ချိတ်ဆွဲရန်စာတန်း: News-Netflix-Gaming-StrangerThings-JobsInYangon
Trial အနေနဲ့ Poland နိုင်ငံရှိ Subscribe ပြုလုပ်ထားသူများ ဆော့ကစားနိုင်ရန်အတွက် Stranger Things ဂိမ်း ၂ ခုကို Netflix မှ ထုတ်လွှင့်ပေးလျှက်ရှိ
Netflix ဟာ gaming လောကအတွင်းသို့ဝင်ရောက်နိုင်ရန် နောက်တစ်ဆင့်အနေနဲ့ Poland နိုင်ငံရှိ subscribe ပြုလုပ်ထားသူများကို သူတို့ရဲ့ Android ဖုန်းများပေါ်တွင် ဆော့ကစားနိုင်ရန်အတွက် Stranger Things Game ၂ ခုကို ထုတ်လွှင့်ပေးခဲ့ကြောင်း ဩဂုတ်လ ၂၆ ရက်နေ့က ထုတ်ပြန်ကြေငြာခဲ့ပါတယ်။
“ယနေ့မှစ၍ Poland နိုင်ငံရှိ subscribe ပြုလုပ်ထားတဲ့ member များအနေနဲ့ subscription ပြုလုပ်ခြင်းရဲ့ တစိတ်တပိုင်းအနေနဲ့ Stranger Things 1984 နှင့် Stranger Things 3 တို့ကို Android ပေါ်တွင် စမ်းသပ်ဆော့ကစား၍ရနိုင်ပြီဖြစ်ပါတယ်” ဟူ၍ Netflix မှ ပြောရေးဆိုခွင့်ရသူတစ်ဦးက ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် “ယခုအချိန်ဟာ အစောပိုင်းစမ်းသပ်ဆဲကာလသာရှိသေးပြီး ကျွန်ုပ်တို့အနေနဲ့ လာမည့်လများအတွင်း ကျွန်ုပ်တို့ရဲ့ ကြော်ငြာများ၊ ဂိမ်းအတွင်းတွင် ထပ်မံဝယ်ယူရမှုများမရှိတဲ့ အကောင်းဆုံး gaming experience ကို အသုံးပြုသူများထံသို့ ဆောင်ကြဉ်းပေးနိုင်ဖို့အတွက် အကောင်းဆုံးကြိုးစားလျှက်ရှိနေပါတယ်” ဟူ၍လည်း ထိုသူမှ ထပ်လောင်းပြောကြားခဲ့ပါတယ်။
ဆော့ကစား၍ရရှိနိုင်မယ့် game များကို သင့် Netflix app ရဲ့ home feed တွင် တွေ့မြင်လာရမှာဖြစ်ပြီး Game Icon ကို tap ပြုလုပ်လိုက်ပါက ၎င်း game ရဲ့ အကြောင်း ဖတ်ရှုကြည့်နိုင်မှာဖြစ်ပြီး Download ပြုလုပ်လိုက်ပါက Google Play မှတဆင့် Dowload ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် Netflix ပေါ်တွင် ရရှိနိုင်မည့် Game များကို အသုံးပြုသူကိုယ်တိုင် Google Play ပေါ်တွင် သွားရောက်ရှာဖွေ၍လည်း ရနိုင်မှာဖြစ်ပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။