Tags: News-MicrosoftTeams-WalkieTalkie-Feature-JobsInYangon
Microsoft Teams ရဲ့ Walkie Talkie လုပ်ဆောင်ချက်ကို ယခုအခါတွင်ကျယ်စွာစတင်အသုံးပြုနိုင်ပြီဖြစ်
Microsoft ဟာ Microsoft Teams ရဲ့ Walkie Talkie လုပ်ဆောင်ချက်ကို ၎င်းတို့ရဲ့ communicaions app ပေါ်တွင် အသုံးပြုသူတိုင်းမှ ရယူအသုံးပြုနိုင်ရန်အတွက် လွှင့်တင်ပေးလိုက်ပြီပဲဖြစ်ပါတယ်။
Walkie Talkie ဟာ Microsoft Teams အသုံးပြုသူ user များရဲ့ smartphone များနှင့် tablet များကို cellular data (သို့မဟုတ်) Wi-Fi ကွန်ယက်ကိုအသုံးပြု၍ walkie-talkie တစ်လုံးအဖြစ် ပြောင်းလဲပေးသွားမှာဖြစ်ပါတယ်။ အဆိုပါလုပ်ဆောင်ချက်ကို Android ဖုန်းများပေါ်တွင် စက်တင်ဘာလ ၂၀၂၀ ခုနှစ်ကတည်းက စတင်၍ ကျယ်ပြန့်စွာရရှိနိုင်နေပြီဖြစ်သော်လည်း Zebra mobile device များနှင့် iPhone များ iPad များတွင်ပါ ယခုအခါ ရယူအသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။
Microsoft ဟာ အဆိုပါ app ကို COVID-19 ကို ရှေ့တန်းမှတိုက်ထုတ်နေရသော ကျန်းမာရေးဝန်ထမ်းများနှင့် ကုမ္ပဏီများတွင် customer များနှင့် နေ့စဉ်ရင်ဆိုင်ဖြေရှင်းခြင်းနှင့် operation လုပ်ငန်းများကို တာဝန်ယူထားရသည့် ဝန်ထမ်းများအတွက် အဓိကရည်ရွယ်၍ ထုတ်လုပ်ခဲ့ခြင်းဖြစ်တယ်လို့ သိရှိရပါတယ်။ Zebra Technonogies နှင့် Microsoft တို့ အကျိုးတူပူးပေါင်းမှုအနေနဲ့ ထွက်ရှိလာသည့် Zebra mobile device များတွင် ဆက်သွယ်မှုများကိုမြန်ဆန်စွာပြုလုပ်နိုင်ရန် push-to-talk ခလုတ်တစ်ခုကိုလည်း သီးသန့်ထည့်သွင်းပေးထားတယ်လို့သိရှိရပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.