Jobs In Myanmar
Load...

Performance Management ကို HR Management Concept တစ်ခုအနေနဲ့ ရှုမြင်ခြင်း

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: Knowledge-HRM-Performance-Management-JobsInYangon



Performance Management ကို HR Management Concept တစ်ခုအနေနဲ့ ရှုမြင်ခြင်း 

 

အကဲဖြတ်ကြည့်ရှုခြင်း၊ ပြန်လည်စစ်ဆေးကြည့်ရှုခြင်းများနဲ့ အဆင့်သတ်မှတ်ချက်များအကြောင်းကို ပြောဆိုလိုက်တာနဲ့ ဒီအရာဟာ အတွေ့အကြုံရှိပြီးသား လုပ်ငန်းကျွမ်းကျင်သူများကိုတောင်မှ စိတ်ရှုပ်ထွေးမှု၊ ပျော်ရွှင်မှုတို့ကို တူညီစွာ ပေးစွမ်းနိုင်တဲ့အရာတစ်ခုဖြစ်ပါတယ်။ အချို့သောသူများအတွက်တော့ ဒီအခြေအနေများတွင် သူတို့အနေနဲ့ ပြန်လည်စစ်ဆေးမှု (review) အပြီးတွင် ပြုံးရွှင်စွာထွက်လာနိုင်ကြမှာဖြစ်သော်လည်း အချို့သောသူများအတွက်မှာတော့ ဒီလုပ်ငန်းစဉ်အကြောင်းကို ပြန်တွေးလိုက်တာနဲ့ ခေါင်းကိုက်စရာတွေနဲ့တွေ့ကြုံလာရနိုင်ပါတယ်။ ဒီတော့ performance management နဲ့ပတ်သက်လာရင် ဘာကြောင့် အလွန်အရေးကြီးမှု၊ အရေးပါမှု ရှိနေရတာလဲဆိုတာကို ကြည့်ရှုလိုက်ရ အောင်။ ကနဦးအနေနဲ့ performance management ဆိုသည်မှာ ဝန်ထမ်းတစ်ဦးရဲ့ စွမ်းဆောင်ရည်ကို သက်ဆိုင်ရာ နှစ်အတွင်း (သို့) စက်ဝန်းတစ်ခုအတွင်းပြန်လည်စစ်ဆေးခြင်းနှင့် သူ/ သူမနဲ့ လုပ်ငန်းတူ professional များနဲ့ နှိုင်းစာလျှင် ထိုသူဟာ ဘယ်နေရာသို့ရောက်နေပြီလဲဆိုတာကို ပြန်လည်စစ်ဆေးခြင်းလုပ်ငန်းစဉ်တစ်ရပ်ပဲဖြစ်ပါတယ်။ 

ရလာဒ်များကို ပြန်လည်စစ်ဆေးခြင်းလုပ်ငန်းစဉ်နှင့် rating သတ်မှတ်ခြင်း၊ ထို့နောက် အပိုဆုကြေးငွေ (သို့) လစာငွေတိုးမြှင့်ပေးမှုအပေါ် ဆုံးဖြတ်ခြင်းဟာ performance management ရဲ့ အဓိကလုပ်ဆောင်ချက်ပဲဖြစ်ပါတယ်။ ဒီ အကြောင်းအရာအပေါ်ဆွေးနွေးမှုမပြုမှီတွင် ဒီဆုံးဖြတ်ချက်ချတဲ့ process တွင် ဘယ်အရာများပါဝင်နေသလဲနဲ့ ဘယ်သူတွေ ပါဝင်နေသလဲဆိုတာကို သိရှိနားလည်နိုင်ဖို့အတွက် ဆက်လက်ဖတ်ရှုကြည့်ကြရအောင်။ 

ယျေဘူယျအားဖြင့် performance management process ဟာ appraisal cycle မပြီးဆုံးမှီ တစ်လ (သို့) နှစ်လအလိုတွင် စတင်လေ့ရှိပါတယ်။ Appraisal cycle ဟာ organization ရဲ့ ပေါ်လစီစည်းမျဉ်းများအပေါ်မူတည်၍ တစ်နှစ် (သို့) နှစ်ဝက် တစ်ကြိမ်ကျင်းပနိုင်ပါတယ်။ ထို့အပြင် appraisal cycle ကို ပြက္ခဒိန်နှစ်အရသော၎င်း၊ ဘဏ္ဍာငွေနှစ်အရသော်၎င်း ကျင်းပနိုင်ပါသေးတယ်။ ထို့ကြောင့် ဒီ appraisal cycle ကို လာမည့်နှစ် April မှ March လအထိသော်၎င်း၊ တူညီသောနှစ် ရဲ့ January မှ December အတွင်းတွင်သော်၎င်း ကျင်းပနိုင်ပါတယ်။ တစ်ခါတစ်ရံတွင် နှစ်ဝက်လျှင်တစ်ကြိမ်လည်း ကျင်းပနိုင်ပါသေးတယ်။ 


