Tags: News-Microsoft-Security-Breach-JobsInYangon
Microsoft မှ ကြီးမားတဲ့လုံခြုံရေးပေါက်ကြားမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း အတည်ပြုခဲ့
Forbes သတင်းဌာနမှ သတင်းတစ်ပုဒ်အရ Microsoft ဟာ သူတို့ရဲ့ operating system အပေါ်တွင် ဖြစ်ပေါ်ခဲ့တဲ့ လုံခြုံရေးကျိုးပေါက်မှု (၇) ခုကို အတည်ပြုခဲ့ပြီး အသုံးပြုသူများအနေနဲ့ Update ပြုလုပ်ပေးဖို့ သတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။
Microsoft ဟာ ဇွန်လအတွက် Windows 10 Patch ကို ဇွန်လ ၈ ရက်နေ့၊ ၂၀၂၁ ခုနှစ်တွင် ထုတ်လွှင့်ပေးခြင်းနှင့်အတူ ယခင်ဖြစ်ပွားခဲ့တဲ့ အားနည်းချက်များကိုကြေငြာခဲ့ပါတယ်။ အဆိုပါ vulnerability များအားလုံးဟာ “zero day threat” များဖြစ်ကြပြီး အဆိုပါအားနည်းချက်များကို Hacker များမှအသုံးပြု၍ Windows 10 ကွန်ပျူတာများသို့ ချိုးဖောက်ဝင်ရောက်ခြင်းနှင့် ပစ်မှတ်ထား၍တိုက်ခိုက်မှုများပြုလုပ်ခြင်းတို့ကို လုပ်ဆောင်လျှက်ရှိနေပါတယ်။
Microsoft မှ အားနည်းချက်တစ်ခုစီတိုင်းရဲ့ အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိသော်လည်း Immersive Labs ရဲ့ ဆိုက်ဘာတိုက်ခိုက်မှုဆိုင်ရာ သုသေသနအဖွဲ့ရဲ့ Director ဖြစ်သူ Kevin Breen ကတော့ အဆိုပါ elevation of privilege အားနည်းချက်များဟာ ပိုမို၍အန္တရာယ်များပြီး Hacker များကို System အတွင်းသို့ access ဝင်ရောက်ခွင့်ပေးနိုင်ရုံသာမက ဆိုက်ဘာတိုက်ခိုက်မှုများကို ကွန်ပြူတာများနှင့် Domain များရဲ့ ကွန်ယက်တစ်ခုလုံးထံသို့ ပြန့်ပွားသွားစေနိုင်ကြောင်း သတိပေးခဲ့ပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.