Tags: News-iPhone-X-USB-C-JobsInYangon
အားသွင်းပေါက်အား Lightning port မှ USB-C port သို့ ပြုပြင်ပြောင်းလဲထားသည့် iPhone X တစ်လုံးအား eBay ပေါ်တွင် ကန်ဒေါ်လာ ၈၆,၀၀၁ ဖြင့် ရောင်းချနိုင်ခဲ့
ပြီးခဲ့တဲ့လအတွင်း iPhone X တစ်လုံးကို ကမ္ဘာ့ပထမဆုံး USB-C iPhone အဖြစ်သို့ တစ်စုံတစ်ယောက်မှ ပြုပြင်ပြောင်းလဲမှုပြုလုပ်ခဲ့ကြောင်း သတင်းများထွက်ရှိခဲ့ပြီးနောက် ယခုအခါ အဆိုပါဖုန်းကို eBay ပေါ်တွင် ရောင်းချလိုက်ပြီးဖြစ်ပြီး အခြားသူတစ်ဦးမှ ကန်ဒေါ်လာ ၈၆,၀၀၁ ဖြင့် ဝယ်ယူသွားခဲ့တယ်လို့ သိရှိရပါတယ်။
ဒီပြုပြင်ပြောင်းလဲမှုကို Ken Pillonel လို့အမည်ရတဲ့ စက်ရုပ်နည်းပညာကျောင်းသားတစ်ဦးမှ ပြုလုပ်ခဲ့တာဖြစ်ပြီး မူရင်း eBay listing ပေါ်တွင် ၎င်းးက အဆိုပါ USB-C iPhone X ဟာ 64GB အမျိုးအစားဖြစ်တယ်လို့ ဆိုထားပြီး ဝယ်ယူသူများသတိထားရမယ့်အချက်အချို့ကိုလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။ ၎င်း iPhone အားအသုံးပြုစဉ်တွင် လေလံနိုင်သူအနေဖြင့် restore, update (သို့) အဆိုပါ iPhone အတွင်းရှိ data များကို erase မပြုလုပ်ရန်၊ နေ့စဉ်အသုံးပြုမည့်ဖုန်းတစ်လုံးအနေဖြင့် အသုံးမပြုရန်နှင့် ၎င်း iPhone ကို ဖွင့်လှစ်ခြင်းမပြုရန် မှာကြားခဲ့ပါတယ်။
ဒါ့အပြင် Ken က “ဒီဖုန်းကိုလက်ခံရရှိတဲ့အချိန်မှာ ဒီဖုန်းဟာကောင်းမွန်စွာအလုပ်လုပ်နေဖို့အတွက် ကျွန်တော့်ဘက်က အာမခံပါတယ်။ ဒါပေမယ့် အထက်ကပြောကြားထားတဲ့ ညွှန်ကြားချက်တွေကို လိုက်နာမှုမရှိရင်တော့ နောက်ဆက်တွဲကြုံတွေ့လာရမယ့် ပြဿနာများကို သင့်ဘာသင် ဖြေရှင်းရမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီ iPhone ကို လေလံဆွဲ၍ ဝယ်ယူခဲ့ပြီးတဲ့နောက်မှာ မိမိတို့ကြိုက်သလို အသုံးပြုနိုင်သော်လည်း တစ်စုံတစ်ခုပျက်စီးသွားတဲ့အခါ ကျွန်တော့်ဘက်က အကူအညီပေးနိုင်ဖို့ကို မမျှော်လင့်ပါနဲ့ ဒါဟာ နမူနာပုံစံတစ်ခုသာဖြစ်ပါတယ်” ဟူ၍ ထည့်ပေါင်းပြောကြားခဲ့ပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.