Tags: News-Netflix-Stories-Copyright-JobsInYangon
Netflix မှ နာမည်ကျော်စာရေးဆရာ Roald Dahl ရဲ့ ဇာတ်လမ်းများကို မူပိုင်ခွင့်နှင့်တကွဝယ်ယူရန်စီစဉ်လျှက်ရှိ
Netflix မှ နာမည်ကြီးစာရေးဆရာတစ်ဦးဖြစ်သူ Roald Dahl ရဲ့ Roald Dahl Story Company (RDSC) နှင့် အဆိုပါစာရေးဆရာရဲ့ ထွက်ရှိခဲ့ပြီးစာအုပ်များဖြစ်တဲ့ Charlie and The Chocolate Factory, Maltilda နှင့် James and the Giant Peach အပါအဝင် ဂန္တဝင်စာအုပ်များကို ရုပ်ရှင်ရိုက်ရန်အသုံးပြုပိုင်ခွင့်(မူပိုင်ခွင့်) ကို ဝယ်ယူရန်စီစဉ်လျှက်ရှိနေပါတယ်။
လက်ရှိအချိန်မှာတော့ အဆိုပါသဘောတူညီချက်ရဲ့ အသေးစိတ်အချက်အလက်များကို သိရှိရခြင်းမရှိသေးပဲ (ဥပဒေကြောင်းအရ ခွင့်ပြုချက်မရသေးသော်လည်း) လွန်ခဲ့သော ၃ နှစ်ခန့်က Netflix မှ Dahl ရဲ့ ဇာတ်လမ်း ၁၆ ခုအတွက် မူပိုင်ခွင့်ကို ရယူနိုင်ဖို့ ကန်ဒေါ်လာ ဘီလျံနှင့်ချီ၍အသုံးပြုခဲ့ရကြောင်း Hollywood Reporter မှ သတင်းတစ်ပုဒ်အရ သိရှိခဲ့ရတဲ့အတွက် မည်သို့ပင်ဆိုစေကာမူ ယခုဝယ်ယူမှုဟာ Netflix ရဲ့ သမိုင်းတစ်လျှောက်တွင် အကြီးမားဆုံးဝယ်ယူမှုတစ်ခုဖြစ်လာနိုင်ချေရှိနေပါတယ်။
Netflix ရဲ့ ပူးတွဲ CEO Ted Sarandos နှင့် RDSC ရဲ့ Managing Director နှင့် Dahl ရဲ့ မြေးဖြစ်သူ Luke Kelly တို့ရဲ့ ပြောကြားချက်အရ Netflix ထံတွင် Dahl ရဲ့ဇာတ်လမ်းများအတွက် ကြီးမားတဲ့အစီအစဉ်များရှိနေပြီး animated နှင့် live action ရုပ်ရှင်များ၊ TV ဇာတ်လမ်းတွဲများ၊ စာအုပ်များ၊ ဂိမ်းများ၊ immersive experience များ၊ live theater များ၊ အခြားသော consumer product များနှင့် အခြားသောအရာများ” ကိုလည်းထုတ်လုပ်သွားဖို့အစီအစဉ်ရှိနေကြောင်း သိရှိရပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.