကဲ့သို့ ခံစားနေရပြီး စိတ်ဓါတ်ကျဆင်းမှုများလည်း ရှိလာခဲ့ပါတယ်။
ဥပမာအားဖြင့် များစွာသော Organization များရဲ့ ခေါင်းဆောင်သူများဟာ Hybrid အလုပ်ခွင်သို့ အောင်မြင်စွာပြောင်းလဲနိုင်စေဖို့ကို အဟန့်အတားဖြစ်စေသော အတွေးအခေါ်များဖြစ်တဲ့ “ဝန်ထမ်းများဟာ ရုံးမတက်ပဲ အဝေးမှအလုပ်လုပ်ပါက လုပ်ငန်းစွမ်းဆောင်ရည်များကျဆင်းလာနိုင်တယ်” ဟူသောအတွေးအခေါ်များကို လက်ကိုင်ထားလျှက်ရှိနေကြပါတယ်။ ဒါဟာလက်တွေ့မှာတော့ မှန်ကန်မှုရှိမနေပါဘူး။ လေ့လာတွေ့ရှိချက်များအရ ဝန်ထမ်းများကို work from home ပြုလုပ်စေတဲ့အခါမှာ လုပ်ငန်းစွမ်းဆောင်ရည်ဟာ ၂၀% အထိတိုးတက်လာခဲ့တာကိုတွေ့ရှိရမှာဖြစ်ပါတယ်။
အချုပ်အားဖြင့်ဆိုသော် - ခေါင်းဆောင်သူများအနေနဲ့ သူတို့ရဲ့အတွေးအခေါ်များကို ပြန်လည်ဆန်းစစ်၍ မိမိတို့ကိုယ်ကို မေးခွန်းများကို မေးမြန်းကြည့်သင့်နေပြီပဲဖြစ်ပါတယ်။
၎။ Hybrid လုပ်ငန်းခွင်တစ်ခုကို ဦးဆောင်ခြင်း - ဝန်ထမ်းခေါ်ယူခြင်းနှင့် အလုပ်ထွက်မှုနှုန်းကို လျှော့ချခြင်း
LinkedIn ရဲ့ တင်ပြချက်တစ်ခုတွင် အနည်းဆုံး လုပ်ငန်းနယ်ပယ် ၈ ခုခန့်ဟာ အဝေးမှအလုပ်လုပ်နိုင်မည့် အလုပ်နေရာများကို မေလ ၂၀၂၀ ခုနှစ်မှစတင်၍ ၁၀ ဆခန့် တိုးမြှင့်ခေါ်ယူခဲ့ကြကြောင်း ဖော်ပြလျှက်ရှိနေပါတယ်။ Hybrid လုပ်ငန်းခွင်တစ်ခုကိုပြုလုပ်ဖို့ ဆုံးဖြတ်လိုက်တဲ့အခါတွင် “ငွေကြေးအရ ကုန်ကျစားရိတ်သက်သာမှုများရှိလာမဲ့အပြင် အရည်အချင်းရှိသူများကိုလည်းဆွဲဆောင်နိုင်မှာဖြစ်တာကို တွေ့ရှိနိုင်ပါတယ်”။ ကုမ္ပဏီတစ်ခုအတွက် အခွင့်အလမ်းများရှိလာခဲ့ရင်တောင်မှ သင့်ရဲ့ကုမ္ပဏီဟာ Hybrid work environment ကို အထောက်အပံ့ပေးမထားတဲ့အတွက် လိုအပ်နေတဲ့ လစ်လပ်နေရာများအတွက် လုံလောက်တဲ့ အရည်အချင်းရှိသူများကို ခေါ်ယူခြင်းမပြုနိုင်ပါက အဆိုပါအခွင့်အလမ်းကို လက်လွတ်ဆုံးရှုံးရနိုင်ခြေရှိလာမှာဖြစ်ပါတယ်။
အချုပ်အားဖြင့်ဆိုသော် - ယနေ့ခတ်ဟာ အလုပ်ရှာဖွေသူများရဲ့အပေါ်တွင် များစွာမူတည်လျှက်ရှိနေပါတယ်။ Hybrid work model (Hybrid အလုပ်ခွင်ပုံစံ) သို့ လျှင်မြန်စွာပြောင်းလဲချိန်ညှိပေးနိုင်တဲ့ ခေါင်းဆောင်သူများရှိနေတဲ့ကုမ္ပဏီများဟာ ဝန်ထမ်းခေါ်ယူရာတွင်နှင့် ဝန်ထမ်းများကို ကုမ္ပဏီတွင်တည်မြဲမှုရှိစေရန်အတွက် ကြိုးစားအားထုတ်မှုလုပ်ဆောင်ချက်များတွင် အခြားသောကုမ္ပဏီများနှင့် နှိုင်းယှဉ်လိုက်ပါက အသာစီးရရှိစေမှာဖြစ်ပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်စေလိမ့်မယ်လို့မျှော်လင့်ပါတယ်
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.