Appraisal process တစ်ခုတွင် မတူညီသော အဆင့်များရှိနေပါတယ် - 

၁။ ပထမအဆင့်တွင် ဝန်ထမ်းစွမ်းဆောင်ရည်အကဲဖြတ်ရာ၌ ပါဝင်ကြမည့်သူများဟာ ဝန်ထမ်းများနဲ့ သူ/သူမတို့ရဲ့ မန်နေဂျာ ဖြစ်ပါတယ်။ ဒီအဆင့်တွင် ဝန်ထမ်းကို မိမိကိုယ်ကိုအကဲဖြတ်မှုပြုလုပ်စေဖို့ အခွင့်အရေးပေးအပ်ပြီးနောက်တွင် မန်နေဂျာမှ ထိုဝန်ထမ်းရဲ့ လုပ်ငန်းစွမ်းဆောင်ရည်ကို ရိုးသားစွာ၊ ပွင့်လင်းစွာအကဲဖြတ်မှုပြုလုပ်ပေးရမှာပဲဖြစ်ပါတယ်။ 
 

၂။ ဒုတိယအဆင့်တွင်တော့ မန်နေဂျာနဲ့ ထိုမန်နေဂျာရဲ့အထက်လူကြီးတို့ ပါဝင်မှာပဲဖြစ်ပါတယ်။ ဒီအဆင့်ဟာ အများအားဖြင့် အဆင့်သတ်မှတ်ချက်တစ်ခုတွင် အဆိုပါဝန်ထမ်းက မည်သည့်နေရာတွင်ရှိနေသည်ကို ဆုံးဖြတ်ရခြင်းနှင့် သူ/ သူမနဲ့ သက်မွေးဝမ်းကျောင်းမှုတူသောသူများနှင့်နှိုင်းယှဉ်ကြည့်ခြင်းဖြစ်ပါတယ်။ ထိုသို့ ဝန်ထမ်းတစ်ဦးရဲ့ လုပ်ငန်းစွမ်း ဆောင်ရည်ကို အခြားသောသူများနဲ့တိုင်းတာခြင်းလုပ်ငန်းစဉ်ကို “normalization” ဟု ခေါ်ဆိုကြပါတယ်။ အချို့သော organization များတွင် ဒီအရာကို တတိယအဆင့်တွင်လုပ်ဆောင်ကြပြီး HR မန်နေဂျာဟာလည်း ပါဝင်ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ မည်သို့ပင်ဆိုစေကာမူ ဒီအဆင့်သတ်မှတ်ချက်များဟာ HR manager ရဲ့ သဘောတူညီမှုမပါဝင်ပဲ ဆုံးဖြတ်၍ မရနိုင်ပါဘူး။ ဒီအဆင့်များပြီးဆုံးပြီးနောက်တွင်တော့ အပိုဆုကြေးငွေပမာဏနှင့် လစာတိုးမြှင့်မှုကို အဆုံးအဖြတ်ပေးသွားမှာပဲ ဖြစ်ပါတယ်။ 
 

အပေါ်ကစာပိုဒ်များတွင် ဖော်ပြသွားခဲ့တဲ့အရာများဟာ ဒီစနစ်တစ်ခုအနေနဲ့ အလုပ်လုပ်သင့်တဲ့ပုံစံပဲဖြစ်ပါတယ်။ သို့သော်လည်း မည်သည့် HR professional ကမဆိုနှင့် လုပ်ငန်းခွင်ဆိုင်ရာ မဂ္ဂဇင်းများမှ သင့်ကိုပြောဆိုခဲ့သလိုပဲ ဒီ performance management process တွင် လိုအပ်နေသည့်အချက်များ များစွာကျန်ရှိနေပါသေးတယ်။ လက်တွေ့တွင် စစ်တမ်းကောက်ယူချက်များနှင့် လေ့လာမှုများပြုလုပ်ရာတွင် organization များမှ ထွက်ခွာသွားတဲ့ ဝန်ထမ်းအများစုဟာ သူတို့ရဲ့ အဆင့်သတ်မှတ်ချက်များတွင် ခြားနားမှုများရှိနေတဲ့အတွက် ထိုသို့ ထွက်ခွာသွားကြတာဖြစ်သည်ကို တွေ့ရှိခဲ့ရပါ တယ်။ အခြားတစ်နည်းအားဖြင့်ဆိုရသော် များစွာသောကိစ္စရပ်များတွင် လုပ်ငန်းစွမ်းဆောင်ရည်များကို ဖိအားများအစဉ် မပြတ်ပေးနေခြင်းကြောင့် လျော့ကျစေခြင်း (attrition ဖြစ်ခြင်း) ဟာ performance management ကိုစီမံခန့်ခွဲပုံ အမှားများကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ တိုက်ရိုက်အကျိုးသက်ရောက်မှုရှိစေတဲ့ ဆိုးကျိုးတစ်ခုပဲဖြစ်ပါတယ်။ 

