ချိတ်ဆွဲရန်စာတန်း: News-Microsoft-Reopen-Offices-JobsInYangon
Microsoft ရုံးချုပ်ကို ဖေဖော်ဝါရီလကုန်တွင် အပြည့်အဝပြန်လည်ဖွင့်လှစ်သွားမည်ဟု ကြေငြာ
Microsoft ဟာ ၎င်းတို့ရဲ့ ရုံးချုပ်တည်ရှိရာ Washington state အတွင်းရှိ ရုံးခန်းများကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ရန် စီစဉ်လျှက်ရှိနေကြောင်း ကြေငြာမှုတစ်ရပ်ကို ပြလုပ်ခဲ့ပါတယ်။
၂၀၂၁ ခုနှစ်အတွင်းတွင် ကုမ္ပဏီရဲ့ ရုံးခန်းပြန်လည်ဖွင့်လှစ်ရေးအစီအစဉ်များကို ကြိမ်ဖန်များစွာရွှေ့ဆိုင်းမှုပြုလုပ်ခဲ့ရပြီး ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင်တော့ ထပ်မံ၍ ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းမှုပြုလုပ်ခဲ့ရသော်လည်း ယခုအခါ တိကျတဲ့ နေ့စွဲတစ်ခုကို Microsoft က ကြေငြာမှုပြုလုပ်လိုက်တာပဲဖြစ်ပါတယ်။
အလားတူပဲ - “ကယ်လီဖိုးနီးယားပြည်နယ်ရှိ ကုမ္ပဏီရဲ့ Bay Area ရုံးခန်းများကိုလည်း ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်သွားမှာဖြစ်ပြီး အမေရိကတိုက်အတွင်းရှိ ကျွန်ုပ်တို့ရဲ့ အခြားသောရုံးခွဲများဟာလည်း အခြေအနေပေါ်မူတည်၍ အသီးသီးပြန်လည်ဖွင့်လှစ်သွားကြဖို့ရှိပါတယ်” ဟူ၍ Microsoft ရဲ့ executive vice president နှင့် chief marketing officer ဖြစ်သူ Chris Capossela က ပြောကြားခဲ့ပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။