Tags: News-Oracle-Interest-TikTok-JobsInYangon
အမေရိကန်နိုင်ငံအတွင်းတွင် TikTok ကိုရယူနိုင်ဖို့အတွက် Oracle က စိတ်ဝင်စားကြောင်းပြသခဲ့
Donald Trump က ပြီးခဲ့တဲ့ရက်သတ္တပတ်များက TikTok ကို အမေရိကန်နိုင်ငံတွင် အသုံးပြုခွင့် ပိတ်ပင်သွားမယ်လို့ ကြေငြာခဲ့ပါတယ်။
TikTok ရဲ့ activity များကို အမေရိကန်နိုင်ငံကကုမ္ပဏီတစ်ခုခုက ဝယ်ယူလိုက်မှသာ ဒီအဖြစ်အပျက်ကို ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။ ယခုအခါမှာတော့ Oracle က ထိုသို့ဝယ်ယူဖို့ သူတို့အနေနဲ့ စိတ်ဝင်စားကြောင်းကိုပြသလိုက်ပြီပဲဖြစ်ပါတယ်။
British Financial Times ရဲ့သတင်းများအရ အမေရိကန် software ကုမ္ပဏီတစ်ခုဖြစ်တဲ့ Oracle ဟာ TikTok ရဲ့ activity များကို အမေရိကန်၊ ကနေဒါ၊ ဩစတေးလျနဲ့ နယူးဇီလန် နိုင်ငံများတွင် လက်လွှဲရယူနိုင်ဖို့ကို စိတ်ဝင်စားနေပါတယ်။ Microsoft နဲ့ Twitter ကလည်း ဒီကိစ္စကို စိတ်ဝင်စား ကြောင်း ယခင်ကပြောကြားခဲ့ဖူးပါတယ်။ TikTok ကို operate ပြုလုပ်နေတဲ့ တရုတ်ကုမ္ပဏီ Byte Dance ဟာ သူတို့ရဲ့ဆုံးဖြတ်ချက်ကို မြန်နိုင်သမျှ မြန်မြန်ချမှတ်ရတော့မှာဖြစ်ပါတယ်။ အကယ်၍ ဒီလိုမှမလုပ်ဘူးဆိုရင်တော့ အမေရိကန်သမ္မတ Donald Trump က ဒီ application ကို အမေရိကန်နိုင်ငံအတွင်း အသုံးပြုမှုကိုပိတ်ပင်တော့မှာဖြစ်ပါတယ်။ Washington က အမျိုးသား လုံခြုံရေးကိုထိခိုက်လာနိုင်သည့်အချက်များအပေါ် ပြီးခဲ့တဲ့ရက်သတ္တပတ်များက ဆွေးနွေးခဲ့ပါတယ်။ သူတို့ရဲ့ပြောကြားချက်အရ ဒီတရုတ် application ကိုအသုံးချပြီး တရုတ်အစိုးရ က အမေရိကန်ပြည်သူတွေရဲ့ သတင်းအချက်အလက်တွေကို ရယူနေနိုင်တယ်လို့ယူဆနေပါတယ်။ တစ်ချိန်တည်းမှာပဲအမေရိကန်နိုင်ငံအတွင်း TikTok ကို အသုံးပြုသူပေါင်း သန်း ၁၀၀ ကျော်ရှိနေပြီး TikTok ဟာ အမေရိကန်နိုင်ငံအတွင်း ပထမဆုံးခြေကုပ်ယူနိုင်ခဲ့တဲ့ တရုတ် application တစ်ခုလဲ ဖြစ်နေပြန်ပါတယ်။ တစ်ကမ္ဘာလုံးတွင် TikTok ကိုအသုံးပြုနေသူပေါင်း သန်း ၈၀၀ ခန့်ရှိနေပြီး အများအားဖြင့် ဆယ်ကျော်သက်လူငယ်များက ဒီ application ကို Facebook ထက်ပိုပြီး အသုံးပြုနေကြပါတယ်။
ဒီဆောင်းပါးလေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.