ချိတ်ဆွဲရန်စာတန်း: News-League-RIOT-UNIQLO-JobsInYangon
League of Legends: RIOT နှင့် UNIQLO တို့ ပူးပေါင်း၍ T-shirt များထုတ်လုပ်
League of Legends နှင့် UNIQLO (ဖက်ရှင် brand တစ်ခု) တို့မှ In-game character တစ်ဦးဖြစ်တဲ့ Ahri မှ UNIQLO ရဲ့ T-shirt ကို ဝတ်ဆင်ထားပုံအား သူတို့ရဲ့ social media အကောင့်များတွင် အသီးသီးပို့စ်တင်ခဲ့ကြပြီးနောက် UT line T-shirt များထုတ်လုပ်ဖို့အတွက် ပူးပေါင်းလုပ်ဆောင်သွားရန်ရှိကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။
အဆိုပါပူးပေါင်းမှုဟာ ကျော်ကြားသော 5v5 MOBA game တစ်ခုဖြစ်တဲ့ League of Legends ကိုအဓိကထားသွားမှာဖြစ်ပြီး သူတို့ရဲ့ champion များ (Jinx ကတော့ သေချာပါတယ်) နှင့် League ရဲ့ လူကြိုက်များတဲ့ skin line တစ်ခုဖြစ်တဲ့ K-POP theme skin line - K/DA တို့အပြင် အခြားသော in-game element များဖြစ်တဲ့ (Poro များ) ပါဝင်လာမှာပဲဖြစ်ပါတယ်။
တင်ထားတဲ့ ပို့စ်များအရ စုစုပေါင်း T-shirt ဒီဇိုင်း ၆ ခုကို တွေ့မြင်ခဲ့ရပြီး size အရတော့ XXS မှ 3XL အထိ ရရှိနိုင်မှာဖြစ်ကာ ပရိသတ်များအနေနဲ့ အဆိုပါ T-shirt များကို အမေရိကန်ဒေါ်လာ ၁၉.၉၀ ခန့်ဖြင့် ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ အဆိုပါ T-shirt များကို UNIQLO ရဲ့ website နဲ့ ကမ္ဘာတစ်လွှားရှိ အခြားအရောင်းဆိုင်များပေါ်တွင် တွေ့မြင်နိုင်တော့မှာလည်းဖြစ်ပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။