Tags: News-Netflix-Developer-Acqusition-JobsInYangon
ကမ္ဘာ့အဆင့်မှီဂိမ်းများကို ဖန်တီးထုတ်လုပ်နိုင်ရန်အတွက် Netflix မှ နောက်ထပ်ဂိမ်း developer ကုမ္ပဏီတစ်ခုကို ဝယ်ယူခဲ့
Netflix ဟာ Next Games လို့အမည်ရတဲ့ mobile puzzle RPG ဂိမ်းတစ်ခုဖြစ်တဲ့ Stranger Things: Puzzle Tales ရဲ့ developer ဖြစ်သူ Finland နိုင်ငံအခြေစိုက် Next Games လို့အမည်ရတဲ့ကုမ္ပဏီကို ဝယ်ယူရန် offer ပြုလုပ်ခဲ့ပါတယ်။
Netflix ရဲ့ Vice President of Games ဖြစ်သူ Mike Verdu မှ blog post တစ်ခုတွင် “အဆိုပါဝယ်ယူမှုဟာ ကျွန်ုပ်တို့ထံတွင် member ဝင်ထားသူများအနေနဲ့ ဆော့ကစားနိုင်ရန် လွန်စွာကောင်းမွန်တဲ့ ဂိမ်းများပါဝင်တဲ့ game library တစ်ခုကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်” ဟူ၍ ပြောကြားခဲ့ပါတယ်။
Netflix ဟာ Next Games ကို ယူရိုငွေ ၆၅ သန်းဖြင့်ဝယ်ယူရန် ကမ်းလှမ်းခဲ့တာဖြစ်ပြီး Next Games ရဲ့ ဒါရိုက်တာဘုတ်အဖွဲ့ဝင်များကတော့ ရှယ်ယာရှင်များကို အဆိုပါ offer ကို လက်ခံရန်အတွက် တိုက်တွန်းခဲ့တယ်လို့သိရှိရပါတယ်။ အဆိုပါလက်လွှဲရောင်းဝယ်မှုကို ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းတွင်အပြီးသတ်နိုင်ဖို့ကိုလည်း နှစ်ဖက်စလုံးမှ မျှော်မှန်းခန့်မှန်းထားတယ်လို့ သိရှိရပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.