Tags: News-Microsoft-XBox-SeriesX-JobsInYangon
Microsoft မှ ပထမဆုံး Custom Xbox Series X console ကို ရောင်းချလျှက်ရှိနေပြီဖြစ်
Microsoft မှ ပထမဆုံး Halo ဒီဇိုင်းဖြင့် Xbox Series X console ကို ရောင်းချရန်ကြေငြာခဲ့ပြီး ၎င်းကို နိုဝင်ဘာလ ၁၅ ရက်နေ့တွင် စတင်၍ဝယ်ယူနိုင်တော့မှာဖြစ်တယ်လို့ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။
အဆိုပါ ကန်ဒေါ်လာအားဖြင့် ၅၄၉.၉၉ ကျသင့်မည့် console ဟာ အမည်းရောင် Metallic နောက်ခံတွင် ရွှေရောင်အစပ်ဖြင့် Halo universe ကို ကိုယ်စားပြုတဲ့ ကြယ် pattern များပါဝင်မှာဖြစ်ပြီး Power ဖွင့်လိုက်သည့်အခါ ကြားရမည့်တီးလုံးကိုလည်း Halo-themed sound သို့ ပြောင်းလဲထားပြီး Xbox Series X ရဲ့ ထိပ်ပိုင်းရှိ ပန်ကာကိုလည်း ပုံမှန်အစိမ်းရောင်မှ အပြာရောင်သို့ ပြောင်းလဲပေးထားပါသေးတယ်။
ဒါဟာ Xbox Series X console အတွက် ပထမဆုံး custom စီးရီးတစ်ခုဖြစ်ပြီး ၎င်းအပြင် Microsoft မှ Halo themed Xbox Elite 2 controller ကိုလည်း ထုတ်လုပ်ရောင်းချသွားဖို့ရှိနေပါတယ်။ အဆိုပါ custom controller ကိုတော့ Metallic အစိမ်းရောင်ဖြင့် တွေ့မြင်ရမှာဖြစ်ပြီး custom case နဲ့ custom D-pad တို့လည်း ပါဝင်လာမှာဖြစ်ကာ ၎င်းကိုတော့ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ကန်ဒေါ်လာ ၁၉၉.၉၉ ဖြင့် ဝယ်ယူနိုင်တော့မှာဖြစ်ပြီး ယခုအခါတွင် ကြိုတင်မှာယူမှုများကို Microsoft ရဲ့ Official website ပေါ်တွင် ပြုလုပ်၍ ရနေပြီပဲဖြစ်ပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.