ချိတ်ဆွဲရန်စာတန်း: News-Therapeutic-Games-Company-JobsInYangon
Video game ကုမ္ပဏီအသစ်တစ်ခုမှ ကုထုံးတစ်ခုအနေဖြင့် အသုံးချနိုင်မည့် ဂိမ်းများကို develop ပြုလုပ်သွားရန် လုပ်ဆောင်လျှက်ရှိ
Devolver Digital ရဲ့ တည်ထောင်သူ Mike Wilson နှင့် Medical device ကျွမ်းကျင်သူ Ryan Douglas တို့ဟာ အတူတကွပူးပေါင်း၍ ကျန်းမာရေးအခြေအနေများကို ကုစားပေးနိုင်မည့် ဂိမ်းများကို develop ပြုလုပ်သွားရန် ရည်ရွယ်ထားသည့် DeepWell Digital Therapeutics ဟု အမည်ပေးထားသော video game ကုမ္ပဏီတစ်ခုကို တည်ထောင်ခဲ့ပါတယ်။ တည်ထောင်သူများရဲ့ ပြောကြားချက်အရ ၎င်းတို့ကုမ္ပဏီဟာ အခြားသောကုမ္ပဏီများရဲ့ ကုထုံးတစ်ခုအနေဖြင့်ဆောင်ရွက်ပေးနိုင်ခြေရှိသော ဂိမ်းများကိုလည်း အတည်ပြုဖော်ထုတ်ပေးသွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။
Video game များကိုအခြေခံသည့် tool များဟာ စိတ်ကျရောဂါနှင့် ADHD ကဲ့သို့သောရောဂါအခြေအနေများကို ကုစားပေးနိုင်ကြောင်း သုသေသနပြုလုပ်ချက်များကပြသလျှက်ရှိနေပါတယ်။ DeepWell Digital Theraputics ဟာ အဆိုပါလေ့လာတွေ့ရှိမှုများအပေါ် အခြေခံတည်ဆောက်သွားရန်အတွက် အစီအစဉ်များရေးဆွဲထားတာဖြစ်ပါတယ်။ “ဒီနေရာမှာ အံ့အားသင့်ဖွယ် များပြားသော စမ်းသပ်မှုများစွာကိုလည်း ပြုလုပ်ခဲ့ပြီးဖြစ်ကာ ကုထုံးတစ်ခုအနေဖြင့် ဆောင်ရွက်ပေးနိုင်စွမ်းရှိသော ဂိမ်းများလည်းရှိနေပြီးဖြစ်တယ်ဆိုတာကို ကျွန်ုပ်တို့ စတင်၍အသိအမှတ်ပြုလာရတော့မှာဖြစ်ပါတယ်” ဟု Douglas က ပြောကြားခဲ့ပါတယ်။
သူ့ရဲ့ ပြောကြားချက်အရ များသောအားဖြင့် therapy ကုထုံးတစ်ခုအဖြစ် အသုံးပြုမည့်ဂိမ်းများကို ကုထုံးတစ်ခုအဖြစ် စတင် ဒီဇိုင်းရေးဆွဲလေ့ရှိကြပြီး ပျော်ရွှင်ဖွယ်နှင့် စိတ်ဝင်စားဖွယ်ကောင်းသည့် gameplay လုပ်ဆောင်ချက်များဖြင့် ဖုံးအုပ်ထားတာဖြစ်ပါတယ်။ သို့သော် DeepWell ကတော့ developer များကို စိတ်ဝင်စားဖွယ်အကောင်းဆုံးသောနည်းလမ်းများဖြင့် ဂိမ်းများကို ဖန်တီးတည်ဆောက်စေပြီးမှ ကျန်းမာရေးအခြေအနေများကို မည်သို့ကူညီကုစားပေးနိုင်မလဲဆိုတာကို အဖြေရှာဖော်ထုတ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။