ချိတ်ဆွဲရန်စာတန်း: News-Neftlix-Animated-Series-DragonBlood-JobsInYangon
DOTA: Dragon Blood Anime ရုပ်ရှင်စီးရီးအား Netflix မှ ထုတ်လွှင့်လျှက်ရှိ
Valve ရဲ့ နာမည်အကျော်ကြားဆုံး Free-to-Play MOBA ဂိမ်းတစ်ခုဖြစ်သော DOTA 2 အား အခြေခံ၍ ဇာတ်အိမ်တည်ဆောက်ထားတဲ့ DOTA: Dragon Blood Anime ရုပ်ရှင်စီးရီးအား မတ်လ ၂၅ ရက်နေ့က စတင်၍ Netflix တွင် ထွက်ရှိလာခဲ့ပါတယ်။
ယခုအခါ အဆိုပါ အပိုင်း (၈) ပိုင်းပါဝင်တဲ့ Season 1 ပြီးဆုံးသွားပြီဖြစ်ကာ နောက်ထပ် Season 2 ကို ထပ်မံထုတ်လွှင့်သွားဖို့ရှိနေကြောင်း Valve မှ Twitter ပေါ်တွင် အတည်ပြုပေးလိုက်ပြီပဲဖြစ်ပါတယ်။ ထုတ်လွှင့်မည့် ရက်အတိအကျကိုတော့ Valve မှ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။
အဆိုပါ DOTA: Dragon Blood Anime စီးရီးအား The Legend of Korra, Netflix ရဲ့ Voltron: Legendary Defender နဲ့ မကြာသေးမှီက ကြေငြာသွားခဲ့တဲ့ The Witcher: Nightmare of the Wolf ရုပ်ရှင်စီးရီးများကို ဖန်တီးလျှက်ရှိတဲ့ တောင်ကိုရီးယား Animation Studio တစ်ခုဖြစ်တဲ့ MIR မှ ဖန်တီးရေးဆွဲခဲ့ကြတာဖြစ်ပါတယ်။ DOTA: Dragon Blood စီးရီးဟာ DOTA 2 ဇာတ်ကောင်တစ်ဦးဖြစ်တဲ့ Davion “The Dragon Knight” ရဲ့ ဇာတ်ကြောင်းကို ရိုက်ကူးထားတဲ့ Animation စီးရီးတစ်ခုပဲဖြစ်ပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။