by www.jobsinyangon.com
Tags: Recruitment-Manager-Management-HR-JobsinYangon
စီမံခန့်ခွဲရေးဆိုင်ရာ အင်တာဗျုးမေးခွန်းများ
ဒီမန်နေဂျာအင်တာဗျူးမေးခွန်းတွေဟာ သင့်ကို စီနီယာအဆင့်ရာထူးနေရာတွေမှာ ခန့်အပ်ဖို့အတွက် အကောင်းဆုံးလျှောက်လွှာတင်သူတွေကို ရွေးချယ်တဲ့နေရာမှာ ကူညီပေးနိုင်ပါတယ်။ ဒီအရေးကြီးတဲ့ရာထူးတာဝန်တွေကို ထမ်းဆောင်ဖို့အတွက် အလုပ်လျှောက်သူတွေရဲ့ အဖွဲ့အစည်းကိုဦးဆောင်တဲ့ စွမ်းရည်(ကျွမ်းကျင်မှု)တွေကို စစ်ဆေးဖို့ရန်အတွက် အသင့်တော်ဆုံးစီမံခန့်ခွဲမှုဆိုင်ရာအင်တာဗျူးမေးခွန်းတွေကို အသုံးပြုပါ။
အလုပ်လျှောက်သူတွေကို မေးရမည့်မေးခွန်းများ
မန်နေဂျာတွေဟာ ကုမ္ပဏီရဲ့ စွမ်းဆောင်ရည်နဲ့ တိုးတက်မှုမှာ ဗျူဟာကျတဲ့ကဏ္ဍက နေ ပါဝင်နေပါတယ်။ သူတို့ရဲ့ တာဝန်ဝတ္တရားတွေမှာ -
- ရည်မှန်းချက်တွေ ချမှတ်ခြင်း နှင့် လိုက်လံစစ်ဆေးခြင်း
- အသင်း၏ အလုပ်ပြီးမြောက်နိုင်စွမ်းကို တိုးမြှင့်ပေးခြင်း
- လက်အောက်ငယ်သားများအား လေ့ကျင့်ပေးခြင်းနင့် စိတ်ဓါတ်ခွန်အားပေးခြင်း
- စီးပွါးရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အစီအစဉ်ဆွဲတဲ့ကဏ္ဍမှာ ပါဝင်ခြင်း အစရှိသည်တို့ဘဲဖြစ်ပါတယ်။
စီမံခန့်ခွဲမှုဆိုင်ရာ ရာထူးများအတွက် ရှာဖွေခန့်အပ်တဲ့အခါမှာ အတွေ့အကြုံရှိတဲ့ အလုပ်လျှောက်သူတွေကို ရှာဖွေပါ။ သူတို့ဟာ သင့်ရဲ့လုပ်ငန်းပုံစံနဲ့ စီးပွါးရေးရည်မှန်း ချက်တွေကို ကောင်းမွန်စွာနားလည်သဘောပေါက်သူတွေဘဲ ဖြစ်ပါတယ်။ သူတို့ရဲ့ အသိပညာဗဟုသုတကို စစ်ဆေးဖို့ရန်အတွက် ရာထူးနဲ့အထူးသင့်လျော်တဲ့ အင်တာဗျူး မေးခွန်းတွေ မေးပါ။ စီနီယာအဆင့် ရာထူးအားလုံးအတွက် မဖြစ်မနေလိုအပ်တဲ့ Soft Skillls တွေနဲ့ ကိုယ်ရည်ကိုယ်သွေးလက္ခဏာတွေ အကြောင်းကိုလည်းမေးမြန်းပါ။ အဲဒီအကြောင်းအရာများတွင်
- ခေါင်းဆောင်မှုစွမ်းရည်
- အခက်အခဲတွေကို ဖြေရှင်းတဲ့စိတ်သဘောထား
- လူအများကို လှုံ့ဆော်ခွန်အားပေးနိုင်တဲ့ ကိုယ်ရည်ကိုယ်သွေး
