Tags: News-Apple-M1-MacBooks-JobsInYangon
MacBook Air M1, 2020 ၏ ဈေးနှုန်းနှင့် အချက်အလက်အချို့
Apple မှ သူတို့ရဲ့ အိန္ဒိယနိုင်ငံအခြေစိုက် website ပေါ်တွင် Intel CPU များကို အခြေခံထားသော MacBook Air model များကို ဖယ်ရှားပစ်ခဲ့ပြီးနောက် M1 chip ကို အသုံးပြုထားတဲ့ MacBook Air များကို အမေရိကန် ဒေါ်လာ ၁၂၆၀ ခန့်ဖြင့် ရောင်းချပေးလျှက်ရှိနေပါတယ်။ အဆိုပါ version တွင် 8GB RAM, 256GB storage, 7-core GPU နှင့်အတူ Apple M1 SoC တို့ပါဝင်မှာဖြစ်ပြီး 16GB RAM နဲ့ storage ကို 2TB SSD storage အထိ တိုးမြှင့်ဖို့ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။
အခြားသော MacBook Air version ကတော့ M1 SoC, 8-core GPU, 512GB storage နဲ့ 8GB RAM တို့ပါဝင် မှာဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၆၀၀ ခန့်ကျသင့်မှာဖြစ်ပါတယ်။ RAM နဲ့ storage တို့လည်း ယခု version တွင်လည်းရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပြီး ရွေးချယ်ပြီးနောက်တွင်တော့ အဆိုပါ MacBook Air ကို ထပ်မံ၍ upgrade ပြုလုပ်နိုင်တော့မှာမဟုတ်ပါဘူး။
Apple M1 ဟာ Mac များတွင်ထည့်သွင်းသွားဖို့အတွက် Apple မှ ပထမဆုံးကြေငြာလိုက်တဲ့ SoC တစ်ခုဖြစ်ပြီး ထိုအရာကို ယခုအခါတွင် MacBook Air, 13 လက်မ MacBook Pro, နဲ့ Mac mini တို့တွင် ထည့်သွင်းအသုံးပြုထားပါတယ်။ M1 SoC ဟာ ARM နည်းပညာကိုအသုံးပြုထားပြီး ယခင် Intel CPU များနဲ့ နှိုင်းစာလိုက်ပါက Apple ရဲ့ iPhone SoC များကဲ့သို့ပင် ပိုမိုကောင်းမွန်သောစွမ်းဆောင်ရည်နဲ့ စွမ်းအင်ချွေတာနိုင်မှုတို့ကို တွေ့မြင်ရမှာဖြစ်ပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.