ချိတ်ဆွဲရန်စာတန်း: News-Nintendo-JoyCon-Stuck-JobsInYangon
Nintendo ကို ကနေဒါနိုင်ငံရှိ ဥပဒေရေးရာကုမ္ပဏီတစ်ခုမှ Joy-Con ပြဿနာကြောင့် တရားစွဲဆိုမှုပြုလုပ်ခဲ့
Nintendo ဟာ စတင်တည်ထောင်တဲ့အချိန်မှစတင်၍ တီထွင်ဆန်းသစ်မှုရှိတဲ့ Gaming Console များကို ထုတ်လုပ်ခဲ့တယ်ဆိုတာကို ကျွန်ုပ်တို့အားလုံးသိရှိထားပြီးသားဖြစ်မှာပါ။ ဒီအထဲမှာမှ လက်ရှိရေပန်းအစားဆုံးကတော့ Nintendo မှ နောက်ဆုံးထုတ်လုပ်ထားတဲ့ Gaming Console တစ်ခုဖြစ်တဲ့ Nintendo Switch, Switch Lite နဲ့ ထိုအရာနဲ့ပတ်သက်တဲ့အပိုပစ္စည်းတွေပဲဖြစ်ပါတယ်။
သို့သော်လည်း Switch တွင် လအနည်းငယ်သာအသုံးပြုရသေးသော်လည်း Joy Con ခလုတ်များကပ်တတ်တဲ့ ပြဿနာရှိနေပြီး ဒီအရာကြောင့်ပဲ Nintendo ထံသို့ကွန်ပလိန်းများ၊ တရားစွဲဆိုမှုများပြုလုပ်ခဲ့ကြတာလည်း မနည်းမနောရှိခဲ့ပြီးပြီပဲဖြစ်ပါတယ်။ ယခုအခါ ကနေဒါနိုင်ငံ၊ Quebec မြို့ရှိ Lambert Avocat ဟု အမည်ရတဲ့ ဒေသခံဥပဒေကုမ္ပဏီတစ်ခုမှလည်း သူတို့ထံသို့အလုပ်အပ်လာတဲ့ အမှုသည်တစ်ဦးရဲ့ကိုယ်စား 2018 ခုနှစ်ခန့်ကတည်းက စတင်ဖြစ်ပွားခဲ့တဲ့ Joy Con ခလုတ်များကပ်တတ်တဲ့ ပြဿနာအတွက် တရားစွဲဆိုမှုတစ်ရပ်ကို ထပ်မံပြုလုပ်ခဲ့ပါတယ်။
Lambert ဟာ “Quebec မြို့မှ Nintendo Switch နဲ့ Switch Lite gaming system များ၊ ဆက်စပ် Accessory များဖြစ်တဲ့ Job-Con, Nintendo Switch Pro controller များကို ဝယ်ယူသုံးစွဲခဲ့သူတိုင်းအတွက် လျော်ကြေးပေးသွားဖို့၊ အစားထိုးပစ္စည်းအလျော်ပေးဖို့” တောင်းဆိုခဲ့ပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။