Jobs In Myanmar
Load...

LG မှ သူတို့ဟာ စမတ်ဖုန်းဈေးကွက်အတွင်းမှ ထွက်ခွာတော့မည်ဖြစ်ကြောင်း အတည်ပြုကြေငြာခဲ့ 

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: News-LG-Smartphone-Market-Leaving-JobsInYangon



LG မှ သူတို့ဟာ စမတ်ဖုန်းဈေးကွက်အတွင်းမှ ထွက်ခွာတော့မည်ဖြစ်ကြောင်း အတည်ပြုကြေငြာခဲ့ 

 

The Verge သတင်းစာမှ သတင်းတစ်ပုဒ်အရ - ဧပြီလ ၄ ရက်နေ့တွင် LG မှ သူတို့ဟာ စမတ်ဖုန်းထုတ်လုပ်ရေးလောကမှ ထွက်ခွာတော့မည်ဖြစ်ကြောင်း ကြေငြာချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့တယ်လို့ သိရှိခဲ့ရပါတယ်။ သတင်းစာရှင်းလင်းပွဲတစ်ခုတွင် LG မှ အဆိုပါဆုံးဖြတ်ချက်ဟာ “ကုမ္ပဏီရဲ့ အရင်းအမြစ်များအား တိုးတက်လျှက်ရှိနေတဲ့နယ်ပယ်များဖြစ်ကြတဲ့ လျှပ်စစ်ကားအစိတ်အပိုင်းထုတ်လုပ်ခြင်းနှင့် ဆက်စပ် စက်ပစ္စည်းများ၊ smart home များ၊ စက်ရုပ်တည်ဆောက်ခြင်း၊ မှတ်ဉာဏ်တု (AI) နှင့် business-to-business solution များအပြင် အခြားသော platform များနှင့် ဝန်ဆောင်မှုများတွင် ပိုမို၍ အာရုံစူးစိုက်မှုပြုလုပ်လာနိုင်စေမှာဖြစ်ကြောင်း” ပြောကြားခဲ့ပါတယ်။ 

လက်ရှိရှိနေသေးတဲ့ဖုန်းများကိုတော့ ဆက်လက်ရောင်းချသွားဦးမှာဖြစ်ပြီး LG ရဲ့ ပြောကြားချက်အရ “သူတို့ရဲ့ထုတ်ကုန်များကို အချိန်ကာလတစ်ခုကြာသည်အထိ ဆက်လက်၍ အထောက်အပံ့ပေးသွားဦးမှာဖြစ်ပြီး ကြာချိန်ကတော့ နေရာဒေသအလိုက် ကွာခြားမှုရှိလာနိုင်ကြောင်း” သိရှိရပါတယ်။ ကုမ္ပဏီမှ ဖြစ်ပေါ်လာနိုင်တဲ့ ဝန်ထမ်းများအား တာဝန်မှရပ်စဲခြင်းနဲ့သက်ဆိုင်တဲ့ကိစ္စရပ်များကိုတော့ “ဝန်ထမ်းခေါ်ယူခန့်အပ်ခြင်းနဲ့သက်ဆိုင်သော အသေးစိတ်အချက်အလက်များကိုတော့ ဒေသနယ်ပယ်အလိုက် ဆုံးဖြတ်သွားမှာဖြစ်ပါတယ်” ဆိုတာကလွဲ၍ အခြားမှတ်ချက်တစ်စုံတစ်ရာပေးခဲ့ခြင်းမရှိသေးပါဘူး။ LG မှ သူတို့အနေနဲ့ လုပ်ငန်းစီးပွားရေးပိတ်သိမ်းမှုအဆင့်ဆင့်ကို ယခုနှစ်ဇူလိုင်လအတွင်း အပြီးဆောင်ရွက်သွားနိုင်ဖို့ရည်မှန်းထားကြောင်းကိုလည်း ပြောကြားခဲ့ပါသေးတယ်။ 

ကုမ္ပဏီရဲ့ လွန်ခဲ့သော ၅ နှစ်အတွင်း စမတ်ဖုန်းလုပ်ငန်းခွဲမှ များစွာသောဆုံးရှုံးမှုများနဲ့ ရင်ဆိုင်ခဲ့ရတဲ့အတွက် LG အနေနဲ့စမတ်ဖုန်းဈေးကွက်မှ ထွက်ခွာသွားနိုင်ကြောင်း ကောလဟာလများထွက်ရှိနေခဲ့သည်မှာအတော်ကြာခဲ့ပြီပဲဖြစ်ပါတယ်။ LG ဟာ ယခင်က တောင်ကိုရီးယားစမတ်ဖုန်းထုတ်လုပ်သူ Samsung နဲ့ ပြိုင်ဘက်များသဖွယ်ရှုမြင်ခဲ့ကြသော်လည်း ယခုအခါတွင်တော့ သူတို့မကြာသေးမှီကထုတ်လုပ်ခဲ့တဲ့ hight-end smartphone များဟာ အပြိုင်အဆိုင်များကြောင့် ထင်သလောက်အကျိုးအမြတ်မဖြစ်ထွန်းခဲ့ရသလို ဈေးသက်သာတဲ့ handset များဟာလည်း တရုတ်ဖုန်းထုတ်လုပ်သူပြိုင်ဘက်များကြောင့် အကြပ်အတည်းထဲကိုရောက်ရှိနေခဲ့ပြီး ရပ်တည်ဖို့ခက်ခဲလာကြောင်း ကျွမ်းကျင်သူများကတော့ ပြောဆိုထားခဲ့ပါတယ်။ 

 

ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက် 
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Nilar Group Of Companies

Nilar Group Of Companies

VISION Our Road-map starts with our mission, which is enduring. It declares our purpose as a company and serves as the standard against which we weigh our actions and decisions. • To provide our b...
Show the postings (28)
Host Link IT Solution

Host Link IT Solution

..Wireless Point to Point Connection Satellite Remote Site Installation and Maintenance Network Infrastructure Installation System and Design Implementation Hardware and Network Installation and M...
Show the postings (9)
IMYANMARHOUSE CO.,LTD.

IMYANMARHOUSE CO.,LTD.

.We publish monthly property magazines since May 2015 and 13 property related books so far.iMyanmarHouse.com is the market leader of Myanmar Real Estate online platform that connects buyers, real esta...
Show the postings (11)
Cadian Myanmar

Cadian Myanmar

.with enjoy at Team Work. We Cadian Myanmar Co., Ltd have mainly draw the scaffolding Design by Auto CAD 2D and 3D. . To prevent accident and safety management guidance to the customer,we supply all ...
Show the postings (3)
The Experts English Language Center

The Experts English Language Center

-Offering low-price, high quality language education -Ensuring the international standard Teaching Methods -Unlocking the students' potentials and opportunities - Promising the difference We off...
Show the postings (2)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS