ချိတ်ဆွဲရန်စာတန်း: News-Microsoft-XboxOne-Discontinued-JobsInYangon
Microsoft မှ Xbox One console များအားလုံးကို ထုတ်လုပ်မှုရပ်ဆိုင်းခဲ့
Microsoft ဟာ Xbox One console များအားလုံးကိုထုတ်လုပ်မှုရပ်ဆိုင်းလိုက်ပြီပဲဖြစ်ပါတယ်။ Microsoft ဟာ ယခင်က Xbox One X နှင့် digital Xbox One S တို့ကိုလည်း Xbox Series X ကို စတင် launch မပြုလုပ်မှီတွင် ထုတ်လုပ်မှုရပ်ဆိုင်းခဲ့ပြီး ထို့နောက်တွင် Xbox One S console များကို ထုတ်လုပ်မှုအား ၂၀၂၀ ခုနှစ်အကုန်တွင် တိတ်တဆိတ်ရပ်ဆိုင်းခဲ့တဲ့အတွက် လက်လီအရောင်းဆိုင်များအနေနဲ့ လက်ရှိအချိန်တွင် ၎င်းတို့ထံတွင် ရှိနေသေးတဲ့ ကုန်ပစ္စည်းများကိုသာ ဆက်လက်ရောင်းချမှုပြုလုပ်နေရတာဖြစ်ပါတယ်။
Xbox console product marketing အတွက် senior director တစ်ဦးဖြစ်သူ Cindy Walker ကတော့ “Xbox Series X နှင့် S တို့ရဲ့ ထုတ်လုပ်မှုကို ပိုမို၍ ဦးစားပေးနိုင်ရန် Xbox One console များအားလုံးကို ထုတ်လုပ်နေမှုအား ၂၀၂၀ ခုနှစ်ရဲ့ နှစ်ကုန်ပိုင်းမှစတင်၍ ရပ်ဆိုင်းခဲ့ပါတယ်” ဟူ၍ The Verge သို့ ပြောကြားခဲ့ပါတယ်။
Microsoft ရဲ့အတည်ပြုချက်အရ - Sony ဟာ PS4 များကိုထုတ်လုပ်နေခြင်းကို ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းတွင်ရပ်ဆိုင်သွားဖို့ စီစဉ်ထားတယ်လို့ သိရှိရသော်လည်း ယခုအချိန်အထိမှာတော့ Sony ဟာ ၂၀၂၂ ခုနှစ်အတွင်းတွင် PS4 console များ ၁ သန်းခန့်ကို ထုတ်လုပ်လျှက်ရှိနေပြီဖြစ်တယ်လို့လည်း သိရှိခဲ့ရပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။