ချိတ်ဆွဲရန်စာတန်း: News-LinkedIn-Lite-App-JobsInYangon
LinkedIn မှ ၎င်းတို့ရဲ့ LinkedIn Lite App ကို ဖျက်သိမ်းတော့မှာဖြစ်ကြောင်း ကြေငြာချက်ထုတ်ပြန်
LinkedIn မှ အင်တာနက်လိုင်းမကောင်းသော ဒေသများမှ အသုံးပြုသူများအတွက် ဒီဇိုင်းရေးဆွဲထားတဲ့ ၎င်းတို့ရဲ့ အပေါ့စား platform – LinkedIn Lite ကို ပိတ်သိမ်းတော့မှာဖြစ်တယ်လို့ ကြေငြာမှုတစ်ရပ်ကို ပြုလုပ်လိုက်ပြီပဲဖြစ်ပါတယ်။
LinkedIn Lite ကို ၂၀၁၇ ခုနှစ်တွင် စတင်လွှင့်တင်ခဲ့တာဖြစ်ပြီး ၎င်းတွင် LinkedIn ရဲ့အခြေခံလုပ်ဆောင်ချက်များသာ ပါဝင်မှာဖြစ်ပြီး ပိုမို၍မြန်ဆန်စွာ load ပြုလုပ်နိုင်ရန်နှင့် ဒေတာအကုန်အကျ သက်သာစေရန် ရေးဆွဲထားတဲ့ platform တစ်ခုဖြစ်ပြီး အင်တာနက်လိုင်းကို အကန့်အသတ်ဖြင့် အသုံးပြုနေရသော ဒေသများအတွက် ရည်ရွယ်၍ ထုတ်လုပ်ခဲ့ကြတာပြဖြစ်ပါတယ်။
ယခုအခါ ကမ္ဘာ့အင်တာနက်လိုင်းများဟာလည်း ပိုမိုကောင်းမွန်လာခဲ့ပြီဖြစ်တဲ့အတွက် LinkedIn ဟာ ၎င်းတို့ရဲ့ အပေါ့စား platform ကိုပိတ်သိမ်းသွားတော့မှာဖြစ်တယ်လို့ သိရှိရပြီး လက်ရှိတွင် LinkedIn ကိုအသုံးပြုသူစုစုပေါင်း သန်း ၈၁၀ ခန့်ရှိနေပြီဖြစ်ကာ အထူးသဖြင့် အိန္ဒိယ (၂၀၁၉ ခုနှစ်တွင် သန်း ၆၀ မှ ယခု ၈၅ သန်း) ၊ တောင်အာဖရိကတိုက် (အသုံးပြုသူ ၂ သန်းကျော်)၊ ဖိလစ်ပိုင် (အသုံးပြုသူ ၃ သန်းကျော်) နှင့် နိုင်ဂျီးရီးယားနိုင်ငံ (အသုံးပြုသူ ၁ သန်းကျော်) များတွင် LinkedIn ကိုအသုံးပြုသူအရေအတွက်ဟာ ပိုမို၍ တိုးပွားလာခဲ့ပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။