Tags: News-Microsoft-Discord-Acquisition-JobsInYangon
Microsoft မှ Discord အားဝယ်ယူနိုင်ရန်အတွက် ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်လျှက်ရှိနေ
Bloomberg မှ သတင်းတစ်ပုဒ်အရ - Microsoft နဲ့ Discord တို့ဟာ video game fan များအပေါ် အကျိုးသက်ရောက်မှုရှိလာနိုင်စေမည့် သဘောတူညီချက်တစ်ခုကိုပြုလုပ်လျှက်ရှိနေကြောင်းနဲ့ ယခုအခါ အဆိုပါ app ကို Microsoft မှ အမေရိကန်ဒေါ်လာ ၁၀ ဘီလျံဖြင့် ဝယ်ယူရန် ဆွေးနွေးမှုများကိုပြုလုပ်လျှက်ရှိနေကြောင်း သိရှိခဲ့ရပြီး အဆိုပါသဘောတူညီချက်ဟာ ကုမ္ပဏီ ၂ ခုကို ပူးပေါင်း၍ Gamer များအပြင် အခြားသောအသုံးပြုသူပရိသတ်ထုကို ဆွဲဆောင်နိုင်လာစေမှာပဲဖြစ်ပါတယ်။
Programmer နှင့် စွန့်ဦးတီထွင်လုပ်ငန်းရှင်များဖြစ်ကြသော Mr Jason Citron နဲ့ Mr Stan Vishnevskiy တို့ဟာ Discord ကို ၂၀၁၅ ခုနှစ်တွင် San Francisco မြို့တွင်စတင်တည်ထောင်ခဲ့ကြပြီး မူရင်းရည်ရွယ်ချက်မှာ video game များဆော့ကစားရင်း လူများအနေဖြင့် အတူတကွစကားစမြည်ပြောဆိုနိုင်စေမည့် platform တစ်ခုအဖြစ် ရည်ရွယ်ခဲ့ကြကာ Voice call များ၊ Video call နဲ့ Text message များအတွက် အခမဲ့ဝန်ဆောင်မှု ပေးခဲ့ကြတဲ့အပြင် user များအနေနဲ့ သူတို့ကစားနေတဲ့ ဂိမ်းရဲ့အမည်ကိုကြေငြာနိုင်ခြင်းကဲ့သို့သော gamer-friendly feature များကိုလည်း ထည့်သွင်းပေးခဲ့ပါသေးတယ်။
လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း Discord ဟာ လူကြိုက်များသော multiplayer game များဖြစ်ကြတဲ့ Fortnite, FallGuys, AmongUs, League of Legends, Call of Duty အစရှိတဲ့ game title များနဲ့အတူ ရေပန်းစားလာခဲ့ပြီး ကပ်ရောဂါကာလအတွင်းတွင် လူများဟာအပြင်ထွက်၍မရတဲ့အတွက် video game များကို ယခင်ကထက်ပို၍ ဆော့ကစားလာတာနဲ့အတူ တစ်ဦးနဲ့တစ်ဦးဆက်သွယ်ဖို့နည်းလမ်းများကို ရှာဖွေလာကြရာတွင် Discord ဟာ လိုအပ်သောသူများအတွက် စုစည်းရာ၊ စုဝေးရာနေရာတစ်ခုဖြစ်လာခဲ့ပြီး အထူးသဖြင့် Black Lives Matter movement၊ အိမ်စာများပြုလုပ်ခြင်း၊ စာအုပ်ချစ်သူအဖွဲ့များနဲ့ အခြားသော အဖွဲ့အစည်းများအနေဖြင့် “စကားစမြည်ပြောဆိုနိုင်မည့်” နေရာတစ်ခုဖြစ်လာခဲ့ပါတော့တယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.