Tags: News-NintendoSwitch-Nintendo-Pro-JobsInYangon
Nintendo Switch Pro နှင့် ပတ်သက်၍ Nintendo ကုမ္ပဏီအကြီးအကဲမှ မှတ်ချက်အချို့ပေးခဲ့
အမေရိကအတွက် Nintendo ရဲ့ ကုမ္ပဏီအကြီးအကဲဖြစ်သူ Dub Bowser မှ Upgrade ပြုလုပ်ထားတဲ့ Hardware နှင့် Nintendo Switch အကြောင်း သတင်းများကို ပြန်လည်ဖြေကြားမှုပြုလုပ်ခဲ့ပြီး အဆိုပါအဆင့်ကို ပြုလုပ်ဖို့အပေါ် ကုမ္ပဏီရဲ့ ထင်မြင်ယူဆချက်များကို ပြောကြားခဲ့ပါတယ်။
အင်တာဗျူးတစ်ခုအတွင်းတွင် Bowser အား ပိုမိုကြီးမားတဲ့ screen နှင့် dock ပြုလုပ်လိုက်သည့်အခါတွင် 4K Ultra HD ဖြင့်ပြသနိုင်မည့်စွမ်းဆောင်ရည်ရှိသော Nintendo Switch အသစ် ထွက်ရှိလာနိုင်ချေရှိ၊ မရှိအား The Washington Post မှမေးမြန်းကြည့်ခဲ့ပါတယ်။
“ကျွန်ုပ်တို့ဟာ နည်းပညာများကို အမြဲတမ်းစောင့်ကြည့်လျှက်ရှိနေပြီး အဆိုပါနည်းပညာများက gameplay အတွေ့အကြုံများကို မည်သို့ပိုမိုကောင်းမွန်အောင်ပြုလုပ်ပေးနိုင်မလဲဆိုသည်အား ကြံဆလျှက်ရှိနေပါတယ်။ ဒါဟာ နည်းပညာအဆင့်မြှင့်တင်မှုနဲ့ သက်ဆိုင်မှုမရှိပါဘူး။” “ဒီအရာက နည်းပညာတစ်ခုအနေနဲ့ gameplay အတွေ့အကြုံကိုသာ ပိုမိုကောင်းမွန်လာစေရန်အတွက် မည်ကဲ့သို့ပြုလုပ်၍ရနိုင်မလဲဆိုတာပဲဖြစ်ပါတယ်။ ပြီးနောက်တွင် အဆိုပါနည်းပညာကို မည်သည့်နေရာတွင်ထည့်သွင်းမှာလဲ? လက်ရှိ platform များပေါ်တွင် ထည့်သွင်းလိုသလား? ဒါမှမဟုတ် နောက်ထပ် platform တစ်ခုအတွက် ပြင်ဆင်ထားလိုသလား? ဒါတွေအပြင် ထိုအရာနဲ့ ပြုလုပ်ဖန်တီးပေးနိုင်တဲ့ မှန်ကန်ကောင်းမွန်တဲ့ gaming အတွေ့အကြုံဟာ ဘာဖြစ်မလဲ? အစရှိတဲ့အရာတွေကို ထည့်သွင်းစဉ်းစားရမှာဖြစ်ပြီး ကျွန်တော်တို့အနေနဲ့ ထိုအရာကို အမြဲတမ်းဆန်းစစ်လေ့လာလျှက်ရှိနေပါတယ်။” ဟူ၍ Bowser က The Washington Post ရဲ့ အမေးကို ဖြေကြားခဲ့ပါတယ်။
ထပ်မံ၍ Bowser က “Nintendo အနေနဲ့ Switch အပြင် အခြားသော ကိစ္စများကိုလည်း အာရုံစိုက်လျှက်ရှိနေကြောင်းနဲ့ သူတို့ရဲ့ Universal Studio နှင့် အကျိုးတူပူးပေါင်း၍ ကမ္ဘာတစ်လွှားတွင် Theme park များကို တည်ဆောက်နေမှုများနှင့်အတူ Mobile ဂိမ်းဈေးကွက်သို့ ချဲ့ထွင်ရန် ကြိုးစားနေမှုများကိုလည်း အသိပေးဖြေကြားခဲ့ပါသေးတယ်။”
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.