Tags: News-Netflix-Game-Streaming-JobsInYangon
Netflix မှ Video Game Streaming လုပ်ငန်းလောကအတွင်းဝင်ရောက်နိုင်ရန် စီစဉ်လျှက်ရှိနေ
Bloomberg မှ သတင်းများအရ လူသိများတဲ့ ရုပ်ရှင်နှင့် ဗီဒီယိုများကို streaming ပြုလုပ်၍ ကြည့်ရှုနိုင်စေရန် ဝန်ဆောင်မှုပေးထားတဲ့ Netflix ဟာ မကြာမှီတွင် Game Streaming Platform တစ်ခုအဖြစ်လည်း ဝန်ဆောင်မှုပေးနိုင်ရန် အစီအစဉ်များကို ပြုလုပ်လျှက်ရှိနေကြောင်း သိရှိရပါတယ်။
မကြာသေးမှီကပဲ Netflix ဟာ Mike Verdu ဟု အမည်ရတဲ့ ယခင် Oculus နဲ့ EA တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ Executive တစ်ဦးကို Game Development အတွက် Vice President ရာထူးနဲ့ ခေါ်ယူဌားရမ်းမှုပြုလိုက်ပြီပဲဖြစ်ပါတယ်။ Verdu ဟာ Facebook တွင် augmented နှင့် virtual reality game များအတွက် Vice President တစ်ဦးအနေနဲ့ တာဝန်ထမ်းဆောင်ဖူးခဲ့သူဖြစ်ပြီး Oculus Rift, Quest နှင့် Go တို့အတွက် developer များစွာနဲ့ အတူတကွအလုပ်လုပ်ခဲ့ဖူးသူတစ်ဦးဖြစ်သလို EA Mobile တွင်လည်း အကြီးအကဲတစ်ဦးအနေနဲ့ Star Wars: Galaxy of Heroes, SimCity BuildIt, Plants vs. Zombies နဲ့ Sims Free Play game များကို ထုတ်လုပ်ခဲ့တဲ့ studio များကို ကြီးကြပ်ခဲ့တဲ့ အတွေ့အကြုံများရှိသူ တစ်ဦးဖြစ်ပါတယ်။
လက်ရှိရရှိထားတဲ့ သတင်းများအရ Netflix ဟာ သူတို့ရဲ့ gaming team ကို မကြာမှီလများအတွင်း တဆင့်ပြီးတဆင့် တည်ဆောက်သွားဖို့ရှိနေပြီး လာမည့်နှစ်တွင် စတင်၍ streaming ပြုလုပ်ပြီး ထုတ်လွှင့်နိုင်ဖို့အတွက် ရည်ရွယ်ထားလျှက်ရှိနေပါတယ်။ ဒီ Streaming ကုမ္ပဏီကြီးအနေနဲ့ game access အတွက် လက်ရှိတွင် ဝန်ဆောင်မှုကြေးပိုယူဖို့အတွက် အစီအစဉ်မရှိသေးသော်လည်း အနာဂါတ်တွင် ပိုမိုများပြားတဲ့ content များရှိလာတဲ့အခါမှာတော့ Netflix ဟာ ဈေးတက်လာမလားဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း သိရှိရခြင်းမရှိသေးကြောင်း ဆိုထားခဲ့ပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.