- ရလာဒ်ကို ဦးတည်ဆောင်ရွက်တတ်တဲ့ စိတ်ထားများ အစရှိသည်တို့ပါဝင်ပါသည်။
မန်နေဂျာတွေအနေနဲ့ ရလာဒ်တွေကို အစီရင်ခံဖို့နဲ့ တိုးတက်မှုတွေကို အကြံပြုပေးဖို့ လိုအပ်ပါတယ်။ သူတို့ရဲ့ လုပ်ရပ်တွေနဲ့ပက်သက်၍တာဝန်ယူတတ်ပြီး ခိုင်မာတဲ့ဆုံးဖြတ် ချက်ချနိုင်စွမ်းတွေ ပိုင်ဆိုင်ထားတဲ့ အလုပ်လျှောက်သူတွေအပေါ်မှာ အာရုံစိုက်ရွေးချယ် ပါ။ မန်နေဂျာတွေဟာ နေ့စဉ်နေ့တိုင်း လုပ်ငန်းတာဝန်အမျိုးမျိုးကို လုပ်ဆောင်ရပြီး ဖောက်သည်တွေ နှင့်/သို့ အခြားဌာနမှ ဝန်ထမ်းတွေနဲ့ အတူတကွညှိနှိုင်းဆောင်ရွက် ရပါတယ်။
သင့်ရဲ့မေးခွန်းတွေကို အလုပ်မျိုးစုံကိုပြုလုပ်ရတာကိုနှစ်သက်သူတွေ နဲ့ စိန်ခေါ်မှုရှိတဲ့ တာဝန်တွေကို ကိုယ်တွယ်နိုင်သူတွေနဲ့ လိုက်လျောညီထွေဖြစ်မယ့် မေးခွန်းမျိုးတွေဖြစ် အောင်ပြင်ဆင်ပါ။ သူတို့ဟာ သူ့ရဲ့ အဖွဲ့ဝင်တွေအတွက် စံပြဥပမာဖြစ်နေရမှာဖြစ်တဲ့ အတွက် ပရော်ဖက်ရှင်နယ်ပီသမှုကိုလည်း ကောင်းကောင်းပြသနိုင်ရမှာဖြစ်ပါတယ်။
မန်နေဂျာတွေအတွက် အင်တာဗျူးမေးခွန်းဥပမာအချို့ကို ဖော်ပြထားပါတယ်။
မန်နေဂျာများအတွက် အင်တာဗျူးမေးခွန်းနမူနာအချို့
- သင့်အနေနဲ့ အရေးကြီးတဲ့တာဝန်တစ်ခု ပေးအပ်ခြင်းခံထားရပြီး သင့်ရဲ့အဖွဲ့ဝင် တွေက သင့်ကိုမေးခွန်းတွေမေးပြီး အနှောင့်အယှက်ဖြစ်စေမယ်ဆိုပါစို့။ သင့်အနေနဲ့ ထိုတာဝန်ကို ပြီးအောင်ဘယ်လိုလုပ်ပြီး သင့်ရဲ့အဖွဲ့ကို ဘယ်လိုမျိုး တုန့်ပြန်မှာပါလဲ။
- သင့်ရဲ့ အကြံဉာဏ်တွေကို အမြဲတမ်းဆန့်ကျင်တတ်တဲ့ အဖွဲ့ဝင်တစ်ယောက်နဲ့ ကြုံတွေ့ခဲ့ရတဲ့ အချိန်တစ်ခုကိုပြောပြပေးပါ။ ထိုအခြေအနေကို သင်ဘယ်လို ကိုင်တွင်ဖြေရှင်းခဲ့ပါသလဲ။
- သင်ချမှတ်ထားတဲ့ ရည်မှန်းချက်တွေကို ပြည့်မီအောင်သင့်ရဲ့ အဖွဲ့မှဆောင်ရွက် နိုင်ခဲ့တဲ့အချိန်တစ်ခုကို ဖော်ပြပေးပါ။ သင့်အနေနဲ့ သူတို့ကို ဘယ်လိုစိတ်ဓါတ် ခွန်အားပေးပြီး ဘယ်လိုကူညီခဲ့ပါသလဲ။
- သင် အစမှ အဆုံးအထိအောင်မြင်အောင် စီမံနိုင်ခဲ့တဲ့ပရောဂျက်တစ်ခုကို ဖော်ပြပါ။ သင်ဘယ်လို စိန်ခေါ်မှုတွေကြုံတွေ့ခဲ့ရပြီး အဲ့ဒီစိန်ခေါ်မှုတွေကိုကျော် လွှားနိုင်ဖို့အတွက် သင်ဘာတွေလုပ်ခဲ့ပါသလဲ။
