by SiThu Aung
Tags: မဇ္ဇိမ နှင့် jobless တို့၏ မီဒီယာ မိတ်ဖွဲ့မှုအထိမ်းအမှတ်အဖြစ် ထွက်ပေါ်လာသော ကံထူးရှင်
ရန်ကုန်၊ နိုဝင်ဘာ ၁၉၊ ၂၀၁၅။ မဇ္ဇိမ နှင့် jobless တို့၏ မီဒီယာ မိတ်ဖွဲ့မှုအထိမ်းအမှတ်အဖြစ် ipod ကံထူးရှင်တစ်ဦးပေါ်ထွက်လာခဲ့ပြီဖြစ်သည်။ ထိုကံထူးရှင်သည် jobless တွင် အလုပ်လျှောက်လွှာ တင်ထားသည့် (CV) လျှောက်လွှာပေါင်း ၃ သောင်း ကျော်ထဲမှ ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။ ထိုကံထူးရှင်မှာ လက်ရှိတွင် ကုမ္ပဏီတစ်ခု၌ ဧည့်ကြိုနှင့် တယ်လီဖုန်း အော်ပရေတာအဖြစ် တာဝန်ထမ်းနေသူ မဝင်းဝင်းမော် ဖြစ်သည်။ ယခုလို ကံထူးရှင်ကို ရွေးချယ်၍ ဆုချီးမြင့်နိုင်ခြင်းသည် www.jobless.com.mm နှင့် မဇ္ဇိမ မီဒီယာတို့၏ မီဒီယာမိတ်ဖက်အဖြစ် ပေါင်းစည်းနိုင်မှု၏ သင်္ကေတ တစ်ခုဖြစ်သည်။
ယခုလို ကံထူးရှင်အဖြစ်ရွေးချယ်ခံခဲ့ရသည့် မဝင်းဝင်းမော် ကလည်း "ကျွန်မ အင်တာနက်ပေါ်ကနေ အလုပ်လျှောက်တဲ့ ကိစ္စကို အခုမှ လျှောက်ဖူးတာပါ။ အခုလက်ရှိ အလုပ်တစ်ဖက်နဲ့ဆိုတော့ လူကိုယ်တိုင်သွား မလျှောက်နိုင်တဲ့အခါ ဒီလို အင်တာနက်ကနေ လျှောက်ရတာ အဆင်ပြေပါတယ်။" ဟုဆိုသည်။ မဝင်းဝင်းမော်သည် ယခင်က အလုပ်များကို သတင်းစာ၊ ဂျာနယ်များမှသာ လျှောက်ဖူးခဲ့သူဖြစ်သည်။ ယခု Jobless တွင် အလုပ်လျှောက်ပြီး တစ်ပတ်ခန့်အကြာတွင် ယခုလို ကံထူးရှင်အဖြစ် ရွေးချယ်ခံရခြင်းဖြစ်သည်။
ယခုလို jobless နှင့် မဇ္ဇိမတို့၏ မီဒီယာ ပေါင်းစည်းမှု အထိမ်းအမှတ်အဖြစ် ပေါင်းစည်းနိုင်မှုကြောင့် မဇ္ဇိမ မီဒီယာ၏ website မှ အလုပ်အကိုင်များကို ဝင်ရောက်လျှောက်ထားနိုင်သလို၊ လုပ်ငန်းရှင်များကလည် ဝန်ထမ်းခေါ်ဆိုမှုများကို မဇ္ဇိမ၏ အင်တာနက်စာမျက်နှာမှ တဆင့် ခေါ်ဆိုနိုင်ပြီဖြစ်သည်။
Jobless.com.mm တွင် အလုပ်လျှောက်သူများအားလုံးအတွက် အလျဉ်းသင့်သလို အမှတ်တရ ဆုလက်ဆောင်များကို ထပ်မံချီးမြင့်သွားမှာဖြစ်သလို jobless ၏ CEOဖြစ်သူ Vladimir Neduchal ကလည်း
"ကျွန်တော်တို့ ကုမ္ပဏီအပေါ် ယခုလိုစိတ်ဝင်တစားနဲ့ အလုပ်လျှောက်လွှာတင်ပြီး အလုပ်လျှောက်နေကြတာ တွေ့ရတော့ တော်တော်ဝမ်းသာမိသလို ကတိလည်းပြုချင်ပါတယ်။ အလုပ်လျှောက်သူအားလုံးနဲ့ သင့်တော်မယ့် အလုပ်တွေကို ရအောင်လို့လည်း Jobless က ဝန်ထမ်းတွေက ကြိုးစားပေးနေပါတယ်။ ဒါကြောင့် ဘယ်အချိန်မဆို အလုပ်လိုအပ်လာခဲ့ရင် ကျွန်တော်တို့နဲ့ ဆက်သွယ်ဖို့ တိုက်တွန်းပါရစေ။ ကျွန်တော်တို့ဆီကနေ အလုပ်လျှောက်သူတွေအတွက် ဝန်ဆောင်မှုအားလုံးကို အခမဲ့ရယူနိုင်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။" ဟု ကြေညာခဲ့သည်။
Jobless သည် အလုပ်လျှောက်သူများအတွက် ဆုမဲလက်ဆောင် အစီအစဉ်များစွာကို ဖန်တီးပေးရန် စီစဉ်ထားပြီး ယခုလက်ရှိတွင်လည်း jobless lucky wheel ကို jobless နှင့် မိတ်ဖက်ပြည်တွင်းမီဒီယာ website များမှ ဝင်ရောက်ကစားနိုင်နေပြီဖြစ်ကြောင်း သိရသည်။
www.jobless.com.mm
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.