Tags: News-Netflix-iOS-Games-JobsInYangon
Netflix မှ App Store မှတဆင့် ရယူဆော့ကစားနိုင်မည့် iOS game များကို
ယခုအခါ Netflix မှ Android ပေါ်တွင် mobile game များကို စတင်ထုတ်လွှင့်ပေးလျှက်ရှိနေပြီဖြစ်ပြီး နောက်ထပ်ကျန်ရှိနေသေးတဲ့မေးခွန်းတစ်ခုကတော့ iOS ပေါ်က ဂိမ်းကစားသူများအနေနဲ့ Apple ရဲ့ ပေါ်လစီစည်းမျဉ်းများဟာ ဒီလိုမျိုး all-in-one gaming ဝန်ဆောင်မှုများကို ဝင်ရောက်လာခွင့်မရှိစေရန် ကန့်သတ်ထားတဲ့အတွက် Netflix မှ ထုတ်လွှင့်လိုက်တဲ့ ဂိမ်းများကို ဘယ်လိုရယူဆော့ကစားနိုင်ကြမလဲ ဆိုတာပဲဖြစ်ပါတယ်။
Bloomberg ရဲ့ သတင်းတစ်ပုဒ်အရတော့ Netflix ဟာ ၎င်းတို့ရဲ့ဂိမ်းများကို iOS ပေါ်တွင် App Store ပေါ်မှတဆင့် တစ်ခုခြင်းစီလွှင့်တင်ပေးသွားဖို့ရှိနေကြောင်းသိရပြီး Netflix app အတွင်းမှာတော့ အဆိုပါ ဂိမ်းများကို download ရယူ၍ ဆော့ကစားနိုင်မှာမဟုတ်ဘူးလို့ သိရှိရပါတယ်။
Main Netflix app ဟာ ၎င်းတို့ရဲ့ app အတွင်းတွင် game catalog ကို ဝင်ရောက်ကြည့်ရှုနိုင်ခွင့်ကိုတော့ ပေးထားမှာဖြစ်သော်လည်း သင်ထည့်သွင်းထားတဲ့ ဂိမ်းတစ်ခုခုကို tap လုပ်လိုက်တာနဲ့ သီးသန့် app တစ်ခုကို launch ပြုလုပ်သကဲ့သို့ အလုပ်လုပ်မှာဖြစ်တယ်လို့ သိရှိရပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.