ဒီအရာတွေ ဘာကြောင့်ဖြစ်လာရသလဲဆိုတဲ့မေးခွန်းကိုတော့ ကျွန်ုပ်တို့အနေနဲ့ ဒီလုပ်ငန်းစဉ်တွင်ပါဝင်လာမယ့် လုပ်ဆောင်ချက်များကို နားလည်သဘောပေါက်ထားပါက သင့်အနေနဲ့ ဒီမေးခွန်းရဲ့အဖြေကိုလည်း နားလည်သဘောပေါက် နိုင်မှာဖြစ်ပါတယ်။ ဥပမာအားဖြင့် - HR professional များနဲ့ ကျွမ်းကျင်သူပညာရှင်များက ပုဂ္ဂိုလ်ရေးဘက်လိုက်မှုများနဲ့ မလိုမုန်းထားမှုများကြောင့် ဒီလုပ်ငန်းစဉ်ကို ထိခိုက်မှုမရှိစေရန် တားမြစ်မှုများပြုလုပ်နေသည့်အကြားမှ များစွာသော ကိစ္စရပ်များတွင် အကယ်၍ မန်နေဂျာက ဝန်ထမ်းတစ်ဦးနဲ့ ကိစ္စရပ်များစွာတွင် သင့်မြတ်မှုရှိမနေပါက ဒီအကဲဖြတ်မှုနဲ့ အဆင့်သတ်မှတ်မှုများဟာ ဒီအမြင်မတူ၊ မသင့်မြတ်မှုတွေကို ဖွင့်ထုတ်ရာနေရာတစ်ခုဖြစ်လာနိုင်ပါတယ်။ ထို့အပြင် organization များအနေနဲ့လည်း အချို့သောကိစ္စရပ်များတွင် “normalization” လုပ်ငန်းစဉ်ဟာ “Winner Takes All” ပုံစံမျိုးဖြစ်နေတဲ့အတွက် သင့်တော်သောစွမ်းဆောင်ရည်ရှိသူများကိုပါ စွမ်းဆောင်ရည်ကောင်းမွန်မှုမရှိသူများနဲ့ တစ်တန်းတည်းထားလိုက်သလိုဖြစ်နေသောကြောင့်  ဝန်ထမ်းအချို့ ထွက်ခွာသွားရခြင်းတွင် organization များဟာလည်း အပြစ်မကင်းကြပါဘူး။ အခြားသောဘက်တွင်မူ performance management အတွက် ပိုမို၍ ဘက်စုံ ထောင့်စေ့သော ချဉ်းကပ်မှုတစ်ခုကို လိုအပ်နေပြီး ဝန်ထမ်းများရဲ့ ကွဲပြားတဲ့လိုအပ်ချက်တွေကိုထည့်သွင်းစဉ်းစားပေးနိုင်ဖို့နဲ့ မတူညီတဲ့ အလုပ်လုပ်ပုံများနဲ့ စိတ်အားတက်ကြွမှုရှိစေမည့်များကို ကျယ်ပြန့်စွာထည့်သွင်းစဉ်းစားနိုင်စေမယ့် ချဉ်းကပ်ပုံနည်းလမ်းတစ်ခုကို လိုအပ်လျှက်ရှိနေပါတယ်လို့ ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။ 

 

ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


United Paints Group (UPG) Co., Ltd.

United Paints Group (UPG) Co., Ltd.

United Paints Group Co.,Ltd. သည် ဝန်ထမ်းများအပေါ် - > ရသင့်ရထိုက်သော ခံစားခွင့်များ၊ ရပိုင်ခ...
Show the postings (12)
VPower Group Holdings Limited

VPower Group Holdings Limited

We provide career development and attractive remuneration package and fringe benefits to the right candidates.VPower Group are one of the world's leading large gen-set system integration providers and...
Show the postings (2)
GMO-Z.comACE Co.,Ltd.

GMO-Z.comACE Co.,Ltd.

Our mission is to contribute to the society by enriching the Internet experiences, creating new Internet cultures and industries, and bringing smiles and inspiration to our customers..GMO-Z.comACE, jo...
Show the postings (9)
MalarMyaing Public Company Limited

MalarMyaing Public Company Limited

To become a total solution provider in Myanmar Agribusiness and ultimately uplifting the well-being of every stakeholder in the whole industry. တောင်သူလယ်သမားများ...
Show the postings (18)
Tharaphu Soe Myint Company Limited

Tharaphu Soe Myint Company Limited

Under the leadership of the proprietor U Soe Myint and the assistance of the expertise knowledge of the technicians, the company works for the welfare of the local farmers and peasants.The aim of the ...
Show the postings (5)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS