Tags: News-Microsoft-SolarWinds-Hack-JobsInYangon
SolarWinds cyber-attack နောက်ကွယ်မှ Russia နိုင်ငံအခြေစိုက် Hacker အဖွဲ့ဟာ ယခုအခါတွင် များစွာသော အဖွဲ့အစည်းများကို ပစ်မှတ်ထားလျှက်ရှိနေကြောင်း Microsoft မှ ပြောကြား
Business Insider မှ သတင်းတစ်ပုဒ်အရ SolarWinds cybersecurity တိုက်ခိုက်မှု၏နောက်ကွယ်မှ Hacker အဖွဲ့ဟာ ယခုအခါတွင် အစိုးရပိုင်းဆိုင်ရာ အေဂျင်စီများ၊ အကြံပေးလုပ်ငန်းများ၊ အတိုင်ပင်ခံလုပ်ငန်းများနှင့် အခြား အစိုးရနှင့်သက်ဆိုင်ခြင်းမရှိတဲ့အဖွဲ့အစည်းများကိုပါ ပစ်မှတ်ထားလာကြောင်းကို Microsoft မှ မေလ ၂၇ ရက်နေ့တွင် ပြောကြားသွားခဲ့ပါတယ်။
အဆိုပါ Nobelium အမည်ရ ရုရှားနိုင်ငံအခြေစိုက် Hacker အဖွဲ့ဟာ ယခုအခါတွင် မတူညီတဲ့ အဖွဲ့အစည်းပေါင်း ၁၅၀ ခန့်မှ e-mail အကောင့်ပေါင်း ၃၀၀၀ ခန့်ကို ပစ်မှတ်ထားလျှက်ရှိနေကြောင်းကို Microsoft ရဲ့ သုံးစွဲသူလုံခြုံရေးနှင့် ယုံကြည်မှုဆိုင်ရာ ဒုတိယအကြီးအကဲဖြစ်သူ Tom Burt မှ blogpost တစ်ခုတွင် ရေးသားခဲ့ပါတယ်။
Microsoft ရဲ့ ပြောဆိုချက်အရ Nobelium ဟာ အဆိုပါတိုက်ခိုက်မှုများကို United States Agency for International Development (USAID) မှ အသုံးပြုနေသည့် Constant Contact ဟု ခေါ်ဆိုသော email marketing အကောင့်အတွင်းသို့ ဖောက်ထွင်းဝင်ရောက်၍ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထို့နောက်တွင်မှ အစစ်အမှန်နှင့် ခွဲခြားမရသော်လည်း Malicious Content များပါဝင်နေသည့် Phishing email များကို ထိုမှတဆင့် ထပ်မံပေးပို့နေခြင်းဖြစ်ပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.