ချိတ်ဆွဲရန်စာတန်း: News-NVIDIA-Acquisition-DeepMap
NVIDIA မှ DeepMap အားဝယ်ယူရန်စီစဉ်လျှက်ရှိကြောင်းကြေငြာ
သတင်းများအရ NVIDIA ဟာ DeepMap ကိုဝယ်ယူလျှက်ရှိကြောင်း ကြေငြာခဲ့ပါတယ်။ DeepMap ဟာ အလိုအလျှောက်မောင်းနှင်နိုင်သောကားများအတွက် မြင့်မားတိကျတဲ့ မြေပုံနည်းပညာကိုပြုလုပ်ပေးလျှက်ရှိနေသော ကုမ္ပဏီတစ်ခုပဲဖြစ်ပါတယ်။
DeepMap ဟာ မြင့်မားသောတိကျမှုရှိတဲ့ မြေပုံများကို ပြုလုပ်ပေးနိုင်စွမ်းရှိနေပါတယ်။ မီတာအနည်းငယ်သာ ကွာဟချက်ရှိသည့်မြေပုံများဟာ တစ်ဆင့်ချင်းစီ လမ်းညွှန်ပြသပေးမည့် GPS လမ်းညွှန်များအတွက်တော့ အဆင်ပြေမှာဖြစ်သော်လည်း အလိုအလျှောက်မောင်းနှင်မည့်ယာဉ်များအတွက်တော့ ပိုမိုမြင့်မားစွာတိကျမှုရှိတဲ့ မြေပုံများကိုလိုအပ်မှာဖြစ်ကြောင်းကိုလည်း NVIDIA မှ ထောက်ပြခဲ့ပါတယ်။
“အလိုအလျှောက်မောင်းနှင့်မယ့်ကားများအတွက် စင်တီမီတာခန့်သာ ကွာဟမှုရှိသည့် တိကျမှုဖြင့် operate ပြုလုပ်နိုင်ရန်လိုအပ်မှာဖြစ်ပါတယ်။ ဒါမှသာ AV ယာဉ်တစ်စီးဟာ အလိုအလျှောက်လမ်းကြောင်းရှာဖွေမှုများကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။” ဟူ၍ NVIDIA မှ blogpost တစ်ခုတွင် ရေးသားခဲ့ပါတယ်။ အလားတူပဲ “မကြာခဏ update များပြုလုပ်ပေးဖို့ဟာလည်း အဓိကကျပါတယ်၊ ဒါမှသာ မြေပုံများဟာ “လက်ရှိလမ်းမပေါ်ရှိအခြေအနေများနှင့် ထပ်တူကျနေမှာဖြစ်ပြီး ဥပမာ - လမ်းပြင်ဆင်နေသည့်နေရာများ၊ လမ်းပိတ်ထားခြင်းများကို ထင်ဟပ်ပြသနိုင်မှာဖြစ်ပါတယ်။” ဟူ၍လည်း NVIDIA မှ ပြောဆိုခဲ့ပါသေးတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။