- သင့်ရဲ့ ဝန်ထမ်းတွေကို အလုပ်တာဝန်တွေခွဲဝေသတ်မှတ်ပေးတဲ့ အခါမှာသင် ဘယ်လိုနည်းလမ်းကိုအသုံးပြုပါသလဲ။ သင့်အနေနဲ့ တာဝန်တွေပြီးမြောက် အောင်မြင်ကြောင်းသေချာအောင် ဘယ်လိုပြုလုပ်ပါသလဲ။
- သင့်အနေနဲ့ တစ်ယောက်ယောက်ကို ညွှန်ကြားသင်ပြပေးခဲ့တဲ့အချိန်တစ်ခုကို ဖော်ပြပေးပါ။ သူတို့ဘယ်လို တိုးတက်လာခဲ့သလဲ။ သူတို့အရင်က ဘာလုပ်နေ ခဲ့ပြီး အခုကောဘာတွေလုပ်နေပါသလဲ။
- သင့်ရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ဟာ စွမ်းဆောင်ရည်နိမ့်ကျနေပါတယ် ဆိုတာကို သင်ဘယ်လိုပြောမလဲ။
- သင်အရေးကြီးတဲ့ တွေ့ဆုံဆွေးနွေးပွဲတစ်ခုကို ဦးဆောင်ခဲ့တဲ့အချိန်အကြောင်း ကိုပြောပြပါ။ သင့်အဲ့ဒီအတွက် ဘယ်လိုပြင်ဆင်ခဲ့ပါသလဲ။
အင်တာဗျူးတွင် အသုံးပြုရန်အချက်များ
- အလုပ်လျှောက်သူကို သူတို့ရဲ့အရင်အလုပ်အတွေ့အကြုံအကြောင်းကို ပြောပြခိုင်းပါ။ ဒီဥပမာတွေက သူတို့ရဲ့ စီမံခန့်ခွဲတဲ့ပုံစံကိုနားလည်နိုင်ဖို့နဲ့ သူတို့ဟာ သင့်ရဲ့လိုအပ်ချက်တွေနဲ့ကိုက်ညီမှုရှိ၊မရှိ ဆုံးဖြတ်ဖို့အတွက် အခွင့်အရေးပေးနိုင်ပါတယ်။
- မန်နေဂျာရာထူးနေရာတွေမှာ အပြောင်းအလဲများပြားခြင်းက အဖွဲ့ရဲ့ ဟန်ချက်ညီမျှမှုကို ထိခိုက်စေနိုင်ပါတယ်။ သင့်ရဲ့မန်နေဂျာတွေကို သင့်ရဲ့ ရေရှည်လက်တွဲဖော်အဖြစ် မြင်ကြည့်ဖို့ကအရေးကြီးပါတယ်။ အလုပ်လျှောက်သူ ရဲ့ Career ရည်မှန်းချက်တွေက သင့်ကုမ္ပဏီရဲ့အနာဂါတ်အစီအစဉ်တွေနဲ့ ကိုက်ညီမှုရှိပါရဲ့လား။ သင့်တို့ရဲ့ စံနှုန်းတွေ၊တန်ဖိုးတွေ တူညီပါရဲ့လား။
- အကယ်၍ ရာထူးနေရာဟာ အဖွဲ့ဝင်အသစ်တွေ ငှားရမ်းခန့်အပ်ခြင်းဆိုင်ရာ တာဝန်တွေပါရှိနေမယ်ဆိုရင် သူတို့ဟာ ဝန်ထမ်းသစ်ရှာဖွေခြင်းနဲ့ လေ့ကျင့်ပေး တဲ့ လုပ်ငန်းစဉ်တွေနဲ့ ဘယ်လောက်အထိ ရင်းနှီးကျွမ်းဝင်မှုရှိလည်းဆိုတာကို စစ်ဆေးပါ။
