ချိတ်ဆွဲရန်စာတန်း: News-Nvidia-RTX-Graphic-Cards-JobsInYangon
Cryptocurrency Mining ပြုလုပ်သူများအတွက် အသုံးဝင်မှုနည်းပါးသွားစေရန်အတွက် Nvidia မှ သူတို့ရဲ့ Graphics Card များကို ပြောင်းလဲမှုပြုလုပ်ခဲ့
Ethereum cryptocurrency mining ပြုလုပ်လိုတဲ့ user များအတွက် အသုံးဝင်မှုပိုမိုနည်းပါးသွားစေရန်အတွက် နောက်ထပ်ထုတ်လုပ်သွားမည့် RTX 3080, 3070 နှင့် 3060 Ti graphics cards များကို ETH hash rate လျှော့ချသွားမှာဖြစ်ကြောင်း ၂၀၂၁ ခုနှစ်၊ မေလ ၁၉ ရက်နေ့တွင် Nvidia မှ ကြေငြာချက်တစ်ရပ်ကို ထုတ်ပြန်အသိပေးခဲ့ပါတယ်။
Nvidia ရဲ့ GeForce Marketing အကြီးအကဲဖြစ်တဲ့ Matt Wuebbling မှ “အဆိုပါ hash rate လျှော့ချခြင်းဟာ အသစ်ထုတ်လုပ်လာမည့် ကဒ်များအပေါ်တွင်သာသက်ရောက်မှုရှိမှာဖြစ်ပြီး lite hash rate ဟူသည့် label ပါဝင်လာမှာဖြစ်ပြီး အကယ်၍ ယခင်ထုတ်လုပ်ခဲ့တဲ့ RTX 30 စီးရီးမှ graphics card များကို ကံကောင်းစွာနဲ့ ဝယ်ယူရရှိခဲ့တယ်ဆိုရင်တော့ ဒီ hash rate လျှော့ချမှုဟာ သင့်အပေါ်သက်ရောက်နိုင်မှာမဟုတ်ပါဘူး။” ဟူ၍ blogpost တစ်ခုတွင် ရေးသားထားခဲ့ပါတယ်။
Nvidia ရဲ့ အဆိုအရ lite hash rate label ပါဝင်လာမည့် RTX 3080, 3070 နှင့် 3060 Ti ကဒ်များကို မေလအကုန်ခန့်တွင် စတင်၍တင်ပို့သွားမှာဖြစ်ပြီး “ဒီပြောင်းလဲမှုအဆင့်ဟာ GeForce ရဲ့ ကဒ်များကို နေရာအနှံ့အပြားရှိ gamer များရဲ့ လက်တွင်းသို့ ဈေးနှုန်းချိုသာစွာဖြင့် ရောက်ရှိလာစေနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟူ၍လည်း Weubbling မှ ရေးသားခဲ့ပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။