ချိတ်ဆွဲရန်စာတန်း: News-Netflix-Gundam-Series-JobsInYangon
“Mobile Suit Gundam: Hathaway” မကြာမှီတွင် Netflix သို့ရောက်ရှိလာတော့မည်
Netflix ဟာ Gundam ရဲ့ ရှည်လျားသောဂျပန် anime mecha franchise များထဲမှတစ်ခုအပါအဝင်ဖြစ်တဲ့ Mobile Suit Gundam: Hathaway အား မူပိုင်ထုတ်လွှင့်ပိုင်ခွင့်ကို ရရှိလိုက်ပြီပဲဖြစ်ပါတယ်။ လက်ရှိအချိန်တွင်တော့ Netflix ပေါ်တွင် ယခင်ကထွက်ရှိခဲ့တဲ့ Gundam စီးရီးများဖြစ်တဲ့ Mobile Suit Gundam UC နှင့် Mobile Suit Gundam: Iron-Blooded Orphans ဇာတ်လမ်းတွဲများကို ကြည့်ရှု၍ရနေပြီပဲဖြစ်ပါတယ်။
Mobile Suit Gundam ဟာ ဂျပန်နိုင်ငံမှ ထွက်ရှိသမျှ anime ဇာတ်လမ်းတွဲများအနက် hot အဖြစ်ဆုံး franchise တစ်ခုဖြစ်ပြီး ပေါက်ရောက်မှုအရှိဆုံး brand များတွင် တစ်ခုအပါအဝင်ဖြစ်ပါတယ်။ Manga, Anime, ရုပ်ရှင်, Video ဂိမ်းများနှင့် အရုပ်များပါမကျန် Mobile Suit Gundam ဟာ ထုတ်ကုန်များကို ဆယ်စုနှစ်တစ်ခုကြာသည်အထိ ရောင်းအားပိုမိုကောင်းမွန်စေနိုင်ခဲ့ပါတယ်။ ဒီအတွက် Netflix မှ အဆိုပါ franchise ရဲ့ နောက်ဆုံးရုပ်ရှင်အား ထုတ်လွှင့်ပိုင်ခွင့်ရယူနိုင်ခဲ့ခြင်းဟာ Netflix subscription ရယူထားတဲ့သူများအဖို့တော့ သတင်းကောင်းတစ်ပုဒ်လို့ ဆိုရမှာပါပဲ။
Netflix ဖက်ကတော့ Mobile Suit Gundam: Hathaway အတွက် Trailer တစ်ပုဒ်ကို Geeked Week တွင် ချပြသွားခဲ့ခြင်းမှလွဲ၍ အခြားတရားဝင်ကြေငြာမှုများကိုပြုလုပ်သေးခြင်း မရှိသေးသော်လည်း myanimelist မှ ရေးသားထားတဲ့ သတင်းတစ်ပုဒ်အရ အဆိုပါရုပ်ရှင်ကို အချို့သောနေရာများတွင် လာမည့် ဇူလိုင်လ ၁ရက်နေ့၊ ၂၀၂၁ ခုနှစ်မှစတင်၍ streaming ပြုလုပ်၍ ကြည့်ရှုနိုင်တော့မှာဖြစ်ကြောင်း သိရှိရပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။