- ဖန်တီးနိုင်စွမ်းကောင်းပြီး ဆန်းသစ်တဲ့အကြံဉာဏ်တွေမျှဝေပေးတတ်တဲ့သူတွေ ကို သတိထားစောင့်ကြည့်ပါ။ မန်နေဂျာအသစ်တစ်ယောက်ဟာ ရှု့ထောင့် အသစ်တစ်ခုပြောပြပေးနိုင်ပြီး သင့်ရဲ့ကုမ္ပဏီကိုစွမ်းဆောင်ရည်ပိုကောင်းလာ ကူညီပေးနိုင်ပါတယ်။
- သင့်ရဲ့ကဏ္ဍမှာ အတွေ့အကြုံမရှိသေးတဲ့ အလုပ်လျှောက်သူတွေကို ချက်ချင်း မငြင်းပယ်လိုက်ပါနဲ့။ သူတို့အနေနဲ့ အခြေခံသတ်မှတ်ချက်တွေနဲ့ လုပ်ငန်းစဉ်တွေကို နားလည်သလားဆိုတာကို စစ်ဆေးကြည်ပြီး သူ့ရဲ့ ကိစ္စအသစ်တွေ၊ စွမ်းရည်အသစ်တွေကို သင်ယူလိုတဲ့ စိတ်ဝင်စားမှု ရှိ/မရှိ ခန့် မှန်းကြည့်ပါ။
အဆင်မပြေနိုင်သည်ကို ပြသနေသည့်အချက်များ
- အခြားသူတစ်ယောက် သို့ အခြားတစ်ခုခုကို အပြစ်တင်ခြင်း။ အဲတာက “ရင်းမြစ်တွေ မရှိလို့” သို့ စွန်းဆောင်ရည်မကောင်းတဲ့အဖွဲ့ဝင်တွေကြောင့် အစရှိသည်တွေဘဲ ဖြစ်ပါတယ်။ မကောင်းတဲ့ရလာဒ်တွေအတွက် ဆင်ခြေပေး တတ်တဲ့သူတစ်ယောက်ဟာ သူ့ရဲ့လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီးတာ ဝန်မယူတတ်ဘူးဆိုတာကို ပြသနေပါတယ်။
- စိတ်ဝင်စားမှုမရှိခြင်း။ အသင်းရဲ့စိတ်အားတက်ကြွမှုဟာ မန်နေဂျာကနေ စပါတယ်။ သူ/သူမဟာ သူ့တို့ရဲ့အဖွဲ့ဝင်တွေကို မတက်ကြွစေနိုင်ဘူးဆိုလျှင် အဖွဲ့တစ်ခုဟာ ဘယ်လိုလုပ် ပိုပြီးအလုပ်ပြီးမြောက်အောင်မြင်အောင် ပြုလုပ်နိုင် တော့မှာပါလဲ။ သင့်ရဲ့ကုမ္ပဏီအကြောင်းကို သင်ယူဖို့စိတ်ဝင်စားပြီး ရာထူးနဲ့ ပက်သတ်ပြီး စိတ်အားထက်သန်တဲ့သူတွေကိုဘဲ ရွေးချယ်ပါ။
ပြောင်းလွယ်ပြင်လွယ်မှု မရှိခြင်း။ ကြံ့ခိုင်တဲ့မန်နေဂျာတစ်ယောက်ဟာ အိုင်ဒီယာ အသစ်တွေကို ကြိုဆိုပြီး အသင်းအဖွဲ့စိတ်ဓါတ်ကို မြှင့်တင်ပေးပါတယ်။ သင့်ရဲ့ အလုပ်လျှောက်သူရဲ့ အဖြေတွေထဲမှာ မိမိကိုယ်ကိုအထင်ကြီးမှု ၊အတ္တကြီးမှု တွေကို သတိထားမိတယ်ဆိုရင်တော့ သူတို့ဟာ အတူတကွလက်တွဲလုပ်ဆောင်နိုင်တဲ့ စွမ်းရည် မရှိဘူးဆိုတာကို ညွှန်ပြနေပါတယ်။
