ချိတ်ဆွဲရန်စာတန်း: News-Mobileye-Geely-ElectricVehicle-JobsInYangon
Mobileye နှင့် Geely တို့ပူးပေါင်း၍ အလိုအလျှောက်မောင်းနှင်နိုင်သောကားတစ်မျိုးကို ထုတ်လုပ်ရောင်းချသွားရန်ရှိ
Intel မှ ပိုင်ဆိုင်ထားသော အလိုအလျှောက်မောင်းနှင်နိုင်သည့်ကားထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Mobileye နှင့် တရုတ်နိုင်ငံရဲ့အကြီးမားဆုံး automaker ဖြစ်တဲ့ Geely automobile တို့ဟာ အသင့်ဝယ်ယူသုံးစွဲနိုင်မည့် အလိုအလျှောက်မောင်းနှင်နိုင်သောကားများကို အကျိုးတူပူးပေါင်း၍ ထုတ်လုပ်လျှက်ရှိနေပြီဖြစ်ပြီး ၎င်းတို့ရဲ့ပြောကြားချက်အရ အဆိုပါကားကို ၂၀၂၄ ခုနှစ်ခန့်တွင် စတင်ရောင်းချသွားနိုင်တော့မှာဖြစ်ပါတယ်။
အဆိုပါအလိုအလျှောက်မောင်းနှင်နိုင်သောကားဟာ လျှပ်စစ်ကားဖြစ်ပြီး ပြီးခဲ့တဲ့နှစ်အတွင်းက အသစ်ထုတ်ပြန်လိုက်တဲ့ Geely ရဲ့ electric mobility technology and solution ကုမ္ပဏီတစ်ခုဖြစ်သော Zeekr ရဲ့အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်သွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။
အဆိုပါကားအသစ်တွင် အဆင့် ၄ အလိုအလျှောက်မောင်းနှင်နိုင်စွမ်းကို ထည့်သွင်းပေးထားမှာဖြစ်တဲ့အတွက် အလိုအလျှောက်ယာဉ်မောင်းနှင်မှုကို ရာသီဥတုကောင်းမွန်သည့်အခါများတွင်နှင့် သတ်မှတ်ထားသည့်နယ်နိမိတ်များအတွင်းတွင် ရာနှုန်းပြည့်ပြုလုပ်နိုင်မှာဖြစ်ပြီး ၎င်းကို Geely ရဲ့ open-source Sustainable Experience Architecture (SEA) အပေါ်အခြေခံ၍ ထုတ်လုပ်ထားသည့်အတွက် ဘရိတ်အုတ်ခြင်း၊ စတီယာရင်တိုင်ကိုထိန်းချုပ်ခြင်းနှင့် စွမ်းအင်ထိန်းချုပ်ခြင်း အစရှိသည့်လုပ်ဆောင်ချက်များကိုလည်း ပြုလုပ်ပေးနိုင်မှာဖြစ်တယ်လို့ သတင်းရရှိထားပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။