Tags: Knowledge-IT-New-Malware-JobsinYangon
NSA နှင့် FBI တို့က အသစ်တွေ့ရှိတဲ့ Linux Malware အသစ်ဟာ အမျိုးသားလုံခြုံရေးကိုထိပါးနိုင်သည်ဟူသည့် အသိပေးချက်တစ်ရပ်ကို အတူတကွထုတ်ပြန်ခဲ့
arstechnia.com မှတဆင့် Linux Malware အသစ်တစ်ခုအကြောင်း သတင်းတစ်ပုဒ်ကိုရရှိခဲ့ပါတယ်။ အဆိုပါသတင်းတွင် - ရုရှားနိုင်ငံရှိ ဟက်ကာများဟာ ယခင်ကတစ်ခါမှတွေ့ဖူးခြင်းမရှိတဲ့ Linux malware တစ်မျိုးကို အသုံးပြုကာ အရေးပါတဲ့ ကွန်ယက်များသို့ဖောက်ထွင်းဝင်ရောက်ပြီး လျှို့ဝှက်သတင်းအချက်အလက်များကို ခိုးယူခြင်းနှင့် အဖျက်အမှောင့် command များကိုပါပေးလျှက်ရှိသည်ဟု FBI နှင့် NSA မှ joint report တစ်ခုကိုထုတ်ပြန်ကာသတိပေးခဲ့တယ်ဟုဆိုပါတယ်။ အဆိုပါ Malware ၏အမည်ကတော့ Drovorub ပဲဖြစ်ပါတယ်။
Drovorub ဆိုသည်မှာ - “Drovo” = “သစ်သား” သို့မဟုတ် “ထင်း” ဟုအဓိပ္ပါယ်ရပြီး “rub” = “ခုတ်ခြင်း” သို့မဟုတ် “လဲကျခြင်း” ဟူ၍အဓိပ္ပါယ်ရပါသည်။ ထို့ကြောင့် တိုက်ရိုက်ဘာသာပြန်လျှင် “ထင်းခုတ်သမား” ဟု အဓိပ္ပါယ်ရသော်လည်း “Drova” ဆိုသည်မှာ ရုရှားစကားအရ “Driver” များကိုခေါ်သည့် ဗန်းစကားတစ်ရပ်လည်းဖြစ်နေပြန်သည့်အတွက် မြန်မာလိုဘာသာပြန်ကြည့်ပါက “(လုံခြုံရေး) Driver သတ်သူ” ဟူ၍ အဓိပ္ပါယ်ရပါသည်။
အာဏာပိုင်များက ပြောဆိုခဲ့သည်ကတော့ Drovorub malware ဟာ ယနေ့အချိန်မတိုင်မှီအထိ မတွေ့ဖူးခဲ့သေးသော full-featured tool kit တစ်ခုဖြစ်သည်ဟုဆိုပါတယ်။ ဒီ Malware ဟာ hacking ပြုလုပ်နေသည့်အဖွဲ့ တစ်ခုဖြစ်တဲ့ GRU, ရုရှားနိုင်ငံရဲ့ စစ်ဘက်ရေးရာ ထောက်လှမ်းရေးအေဂျင်စီ ရဲ့ command and control server များနှင့် ချိတ်ဆက်ထားတာကိုတွေ့ရှိခဲ့ပါတယ်။ အဆိုပါအဖွဲ့အစည်းဟာ လွန်ခဲ့သောဆယ်စုနှစ်အတွင်း လွန်စွာရဲတင်းပြီး ခေတ်ရှေ့ပြေးတဲ့ campaign များကိုဦးဆောင်ခဲ့ပြီး ထိုအရာများဟာ အမေရိကန်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကို ဆိုးဆိုးရွားရွားထိခိုက်စေခဲ့ပါတယ်။ သတင်းအပြည့်အစုံကို - ဤနေရာတွင်ဖတ်ပါ။
ဒီဆောင်းပါးလေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.