လက်တွေ့မကျသော အဖြေများ။ အလုပ်လျှောက်သူတွေဟာ အင်တာဗျူးတွေမှာ First Impression (လူတစ်ယောက်အပေါ်ပထမဆုံးထင်မြင်ယူဆချက်) ကောင်းဖို့အတွက် ကြိုးစားကြပါတယ်။ဒါပေမယ့် သူတို့ဟာ “သင့်ရဲ့ လက်အောက်ငယ်သားတစ်ယောက် နဲ့ သဘောထားတိုက်ဆိုင်မှုမရှိဘဲ အငြင်းပွါးခဲ့ရတဲ့အချိန်တစ်ခုကိုပြောပြပါ” ဆိုတဲ့ မေးခွန်းမျိုးကို ဖြေနိုင်ဖို့ ခက်ခဲတတ်ကြပါတယ်။ သူတို့မှာ အတွေ့အကြုံအများကြီး မရှိတာမျိုးဖြစ်နိုင်သလို သူတို့အနေနဲ့ ခက်ခဲတဲ့အခြေအနေတွေကို ဘယ်လိုကိုင်တွယ် ဖြေရှင်းရမယ်ဆိုတာကို မသိတာမျိုးလည်းဖြစ်နိုင်ပါတယ်။
ပုံမှန်တာဝန်တွေနဲ့ ပတ်သက်ပြီး သက်တောင့်သက်သာမရှိခြင်း။ မန်နေဂျာတွေဟာ အလုပ်တာဝန်တွေ ခွဲဝေသတ်မှတ်ပေးခြင်း၊ ရည်မှန်းချက်ပြည့်ဝအောင် မလုပ်နိုင်တဲ့ ဝန်ထမ်းတွေကို စွမ်းဆောင်ရည်သုံးသပ်ချက်တွေ ပေးခြင်း အစရှိတဲ့ ခက်ခဲ့တဲ့ တာဝန်တွေကို ယူရတတ်ပါတယ်။ ဒီလိုတာဝန်တွေနဲ့ ပတ်သက်ပြီး စိတ်အေးဆေး သက်သာမှုမရှိတဲ့သူတွေဟာ ရာထူးနဲ့သင့်လျော်ခြင်းမရှိနိုင်ပါ။
ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
TOP EMPLOYERS
Eastern Group of Companies
We are currently seeking dedicated staffs that have a desire to serve others while building a professional career.Over the years, our company has expended and diversified business in poultry farming, ...
Show the postings (8)
Recyglo Co., Ltd.
Vision
To become a leading waste management solution platform in Southeast Asia that produces zero waste and zero carbon footprint.
Mission
To process material in a safe, non-hazardous manner wi...
Show the postings (5)
Aquamarine Ecotourism Development Co., Ltd
Min Zar Ni Group of Companies
The group engaed in Sourcing, Processing and Marketing all varieties of fresh Frozen Seafood to the international markets. The first pioneer plant was established in 1995 in Yangon and at the present ...
Show the postings (2)